ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးသို့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများမှ သိရသည်။ ဇူလိုင်လ ၅ ရက် ည ၈နာရီဝန်းကျင်တွင် စစစ ရုံးအနီး စစ်ကားတစ်စီး ဝင်ရောက်လာချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦး ယခုလိုပြောသည်။ " ၈နာရီ မထိုးခင်ပေါက်ကွဲသံ၂ချက် အရင်ကြားရတယ်။ အဲနောက်တစ်ကြိမ်ထပ်ကွဲတာတော့ စစ်ကားတစ်စီး အဲ့ရုံးရှေ့မှာအရောက် ကွက်တိမိုင်းတစ်လုံးထပ်ကွဲသံကြီးကြားလိုက်တာ အိမ်တောင်တုန်သွားတယ်" ဟု
YouTube တွင် ဝင်ငွေရရှိရေးအတွက် စာဖတ်ပရိတ်ကို ဆွဲဆောင်နိုင်မည့် ‘ဇူလိုင် ၄ ရက်နေ့ ၁၀ နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ’ ဆိုသော သတင်းအမှား YouTube ဗီဒီယိုတစ်ခု ယနေ့ ထပ်မံ ပြန့်နှံနေပါသည်။ ပရိသတ် ၉ သောင်းနီးပါး (Subscriber 87.4 K) ရှိသော “အရေးတော်ပုံ ayaytawbon” Youtube Channel တွင် ၉ မိနစ်၊ ၆ စက္ကန့်ရှိသော ဗီဒီယိုတစ်ခုကို
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဥကရစ်ထ တိုက်ပွဲတွင် ကျဆုံးသွားသော PDF တော်လှန်ရေးရဲဘော် ၁၁၅ ဦး နှင့် ဒဏ်ရာရ ရဲဘော် ၂၇၄ ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ KNU အဖွဲ့အား ထိုင်းဘတ်ငွေ ၁ သန်း ထောက်ပံ့ခဲ့သည်ဟူသော ထုတ်ပြန်ချက်အတု ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် Telegram တွင် စစ်တပ်ထောက်ခံသူများကို ဖြန့်ဝေနေသည်ကို တွေ့ရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို Kyaw Swar
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် မိုးရေကို သောက်ရေသုံးရေ အဖြစ် အသုံးပြုနေရသောကြောင့် စစ်ရှောင်ပြည်သူအချို့ ဝမ်းပျက်သည့်ရောဂါ ခံစားနေကြရကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ မိုးရေကြီးချိန် စစ်ရှောင်စခန်းများတွင် ရေပိုက်လိုင်းများ ပြတ်တောက်နေသဖြင့် မိုးရေများကို ခံယူပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေသည်ဟု ဖွန်လွန်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ “ကျမတို့ စခန်းမှာ မိုးအရမ်းကြီးရင် ရေမထွက်တော့ဘူး။ ရေဗုံးအကြီးထဲ မိုးရေခံပြီး သုံးနေကြတယ်။
စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းတိုက်ပွဲတွင် ကျဆုံးသွားသည့် တော်လှန်ရေးရဲဘော် (၁၅) ဦး နှင့် ဒဏ်ရာရရှိ ရဲဘော် (၃၅) ဦးအတွက် တစ်အိမ်ထောင်လျှင် ၃၀၀၀၀ ကျပ်ထောက်ပဲ့ရန် အမျိုးသားညီ ညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွန်ကြားထားသည်ဆိုသည့် ကြေငြာချက်အတု လူမှုစာမျက်နှာပေါ်တွင် ပျံ့ နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို ‘သူရအောင်’ ဆိုသူက ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက ရေးသားဖြန့်ဝေခဲ့ပြီး ‘PDF. တကောင်
ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်များတွင် အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွား နေသဖြင့် ယခုလအတွင်း နွားအကောင်ရေ ၂၀၀ ကျော်ခန့် ရောဂါကူးစက်ခံထားရပြီး သေဆုံးမှု ၁၀ ကောင်ကျော်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ကူးစက်ရောဂါသည် ပူတာအိုဒေသတွင် ဇွန်လအတွင်း စတင်ကူးစက်ပျံနှံ့လာခြင်းဖြစ်သည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။ “နွားရဲ့ကိုယ်ပေါ်မှာ အဖုဖုလေးတွေ အရင်ဖြစ်လာတယ်။ အဲ့အဖုလေးတွေက ကြာလာရင် အကြီးကြီး ဖြစ်လာတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ရန်ကုန် နှင့် မန္တလေး သို့ ပြေးဆွဲနေသော မော်တော်ယာဥ်စီးခနှုန်းထားများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားတော့မည် ဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နားစခန်း မှ သိရသည်။ လတ်တလော မြစ်ကြီးနား မှ မန္တလေး အထိ ၂၈၀၀၀ ကျပ်၊မြစ်ကြီးနား မှ ရန်ကုန်အထိ ၃၈၀၀၀ သာ ရှိသော်လည်း
ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း စစ်တပ်ပိုင် Mytel ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဖုန်းအော်ပရီတာများအားလုံး၏ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်း တစ်ခုတည်းကိုသာ ပိတ်လိုက်ဖွင့်လိုက်ဖြင့်ပြုလုပ်နေပြီး ဧပြီလက ၁၀ ရက်ခန့်ကြာ ဖွင့်ပေးပြီး ပြန်ပိတ်သွားသည့်နောက် ယမန်နေ့က ပြန်လည် တဖန် ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ယမန်နေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၆ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် ၁၀၅ မိုင်ဘက်မှ နမ့်တောင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခမရ ၄၂၁ တပ်နှင့် MNDAA တပ်ရင်း ၅ တပ်တို့ နမ့်တောင်းရွာအနီး ဆွတ်ကြိုင်စက္ကူစက်ရုံနားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်း အခုလအတွင်းမှာပဲ လူအုပ်စုလိုက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ထားတဲ့ ဖြစ်စဉ် ၂ ခုအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်လတွေကတည်း လူသတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပျက်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ သဘောထားအမြင်ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဖားကန့်ဒေသမှာ လူသတ်မှုတွေ ခဏခဏဖြစ်နေတာတွေရှိတယ်၊ ဒီအခြေအနေတွေကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သုံးသပ်ပေးလို့ရမလား။ ဖြေ။ ဖားကန့်ရဲ့အနေအထားက တစ်ခြားနေရာတွေထက် အခုလိုဖြစ်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ပထမအချက်အနေနဲ့