• Aug- 2023 -
    3 August
    ရုပ်သံ

    နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်လျော့လိုက်တဲ့အပေါ် အမြင်များ

    Read More »
  • Jul- 2023 -
    27 July
    သတင်းPhoto- ဖားကန့်မြို့တွင်းတစ်နေရာ

    ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ

    ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။…

    Read More »
  • 27 July
    ဆောင်းပါး

    အပျော်ကနေ ဘဝပျက်ခဲ့ရသူ

    လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။ ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။  ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို…

    Read More »
  • 24 July
    သတင်းPhoto- ဟုမ္မလင်းမြို့ဆိုင်းဘုတ်

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”တိုက်ပွဲက မနက်…

    Read More »
  • 24 July
    သတင်းဆောင်းပါးphoto caption -မတ်လကုန်ပိုင်းမှာ အင်းတော်ကာကွယ်ရေးတပ်က ဖမ်းဆီးထားတဲ့ မူးယစ်ဆေးသုံးစွဲသူတွေ

    မူးယစ်ဆေးသမားတွေကို တပ်သတင်းပေးအဖြစ် အသုံးနေချတဲ့စစ်တပ်

    ကချင်- စစ်ကိုင်းအစပ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အလွတ်လပ်ဆုံးသူတွေကိုညွှန်းပါဆိုရင် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေနဲ့သုံးစွဲတဲ့သူတွေလို့ပဲ ညွန်းချင်ပါတယ်။ “ ဖိုးသမားတွေကိုခေါ် ခေါ်ပြီးတော့မှ ဆေးဖိုးဘာဖိုးတွေပေး သူတို့လိုချင်တဲ့သတင်းတွေကိုယူခိုင်းလုပ်နေတာ”လို့ စစ်ကိုင်းတိုင်း အင်းတော်နယ် အောင်းကုန်းရွာက လအသက် ၄၆ နှစ်ဦးအောင်(အမည်လွဲ)က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ တပ်တွေဟာ အင်းတော်နယ်မှာရှိတဲ့ နန့်သာရွာနဲ့ မော်တိတ်ရွာအနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကတည်းကနေ တပ်စွဲနေထိုင်နေပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တပ်သတင်းပေးအနေနဲ့ သိသိသာသာအသုံးပြုလာနေတာဖြစ်တယ်လို့…

    Read More »
  • 24 July
    သတင်းPhoto- တနိုင်းချောင်းဘေးစွန့်ပစ်ထားတဲ့အမှိုက်များ

    တနိုင်းမှာ အမှိုက်ကားပုံမှန်မလာလို့ ဒေသခံတွေ အမှိုက်ပစ်ရန်အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ စည်ပင်ကအမှိုက်ကားတွေ ပုံမှန်မလာတာကြောင့် ဒေသခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ် လို့သိရပါတယ်။ တနိုင်းမြို့ပေါ်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး မြို့တွင်းအမှိုက်သိမ်းတဲ့ စည်ပင်ကားပုံမှန်အမှိုက်လာသိမ်းခြင်း မရှိတော့တဲ့အပြင် ဒေသခံတွေကို အမှိုက်စွန့်ပစ်ဖို့နေရာ သတ်မှတ်ပေးထားတာမျိုးမရှိတာကြောင့် ခုနောက်ပိုင်း ဒေသခံတွေ စွန့်ပစ်အမှိုက်ပစ်ဖို့အခက်အခဲ ဖြစ်လာနေတယ်လို့ တနိုင်းမြို့ပေါ်က…

    Read More »
  • 24 July
    သတင်းဆောင်းပါးဓာတ်ပုံ-ဇူလိုင်၂၂ရက်နေ့မှာ စုန်းချောင်းရွာက သတ်ဖြတ်ခံရသူတွေကို မီးသဂြိုဟ်နေပုံ

    စုန်ချောင်းရွာက လူသတ်ပွဲ

    “အကိုရေကျနော်တို့ နာရေးကိစ္စတွေလုပ်နေလို့ အလုပ်ရှုပ်နေလို့ပါ အခုက နောက်ထပ်အလောင်းတွေထပ်တွေ့နေလို့ပါ”  လို့ပြောပြီး ကဗျာကယာနဲ့ ဖုန်းချသွားသူက ယင်းမာပင်နယ် စုန်းချောင်းရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပါ။ အာရုံတက်ချိန် မနက်၂နာရီလောက်ရှိနေပေမဲ့ မအိပ်နိုင်သေးတဲ့ စုန်းချောင်းရွာထဲက အသက်၂၀ကျော်အရွယ် လူငယ်တစ်စုဟာ ရွာထဲကမွေးနေ့အလှူကလာပို့တဲ့ မုန့်ဟင်းခါးသောက်ရင်း ကင်းယူနေကြတာပါ။ ပုံမှန်ဆို ဒီအချိန် ရွာထဲကင်းပတ်လေ့ရှိပေမဲ့ မိုးဖွဲကျနေလို့ ရွာမြောက်ဘက်က တစ်နေရာမှာအထိုင်ကင်းယူရင်း ရွာရဲ့အသံကိုနားစွင့်ရင်းနေခဲ့ကြတယ်လို့…

    Read More »
  • 21 July
    သတင်း

    ယင်းမာပင်မှာ ကာကွယ်ရေးတပ်စခန်းတစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးဆုံး

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်စခန်း တစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရတယ်လို့ မြေပြင်ကကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက်၂ နာရီလောက်မှာ အင်အား ၆၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စုန်းချောင်းရွာမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နေအိမ်နဲ့တပ်စခန်းတွေ အလစ်အငိုက်ဝင်ရောက် စီးနင်းခဲ့တာဖြစ်တယ်လို့ မြေပြင်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “မနေ့က သူတို့က ဒလန်သတင်းပေးအတိအကျနဲ့ ကျနော်တို့ပကဖအဖွဲ့ခေါင်းဆောင် နေအိမ်တွေဝင်စီးတယ်…

    Read More »
  • 21 July
    သတင်းPhoto - ရွှေကူမြို့အဝင်ဆိုင်းဘုတ်

    တောပုန်းရွာဒေသခံများ ကျောင်းထိုင်ဆရာတော်ကို လစဥ်ငွေကြေးပေးဆောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာမှာရှိတဲ့ တောပုန်းကျောင်းထိုင်ဆရာတော်ကို ရွာသားတွေက တစ်လကို ကျပ်ငွေ တစ်သောင်းပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့နဲ့ ၅မိုင်လောက်ဝေးတဲ့ တောပုန်းကျေးရွာကျောင်းထိုင်ဆရာတော်ဟာ စစ်ကောင်စီတပ်နဲ့ပေါ်ပေါ်တင် တင်ပူးပေါင်းဆောင်ရွက်နေတဲ့ပျူစောထီးတွေတောပုန်းရွာမှာရှိလာပေါ်လာပြီးနောက် ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ရွာသားတွေဆီကနေ တစ်အိမ် ကျပ် ၁၀၀၀၀ နှုန်း လစဥ်ကောက်ခံနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”သူကကျောင်းထိုင်ပါ့အေး သူက ရွာသားတွေတော်တော်များများကိုနိုင်ပြီးသားလေ ထွေထွေထူးထူးပြောစရာမလို့တော့ဘူး ဘုန်းကြီးကြေးကောက်တယ်ပေး။…

    Read More »
  • 21 July
    သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား…

    Read More »
Back to top button