KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jul- 2025 -
    17 July
    သတင်း

    စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီးလေးရာကျော်သေဆုံး

    နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆…

    Read More »
  • 17 July
    သတင်း

    စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်

    အာဏာသိမ်းစစ်‌ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက်…

    Read More »
  • 17 July
    သတင်း

    ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ

    ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင်…

    Read More »
  • 16 July
    သတင်း

    ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က…

    Read More »
  • 16 July
    သတင်း

    နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။…

    Read More »
  • 16 July
    သတင်း

    အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့…

    Read More »
  • 16 July
    သတင်း

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စီးနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီ နဲ့ ဆွတ်ငိုင်ယန်ကျေးရွာအနီးတဝိုက်ကို ဗုံးလာကြဲသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဗုံး ၂ ကြိမ်လာကြဲသွားတယ်။ ဖားကန့် စုပေါင်း သင်္ချိုင်းနေရာတစ်ဝိုက် မှော်စတင် သင်္ချိုင်းရဲ့ အောက်ဘက်ခြမ်းမှာ ကျကွဲတယ်တဲ့။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ၊ ဆွတ်ငိုင်ယန် အဲ့ဒီကျေးရွာ ၃ ခုဆုံတဲ့ နေရာကို လာကြဲသွားတာ”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။…

    Read More »
  • 16 July
    သတင်း

    ကားမိုင်း – ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး

    ကားမိုင်း – ဖားကန့်လမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ထားတဲ့ လမ်းပိုင်းနေရာတစ်ချို့ ရှင်းလင်းရေးဆောင်ရွက်ကာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ မြစ်ကြီးနား –  မိုးကောင်းဘက်ကနေ ဖားကန့်ကိုတက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတဲ့ ကားမိုင်း– မအူပင်ကျေးရွာအကျော် အွမ်ကထောင်ကျေးရွာကနေ နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ နန့်တိန့် အနီးတဝိုက်အထိ လမ်းကြောင်းအားလုံးကို ဒီကနေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်သိရသလောက်ဆို ဒီမနက်ကစပြီး လမ်းတွေဖွင့်ပြီ။ ကပ်မှော်၊ ဆိုင်းဖရာ တစ်ကြော တပ်ရင်း ၄၄ နေရာတဝိုက် မိုင်းရှင်းလင်းရေးတွေ လုပ်နေကြပြီ။ အထက်အမိန့်ကမနေ့ကရတယ်လို့ ကြားတယ်။ KIA ဘက်က ဂိတ်ထိုင်ပြီး အရမ်းကြီး စစ်ဆေးမေးမြန်းဖို့ အရမ်းကြီးတော့ လုပ်ဖို့ အနေအထားတော့မတွေ့ရဘူး။ အဓိကတော့ မှတ်ပုံတင်၊ ကိုယ်နေထိုင်တဲ့နေရာက အချက်အလက် ထောက်ခံစာပြရင် ရပြီလို့ထင်ပါတယ်”လို့ပြောပါတယ်။…

    Read More »
  • 15 July
    သတင်း

    KIO ထိန်းချုပ်နယ်မြေမှာ တစ်လတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးဖမ်းဆီးရမိ

    ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေမှာ ဇွန်လ…

    Read More »
  • 15 July
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က…

    Read More »
Back to top button