သတင်း

ရွှေကူနယ်မှာ စစ်ကောင်စီတပ်သား အလင်းဝင်လာသူ ၁၀ ဦးအထိရှိလာ

ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် ကချင်လွတ်လက်ရေးတပ်မတော် KIAနဲ့ ဒေသကာကွယ်ရေးတပ် LPDF ဆီ အလင်းဝင်ရောက်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဒီလထဲမှာကို ၁၀ ယောက်ရှိပြီလို့ အစုလိုက်ဝင်လာတာတော့မဟုတ်ဘူး။ တစ်ယောက်ချင်းစီဝင်လာတာ။ ဒီလ ၃ ရက်နေ့ နောက်ပိုင်းကနေ မနေ့ကအထိဝင်လာတဲ့သူရှိတယ် လက်နက်တွေတော့မပါဘူးလို့ ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကချင်နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ငအိုးတပ်၊ မိုးမိတ်တပ်နဲ့ ရွှေကူအခြေစိုက် ခလရ ၅၆ တပ်၊ ခမရ ၆၀၂ တပ်ထဲကစစ်သားတွေလို့သိရပြီး ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF  တပ်ခွဲ ၁ နဲ့ရွှေကူအနောက်ခြမ်း KIA တပ်ရင်း ၅ မှာ ဝင်ရောက်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကျွန်တော်တို့ ဒီအရှေ့ဘက်ခြမ်းတပ်ခွဲ ၁ မှာက ၆ ယောက် ရောက်လာတယ်။ ပြီးတော့ KIA ရင်း ၅ မှာက ၄ယောက် ရှိတယ်အားလုံးဆို ဆယ်လောက်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီစစ်သားတွေက တပ်သားအဆင့်ရှိတဲ့သူတွေသာဖြစ်ပြီး ရွှေကူအခြေစိုက် မလရ ၅၆ တပ်နဲ့ ခမရ ၆၀၂ တပ်ထဲက ၆ ဦး ၊ မိုးမိတ်တပ်နှင့်ငအိုးတပ်ထဲက ၄ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလတုန်းကလည်း မိုးမိတ်တပ်၊ ငအိုးတပ်နဲ့ရွှေကူအခြေစိုက် တပ်တွေထဲကနေ KIALPDF တွေဆီအလင်းဝင်လာတဲ့သူ ၁၀ ဦးကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button