လူထုအသံသတင်းအင်တာဗျူး

ကချင်ပြည်နယ်နေ့အပေါ် လူထုအမြင်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် တဆက်တည်း ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတာ နှစ်ပေါင်း ၇၆ နှစ်ကြာမြင့်လာပြီဖြစ်ပေမယ့် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံတဲ့ ကချင်ပြည်သူတွေတောင်းဆိုခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်တို့ဟာ ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်ပြည့် ကချင်ပြည်နယ်နေ့မှာ ကချင်နိုင်ငံရေးသုံးသပ်သူ၊ ကချင်လူငယ်တစ်ချို့ ဘာတွေပြောထားကြသလဲ၊ KNG သတင်းဌာနက စုစည်းဖော်ပြပေးလိုက်ပါတယ်။

မြစ်ကြီးနားဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ

“ဒီနေ့ထိ ကချင်လူထုတွေလိုချင်တဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ မရဘဲ ဆုံးရှုံးနေသေးတာဖြစ်တယ်။ ဒါကဘာကြောင့်လဲဆိုရင် ပင်လုံကတိကဝတ်ကို လေးစားလိုက်နာတာမရှိတာကြောင့် အဆိုးရွားဆုံးကတော့ စစ်တပ်ကြောင့်ဖြစ်တယ်။ အဲတော့ ကချင်လူထုတွေအနေနဲ့ စဉ်းစားရမှာက ကျနော်တို့ဘာလိုအပ်နေလဲ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာဖန်တီးခွင့်ကို ရအောင်လုပ်ဖို့လိုတယ်။ လက်ရှိကာလမှာ အဓိက တာဝန်ရှိသူတွေက KIO/KIA ဖြစ်တယ် အဲကြောင့်သက်ဆိုင်သူတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာဖို့လိုပါတယ်။”

Moon Nay Li

Moon Nay Li

ကချင်ပြည်နယ်နေ့ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းသရွှေ့ ကျမတို့အမှောင်ထဲမှာ နေနေအုံးမှာဘဲဖြစ်တယ်။ အဲကြောင့်တရားမျှတမှုရဖို့ အများကြီးကြိုးစားရမယ်။ ဝန်ကြီးဆိုတဲ့နေရာယူထားတဲ့သူတွေတောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိလား ဒါတွေကိုစဉ်းစားရမှာ ဘာလုပ်ပိုင်ခွင့်မရှိဘဲနဲ့ အပေါ်ယံကြည့်ပြီး သင့်တော်အောင် တည်ဆောက်ထားတဲ့ ထဲက ရုန်းထွက်လာနိုင်ပြီ ဖြစ်သလို အဲကြောင့် ခုတကယ်ဘဲ ကျမတို့လိုချင်တဲ့ အခွင့်အရေးရဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက တကယ်အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေလို့ပြောရင် ကျမတို့သွားချင်တဲ့ နိုင်ငံ၊ပြည်နယ်တည်ဆောက်ရေးမှာ ဘယ်လိုသွားကြမလဲ ကျမတို့ ဒီမိုကရေစီလိုချင်တဲ့သူတွေမှာ။ အဲဒီအောက်မှာ ကဏ္ဍအလိုက်လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေး ဒါတွေကိုဘယ်လိုမြင့်တင်ဆောင်ရွက်သွားကြ မလဲဆိုတာရေ စဉ်းစားဖို့လိုတယ်။”

မြစ်ကြီးနားဒေသခံတစ်ဦး

“ကိုယ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းလုပ်ဆောင်ရင်တော့ ကျမတို့လိုချင်တဲ့ အခွင့်အရေးတွေရမှာဖြစ်တယ်။ ဥပမာ လက်နက်ကိုင်တဲ့သူ၊ ပညာရေးဘက်ကနေ ကူညီနိုင်တဲ့သူတွေက ပညာရေးဘက်ကနေကူညီ၊ ဘာဖြစ်လို့လဲဆိုရင် ပြောချင်တာက အားလုံးဝိုင်းဝန်းလုပ်ဆောင်မှသာလျှင်  ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရမှာဖြစ်ပါတယ်။”

Layang Hkun Htoi

Kachin National Organization

“NUG ၊ CRPH Charter မှာရေးထားတာလည်း တွေ့ကြမှာပဲ။  ရှစ်ပြည်နယ်မူကို သုံးတာလည်းမတွေ့ရဘူး။ ဒေါက်တာလျန်မှုန်း ဆာခေါင်နဲ့လည်း စကားပြောကြည့်ဖူးပြီ အဲဒါတွေသုံးတာမတွေ့ရဘူး ဗမာ ၇ ကျပ်ရမှ ကချင်တွေတစ်ကျပ် ဒါတောင်မှ မပြည့်တဲ့ပုံစံ။ ခုကျနော်တို့ NUG နဲ့ ရှေ့ဆက်လျှောက်လှမ်းနေတဲ့လမ်းကြောင်းက စစ်တပ်ကျဆုံးပြီးနောက် တကယ်ဖြစ်လာနိုင်လား။ တကယ်စစ်အာဏာရှင်ကို အာလုံးပေါင်းပြီးတိုက်ခိုက်လိုက်တာတော့ဟုတ်ပြီ နောက်ဆုံးကျနော်တို့ စဉ်းစားသလို တွေးထားသလိုမဖြစ်လာဘဲ တစ်နည်းတစ်ဖုံဖြစ်သွားခဲ့ရင် နောက်ပြန်ပြီးတည်ဆောက်နိုင်ဖို့ အရမ်းခက်သွားလိမ့်မယ်။ ဒါကြောင့် ခုကတည်းကနေ ကျနော်တို့လိုချင်တဲ့ပုံစံကိုပွင့်ပွင့်လင်းလင်းပြောပြီးတော့ ပူးပေါင်းတာတွေလုပ်သင့်တယ်။”

 

Show More

Related Articles

Back to top button