,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

  1. Home
  2. Author Blogs

Author: KNG

KNG

တိုက်ပွဲ
နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ယမန်နေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၆ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် ၁၀၅ မိုင်ဘက်မှ နမ့်တောင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခမရ ၄၂၁ တပ်နှင့် MNDAA တပ်ရင်း ၅ တပ်တို့ နမ့်တောင်းရွာအနီး ဆွတ်ကြိုင်စက္ကူစက်ရုံနားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း
သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဖားကန့်မြို့နယ်အတွင်း အခုလအတွင်းမှာပဲ လူအုပ်စုလိုက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ထားတဲ့ ဖြစ်စဉ် ၂ ခုအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်လတွေကတည်း လူသတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပျက်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ သဘောထားအမြင်ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဖားကန့်ဒေသမှာ လူသတ်မှုတွေ ခဏခဏဖြစ်နေတာတွေရှိတယ်၊ ဒီအခြေအနေတွေကို  ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သုံးသပ်ပေးလို့ရမလား။ ဖြေ။ ဖားကန့်ရဲ့အနေအထားက တစ်ခြားနေရာတွေထက် အခုလိုဖြစ်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ပထမအချက်အနေနဲ့

သတင်း
တိုက်ပွဲ နှင့် ကိုဗစ်ကြား က တရုတ် နယ်စပ် စစ်ရှောင်များ၏ လူမှုဘဝ စိုးရိမ်မှုများ

တိုက်ပွဲ နှင့် ကိုဗစ်ကြား က တရုတ် နယ်စပ် စစ်ရှောင်များ၏ လူမှုဘဝ စိုးရိမ်မှုများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီတပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တို့အကြား ၂၀၂၁ ဇွန်လကစ ကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတာကြောင့် ဒေသခံ ပြည်သူများ အစားအသောက် ရိက္ခာတွေ ခက်ခဲကြပ်တည်း လာကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။ "အခက်အခဲကတော့ အသက်ဆက်ရှင်ဖို့ အရမ်းခက်လာတယ်။ စားဖို့သောက်ဖို့ တချို့တွေက ဆန်ပြုတ်ပဲ စားရမယ့် အခြေအနေဖြစ်နေပြီ။

တိုက်ပွဲ
ကသာ ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိ

ကသာ ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိ

မိုးတားလေး ဆိပ်ကမ်းမှ ကသာမြို့ဘက်သို့ စုန်ဆင်းထွက်ခွာလာသည့် ​စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘော ၃ စီး သည် ယနေ့ ညနေပိုင်း နှစ်နေရာ ဆက်တိုက်တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်မှ သိရသည်။ အဆိုပါသင်္ဘောသုံးစီးကို မွန်းလွဲပိုင်း ၃ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရေနီရွာနှင့် ဝဲကြီးရွာကြားတွင် ရှော့တိုက်ဒုန်း ၃ လုံးဖြင့် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် KPDF နှင့် အရိပ်မဲ့ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အဝင်

တိုက်ပွဲ
အင်းတော်ကြီးတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

အင်းတော်ကြီးတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ဖားကန့် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းတစ်လျှောက် ၂နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၅ ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဖားကန့်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အဝင် ကချင်စုရပ်ကွက်အနီးတွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆

သတင်း
မြစ်ဆုံမှာ စက်ယန္တရားဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ဆန္ဒဖော်ထုတ်

မြစ်ဆုံမှာ စက်ယန္တရားဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် မြစ်ဆုံဒေသခံများမှ ဇွန်လ ၅ ရက်နေ့ကျရောက်သော World Environment Day အထိမ်းအမှတ်အဖြစ် မြစ်ဆုံအနီးတဝိုက် စက်ယန္တရားကြီးများဖြင့် အကြီးစားသယံဇာတတူးဖော်မှုများကို ရပ်တန့်ပေးရန် ယနေ့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံဒေသ တစ်လျှောက်တွင်ရှိသော ကျေးရွာ ၁၆ ခုမှ  အမျိုးသမီးများ ၁၀၀ ကျော်ခန့်က ဝိုင်းမော်မြို့နယ် ဟန်းဘူကျေးရွာ (Hang Bu Mare) ရွှေတူးဖော်လိုက်သည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု အစီစဉ်

