သတင်း

ဗန်းမော် အောက်ချောင်းဒေသဘက် စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထားခံရ

ဗန်းမော်ခရိုင် မံစီမြို့ ကောင်လွင်ကျေးရွာအပါအဝင် အောက်ချောင်းဒေသဘက်ပြေးဆွဲနေတဲ့ လိုင်းကားတွေကို စစ်ကောင်စီဘက် ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထားတယ်လို့ ကောင်လွင်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး  ရွှေကူလမ်းနဲ့ ဟန်ထက်လမ်းခွဲနေရာတွေမှာ ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက လိုင်းကားတွေကို ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့်ပိတ်ထားတာဖြစ်တယ်လို့ ကောင်ရွန်ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က ဆားလိုလို့ ကားသမားကိုမှာလိုက်တာ သူက ဆန်၊ဆားနဲ့ ကုန်ခြောက်တွေကို မသယ်ခိုင်းဘူးလို့ပြောတယ်။ ကားပေါ်မှာလိုက်စစ်တယ်တဲ့ အဓိကလိုတဲ့ ပစ္စည်းတွေကိုလိုင်းကားကနေဘဲမှာတာဆိုတော့ အခုလို မသယ်ခိုင်းတော့အားလုံးဒုက္ခရောက်တာပေါ့လို့ ပြောပါတယ်။

အခုလို ဆန်၊ ဆား၊ ဆီ သယ်ခွင့်ပိတ်လိုက်တဲ့အတွက် အောက်ချောင်းတစ်လျှောက်မှာရှိတဲ့ ဟန်ထက်ရွာ‌၊ မန်သာကျေးရွာ၊ သံတံတားကျေးရွာ၊ စီကော်ကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ ခါချဉ်ကျေးရွာ၊ ကောင်လွင်ကျေးရွာ  နမ့််ဟန်ကျေးရွာ၊ စီအူကျေးရွာဘက်မှာရှိတဲ့ ပြည်သူတွေဟာ ရေရှည်မှာ ခက်ခဲလာနိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ 

သူတို့အနေနဲ့ အခုလို ပိတ်ထားတာက ရေရှည်ဖြစ်လာမယ်ဆိုရင် အားလုံးက ခက်ခဲလာမယ်။ ဒုက္ခရောက်သွားနိုင်တယ် ပြီးတော့ အကုန်လုံးကကြောက်ရွ့နေကြတယ်လို့ ဆိုပါတယ်။

ဗန်းမော်ခရိုင် မံစီမြို့ အောက်ချောင်းတစ်လျှောက် ရွာပေါင်း ၁၀ ရွာထက်မနည်းရှိပြီး လူဦးရေ ထောင်ချီရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကေအိုင်အေ တပ်ရင်း ၁၂ ဒေသမှာရှိပြီး ဗန်းမော်ကနေရှမ်းပြည်နယ်သွားတဲ့ ကချင်– ရှမ်းအစပ် ဒေသတစ်ခုလည်းဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button