သတင်း

အင်းတော်မှာ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ အင်းတော်ကထွက်လာတဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းထားတဲ့ အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ အင်းတော်တောင်ဘက် နန့်ကင်ရွာ၊ နားခါရွာ၊ကျော်ရွာ၊ မိုးယိုရွာစတဲ့ကျေးရွာ တွေဘက်ကို ဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်မြို့နေအသက် ၅၀ ကျော် အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့သုံးရက်လောက်ကနေထွက်လာကြတာပဲ မနေ့ညကတော့နန့်ကင်ရွာမှာအိပ်တယ်အခုလည်း ရှိနေတုန်းဟိုနေ့ကတော့ ကျော်ရွာဘက်ကိုသွားတယ်အဲ့လိုပဲ ဟိုဘက်က မိုးညှင်း ဘက်ကိုလည်းသွားတယ် အဲ့လိုပဲ အင်းတော်မြို့ကို ပတ်ခြာလည်လှည့်ပြီးသွားနေတာ ဒီကောင်တွေကလို့ အထက်ပါအမျိုးသားကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနေ့ညကတည်းက နန့်ကင်ရွာမှာတပ်စွဲနေသလို ဇန်နဝါရီလ ၁၄ ရက်နေ့က နားခါရွာ၊ ဇန်နဝါရီ ၁၃ရက်နေ့က နားနောင်ရွာ၊ ကျော်ရွာဘက်ကို ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်နေတာကြောင့်အရပ်သားတွေက ထွက်ပြေးတိမ်းရှောင်နေကတယ်လို့သိရပါတယ်။

သူတို့လာတဲ့သတင်းကြားတာနဲ့ရွာသားတွေက ရွာထဲမနေရဲတော့ဘူးတောတောင်တွေထဲ ပြေးနေရတာ သူတို့ပြန်သွားရင်တော့ပြန်ဝင်ကြတယ် အရင်လို အိမ်တွေဖျက်ဆီးတာတို့မီးရှို့တာတို့တော့မရှိတော့ဘူးတာပေမယ့်စစ်ကြောင်းနဲ့မတိုးမိအောင်တော့ပြေးနေကြရတယ်အင်းတော်မြို့နယ် အောင်ကုန်းရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေက ဇန်နဝါရီ ၁၄ ရက်နေ့က နားခါကျေးရွာထဲဝင်ရောက်ချိန် အမျိုးသားနှစ်ဦး စစ်ကြောင်းနဲ့တိုးတာကြောင့် ဖမ်းဆီးခံလိုက်ရပြီး အလားတူဖြစ်စဥ်မျိုးဖြစ်လာမှာကို စိုးရိမ်တာကြောင့်လက်ရှိ ကျော်ရွာ၊ မိုးယိုရွာ၊ နားခါရွာ၊ နားနောင်ရွာ၊ နန့်ကင်ရွာစတဲ့ကျေးရွာ နေပြည်သူတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

လက်ရှိ စစ်ကြောင်းဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရတဲ့ကျေးရွာတွေက အင်းတော်မြို့နဲ့  မိုင်ကျော်အကွာမှာရှိတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေဘက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တုန်းကလည်းစစ်ကြောင်းတွေဝင်ရောက်ခဲ့ဖူးတယ်လို့သိရပါတယ်။

အင်းတော်မြို့နယ်မှာတော့လက်ရှိစစ်ကောင်စစီစစ်သားတွေဟာ အင်းတော်မြို့တွင်းအထိုင်တပ်မှာတစ်နေရာ၊ အင်းတော်အထွက်နဘားလမ်းဆုံဂိတ်မှာတစ်နေရာနဲ့လက်ရှိစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်း တစ်ကြောင်းသာကျန်ရှိတော့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button