သတင်း
World Environment Day အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့တွင် အပင်ပေါင်း ၂၀၀၀ ကျော် စိုက်ပျိုး

World Environment Day အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့တွင် အပင်ပေါင်း ၂၀၀၀ ကျော် စိုက်ပျိုး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် World Environment Day အထိမ်းအမှတ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် အပင်အမျိုးအစား ၃၀ ကျော်နှင့် အပင်ပေါင်း ၂၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အသီးအနှံအပင်အမျိုးအစားနှင့် ပန်းပင်အမျိုးအစား ၂ မျိုးကို စိုက်ပျိုးခဲ့ပြီး အသီးအနှံပင်အမျိုးအစားကို အဓိကစိုက်ပျိုးခဲ့ကြောင်း KIO စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ပြောပါသည်။

သတင်း
မြစ်ကြီးနား သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီး အသံမိုင်းကွဲ

မြစ်ကြီးနား သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီး အသံမိုင်းကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၃နာရီ ဝန်းကျင်ခန့်တွင် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများမှ သိရသည်။ "ဟုတ်တယ် အသံမိုင်းလောက်ဘဲ လူထိခိုက်မူတော့ မရှိဘူး။ ခုလောလော‌ဆယ်တော့ ရဲတွေအဲနားတစ်ဝိုက်စစ်ဆေးတာတွေ လုပ်နေတယ်" အနီး ပတ်ဝန်းကျင်မှ ‌ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းခွဲခဲ့သောအဖွဲ့မှာ ယမန်နေ့က စစ်ကောင်စီတပ်အောက် တာဝန်ထမ်းဆောင်နေသူများ တာဝန်မှ နှုတ်ထွက်ရန် သတိပေးထုတ်ပြန်ခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။ "ထုတ်ပြန်ချက်နဲ့လည်း သတိပေးထားပြီ

သတင်း
စစ်ကောင်စီယာဉ်တန်း ပူတာအိုလမ်းတွင် ထပ်မံ တိုက်ခိုက်ခံရ

စစ်ကောင်စီယာဉ်တန်း ပူတာအိုလမ်းတွင် ထပ်မံ တိုက်ခိုက်ခံရ

ပူတာအိုမြို့နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ယနေ့ည ၅နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန်ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ မိုင်းခွဲတိုက်ခိုက်မှုကို ခံရပြီး စစ်ကောင်စီဘက်က အထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် မှ ဆင်းလာခဲ့သော စစ်ကောင်စီ ယာဉ်တန်းကို ခင်ဒူယန်ကျေးရွာအကျော် ၂ မိုင်ခန့် ဝေးသော တောင်ကုန်းတစ်ခုတွင် KIA တပ်မဟာ ၁ ၊ တပ်ရင်း ၇

သတင်း
KIA နယ်မြေထဲ TNLA ဝင်ရောက်လာပြီး စစ်ရေးတင်းမာမှုအခြေအနေ ဒေသခံတစ်ဦးဖြင့် မေးမြန်းချက်

KIA နယ်မြေထဲ TNLA ဝင်ရောက်လာပြီး စစ်ရေးတင်းမာမှုအခြေအနေ ဒေသခံတစ်ဦးဖြင့် မေးမြန်းချက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ မန်ဝင်းကြီးဒေသဘက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အင်အားအလုံးရင်း ဝင်ရောက်လာပြီးနောက် နှစ်ဖက်အခြေအနေ တင်းမားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA တပ်တွေကို ရွှေလီမြစ်အရှေ့ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာဖို့ KIA ဘက်က ပြောဆိုနေသလို၊ TNLA ဘက်ကလည်း ၎င်းတို့လုပ်ဆောင်ရမယ့်တာဝန်ကို KIA က နားလည်မှု၊ အသိအမှတ်ပြုမှုဖြင့်