သတင်း

ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်းအားသွင်းရင်း အသုံးပြုရာကနေ ဖုန်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ည  နာရီဝန်းကျင်လောက်မှာ ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲမှုကြောင့် ပေါက်ကွဲတာဖြစ်ပြီး  ဦး မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အရေပြားတွေလှန်သွားတယ်လို့ မျိုးဆက်သစ်လူမူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ကျွန်တော်တို့ရောက်တော့ လူနာက အောက်ရောက်နေပြီ၊ ပြောတာက ဖုန်းအားသွင်းရင်း ဖုန်းပေါက်ကွဲတယ်လို့ပြောတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ဖုန်းပေါက်ကွဲမှုကြောင့် ဖုန်းသုံးနေတဲ့အမျိုးသားက ဒဏ်ရာပြင်းထန်စွာရရှိထားပြီး သမီးနှစ်ယောက်ကတော့ မျက်နှာနဲ့ လက်တွေထိသွားပေမဲ့အခြေအနေတော့ မစိုးရိမ်ရဘူးလို့ ဆက်ပြောပါတယ်။

လက်ရှိ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားကတော့ ဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး အခြေအနေကတော့ တစ်ကိုယ်လုံးထိခိုက်ထားတာကြောင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်အသုံးပြုရာကနေ အခုလိုဖြစ်စဉ်တွေ၊ နေအိမ်မီးလောင်တာတို့အဖြစ်များလာတဲ့အတွက် ပြည်သူတွေအနေနဲ့ လျှပ်စစ်တွေကို အထူးဂရုစိုက် အသုံးပြုသင့်တယ်လို့ ဘူးဂါးလျှပ်စစ်က မန်နေဂျာ ဦးလအောင်က အခုလိုပြောပါတယ်။

လျှပ်စစ်မီးတွေက အကျိုးပြုသလို ဆိုးကျိုးလည်းပြုတာဖြစ်တဲ့အတွက် အသုံးပြုမယ်ဆိုရင် အမြဲသတိနဲ့ကြည့်ကြပါ၊ အပြင်ထွက်မယ်ဆိုရင် မီးခလုတ်တွေလည်း ပိတ်ထားပါ၊ ပြီးတော့ လျှပ်စစ်ပစ္စည်းတွေသုံးမယ်ဆိုရင်လည်း အရေအသွေးပြည့်မီတဲ့ဟာ၊ တရားဝင်ဖြစ်တဲ့ဟာတွေကိုသုံးသင့်ပါတယ်၊ အခုဒီဖုန်းပေါက်ကွဲတာက ဖုန်းနဲ့လည်းဆိုင်တယ် လို့ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ  ဝါယာရှော့ကြောင့် နေအိမ်တစ်လုံးမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

By – BU BU

Show More

Related Articles

Back to top button