ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီတပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တို့အကြား ၂၀၂၁ ဇွန်လကစ ကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတာကြောင့် ဒေသခံ ပြည်သူများ အစားအသောက် ရိက္ခာတွေ ခက်ခဲကြပ်တည်း လာကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။ "အခက်အခဲကတော့ အသက်ဆက်ရှင်ဖို့ အရမ်းခက်လာတယ်။ စားဖို့သောက်ဖို့ တချို့တွေက ဆန်ပြုတ်ပဲ စားရမယ့် အခြေအနေဖြစ်နေပြီ။
မိုးတားလေး ဆိပ်ကမ်းမှ ကသာမြို့ဘက်သို့ စုန်ဆင်းထွက်ခွာလာသည့် စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘော ၃ စီး သည် ယနေ့ ညနေပိုင်း နှစ်နေရာ ဆက်တိုက်တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်မှ သိရသည်။ အဆိုပါသင်္ဘောသုံးစီးကို မွန်းလွဲပိုင်း ၃ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရေနီရွာနှင့် ဝဲကြီးရွာကြားတွင် ရှော့တိုက်ဒုန်း ၃ လုံးဖြင့် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် KPDF နှင့် အရိပ်မဲ့ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အဝင်
ဖားကန့် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းတစ်လျှောက် ၂နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၅ ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဖားကန့်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အဝင် ကချင်စုရပ်ကွက်အနီးတွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆
ကချင်ပြည်နယ် မြစ်ဆုံဒေသခံများမှ ဇွန်လ ၅ ရက်နေ့ကျရောက်သော World Environment Day အထိမ်းအမှတ်အဖြစ် မြစ်ဆုံအနီးတဝိုက် စက်ယန္တရားကြီးများဖြင့် အကြီးစားသယံဇာတတူးဖော်မှုများကို ရပ်တန့်ပေးရန် ယနေ့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံဒေသ တစ်လျှောက်တွင်ရှိသော ကျေးရွာ ၁၆ ခုမှ အမျိုးသမီးများ ၁၀၀ ကျော်ခန့်က ဝိုင်းမော်မြို့နယ် ဟန်းဘူကျေးရွာ (Hang Bu Mare) ရွှေတူးဖော်လိုက်သည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု အစီစဉ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် World Environment Day အထိမ်းအမှတ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် အပင်အမျိုးအစား ၃၀ ကျော်နှင့် အပင်ပေါင်း ၂၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အသီးအနှံအပင်အမျိုးအစားနှင့် ပန်းပင်အမျိုးအစား ၂ မျိုးကို စိုက်ပျိုးခဲ့ပြီး အသီးအနှံပင်အမျိုးအစားကို အဓိကစိုက်ပျိုးခဲ့ကြောင်း KIO စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ပြောပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၃နာရီ ဝန်းကျင်ခန့်တွင် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများမှ သိရသည်။ "ဟုတ်တယ် အသံမိုင်းလောက်ဘဲ လူထိခိုက်မူတော့ မရှိဘူး။ ခုလောလောဆယ်တော့ ရဲတွေအဲနားတစ်ဝိုက်စစ်ဆေးတာတွေ လုပ်နေတယ်" အနီး ပတ်ဝန်းကျင်မှ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းခွဲခဲ့သောအဖွဲ့မှာ ယမန်နေ့က စစ်ကောင်စီတပ်အောက် တာဝန်ထမ်းဆောင်နေသူများ တာဝန်မှ နှုတ်ထွက်ရန် သတိပေးထုတ်ပြန်ခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။ "ထုတ်ပြန်ချက်နဲ့လည်း သတိပေးထားပြီ
ပူတာအိုမြို့နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ယနေ့ည ၅နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန်ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ မိုင်းခွဲတိုက်ခိုက်မှုကို ခံရပြီး စစ်ကောင်စီဘက်က အထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် မှ ဆင်းလာခဲ့သော စစ်ကောင်စီ ယာဉ်တန်းကို ခင်ဒူယန်ကျေးရွာအကျော် ၂ မိုင်ခန့် ဝေးသော တောင်ကုန်းတစ်ခုတွင် KIA တပ်မဟာ ၁ ၊ တပ်ရင်း ၇
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ မန်ဝင်းကြီးဒေသဘက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အင်အားအလုံးရင်း ဝင်ရောက်လာပြီးနောက် နှစ်ဖက်အခြေအနေ တင်းမားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA တပ်တွေကို ရွှေလီမြစ်အရှေ့ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာဖို့ KIA ဘက်က ပြောဆိုနေသလို၊ TNLA ဘက်ကလည်း ၎င်းတို့လုပ်ဆောင်ရမယ့်တာဝန်ကို KIA က နားလည်မှု၊ အသိအမှတ်ပြုမှုဖြင့်
တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု Jahtu Zup ကျေးရွာအနီး ဘက်ဟိုး ၂ စီး မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် မှ KIA တပ်ရင်း ၁၄ ကို ခြိမ်းခြောက်စာပေးပို့ပြီး လက်ရှိ Jahtu Zup တစ်ဝိုက်တွင် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ အဆိုပါပြည်သူ့စစ်အဖွဲ့သည် အောင်ရာ နှင့် စံပြ ကျေးရွာ အနောက်ဘက်ခြမ်းရှိ ကိုင်းတောသို့ သွားသော လမ်းကြောင်းများကို
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဉ်အောက် အခြေခံပညာရေး အွန်လိုင်းစာသင်ကြားမယ့် အစီအစဉ်အတွက် မြို့နယ်တိုင်းမှာ ကျောင်းသားစာရင်းကောက်ခံနေပြီလို့ သိရပါတယ်။ “ကျနော်တို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ NUG အစိုးရ လမ်းညွှန်ချက်နဲ့အတူ အွန်လိုင်းကသွားဖို့ရှိပါတယ်။ ၂ နှစ်သာ ပညာရေးမှာ နစ်နာသွားတဲ့ကလေးတွေအတွက် ဒီနှစ်မှာ အဲ့ဒါတွေကို ပြန်ပြီးကုစားနိုင်အောင် ပြင်ဆင်ထားတယ်။ ကျောင်းက အခုလည်း လက်ခံနေတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းဖွင့်သွားဖို့ရှိပါတယ်။” ဟု မြစ်ကြီးနားမြို့နယ်