-
Jan- 2025 -4 Januaryသတင်း
စစ်အာဏာရှင် ကျဆုံးရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ KNF ထုတ်ပြန်
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ KNF သဘောထား ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ကပိုပြီးတော့ ဖက်ဒရယ်တိုင်းပြည် ဖြစ်လာဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ဘဲ စဉ်းစားထားတာပေါ့…
Read More » -
3 Januaryသတင်း
ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက…
Read More » -
3 Januaryသတင်း
KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားရှိ ဆွမ်ပီယန်၊ တန်ဂျာကျေးရွာတွေမှာ ထိုင်ထားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်က အမျိုးသားတစ်ဦးက KNG ကို…
Read More » -
3 Januaryသတင်း
တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး
တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။…
Read More » -
2 Januaryသတင်း
ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ
ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့်…
Read More » -
2 Januaryသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ကားလမ်း ပိတ်ထား
မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေလို့ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်လို့ ကာကွယ်ရေးတပ်တွေဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး ခရီးသွား ကားတွေနဲ့…
Read More » -
2 Januaryသတင်း
ကချင် နယ်စပ်ဒေသ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်ဖို့ KIO ဥက္ကဋ္ဌ ဖိတ်ခေါ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်မှု အများအပြား လိုအပ်နေတယ်လို့ KIO ဥက္ကဋ္ဌ နှစ်သစ် မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဆင်ရေးဟာ ၂၀၂၄ ခုနှစ်အတွင်း ကချင်နဲ့ တရုတ်ထိစပ်တဲ့ နယ်စပ်တစ်ကြောက လွယ်ဂျယ်၊ ကန်ပိုင်တည်၊…
Read More » -
2 Januaryသတင်း
မြစ်ကြီးနား-ဝိုင်းမော် နောင်ချိန်း ကူးသို့ဆိပ်ဖြတ်သန်းခွင့် စစ်တပ်က ပိတ်ထား
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာရှိ အရေးပါတဲ့ ဧရာဝတီမြစ် ကူးသို့ဆိပ် ဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က ပိတ်လိုက်လို့ ဒေသခံတွေ ဖြတ်သန်းသွားလာရေးမှာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဝိုင်းမော် နောင်းချိန်းကျေးရွာ ကူးသို့ဆိပ်ကနေ မြစ်ကြီးနားမြို့နယ် ဒွမ်ဂန်၊ အာ့လမ်ကျေးရွာဘက် ကူးတာဖြစ်ပြီး အခုလို ကူးသို့ဆိပ် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ဒေသခံများနဲ့…
Read More » -
Dec- 2024 -18 Decemberသတင်း
လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရပြီး KIA တပ်သား ၄ ဦးသေဆုံး
ကချင်ပြည်နယ် တနိုင်းလီဒိုသွားလမ်းမပေါ်ရှိ လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA ဂိတ်စခန်းတစ်ခုကို မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေသွားရောက်ခဲ့တာကြောင့် KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လဝါးဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ်ကျေးရွာဘက်ကနေ ကား ၂ စီးနဲ့ ဆင်းလာပြီး လဝါးကျေးရွာအထက်မှာရှိတဲ့ KIA ဂိတ်စခန်းစခန်းကို လာရောက်တိုက်ခိုက်ခဲ့ရာမှာ KIA ဘက်က ၄ ဦး အသက်သေဆုံးပြီး ၂ ဦးထက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝါးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မှန်ပါတယ် မနေ့ တစ်နေ့က ၉ နာရီခွဲလောက်မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ကား ၂ စီးနဲ့ ဗြုန်းကနဲ ဆင်းလာပြီး KIA ရဲ့ ဂိတ်စခန်းကို လာပစ်သွားတယ်။ အဲ့မှာ လေးယောက်က အသက်သေဆုံးသွားတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”လို့ပြောပါတယ်။ KIA ဂိတ်နေရာတွေကို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အဖွဲ့တွေက ကား ၂ စီးထဲမှာ စစ်အင်အား ၁၀ ဦးခန့်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ အသက်သေဆုံးသွားတဲ့ KIA တပ်သား ၄ ဦးမှာ ဂိတ်မှာတာဝန်ကျနေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းကမှန်ကန်ပေမယ့် ပစ်ခတ်ခံရမှုအသေးစိတ်မသိရသေးဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ KIA ဂိတ်ကို လာပစ်တဲ့ အခြေအနေက ဒေသခံတွေပြောဆိုနေကြလို့သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်မှာ တရားဝင်အသေးစိတ်က ဘာမှပြောလာတာမရှိသေးဘူး။ ပြည်သူတွေပြောဆိုအရဆိုရင်တော့မှန်ကန်ပါတယ်”လို့ပြောပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် တစ်ကြော တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ အခုလို လာရောက်ပစ်ခတ်ပြီး KIA တပ်သား ၄ ဦးသေဆုံးမှုဖြစ်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေထိုင်တဲ့ ရှဒူးဇွပ်ကျေးရွာက နေအိမ်ကိုလည်း KIA တပ်တွေ သွားရောက်တိုခိုက်ခဲ့တာကြောင့် KIA ဘက်က ၄ ဦးထက်မနည်းအသက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း KIA တပ်တွေရှိတဲ့ ချောင်းဆုံ ရွှေမှော်အနီးရှိ ကနွယ်သူမှော်က KIA စစ်တပ်စခန်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် KIA တပ်သား ၂ ဦးအသက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ ၂၀၂၂ ဩဂုတ်လ အတွင်းမှာလည်း စံပြကျေးရွာက မင်းဇေသန့်ပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က သွားရောက်တိုက်မှုမှာလည်း KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 Decemberသတင်း
ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့် ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လဘန်ကထောင်၊နောင်းချိန်း၊ဂွေထုကျေးရွာဘက်မှာ ဒီဇင်ဘာ ၅ ရက်နေ့စ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတစ်ချို့ မြစ်ကြီးနားမြို့ဘက်တိမ်းရှောင်တာတွေရှိနေတယ်လို့ နောင်းချိန်းစစ်ရှောင်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြီးခဲ့အတဲ့အပတ်ကတည်းက ဂွေထု၊နောင်းချိန်းသွားတဲ့ ရွာတွေမှာတနေ့တနေ့အင်အားတွေလာချသွားတယ်။ တချို့မပြန်ပဲအဲ့မှာပဲကင်းပုန်းဝပ်နေတာတွေအများကြီးပဲ။ အဲ့ကြောင့် တိုက်ပွဲဖြစ်လာမှာဆိုးလို့ ဒီဘက်ရောက်လာတာ”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဝိုင်းမော်ဘက်ခြမ်း ဗလမင်းထင်အထက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မခေါယန်၊ လဘန်၊နောင်ချိန်း ၊ဂွေထုကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်သားတွေ အင်အားဖြည့်နေသလို လဘန်ကထောင်နဲ့ မခေါဒီရွာတောစပ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ နောက်ထပ် နောင်းချိန်းဘက် စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့က လမ်းမှာတားပြီးစစ်တယ် ဘယ်ကလာသလဲ၊ဘယ်သွားမလဲ စစ်ရှောင်တွေပါလို့ပြောလည်း နိတို့ကိုဘယ်သူရှောင်ခိုင်းတာလဲ၊ဘယ်ရွာကလဲ အရမ်းမေးစစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း ခုသွားရလာရ ခက်နေတယ်”လို့ ပြောပါတယ်။ ခုလို စစ်ကောင်စီစစ်သားတွေစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာကြောင့် အဲဒီကျေးရွာမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဝူယန်၊နောင်ဟီး၊စန်းကားဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်တစ်ဆင့် ထပ်မံတိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားမြို့တွင် စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီတလောမြစ်ကြီးနားက စစ်ရှောင်တွေနဲ့ပြည့်နေတာ ဖားကန့်ဘက်ကကော၊ဝိုင်းမော်ဘက်ကတွေကောအခုလည်းထပ်ရောက်လာတယ်။ နောင်းချိန်းတို့ဘက်ကတဲ့ မနေ့ကလည်းလိုက်ပို့ရသေးတယ် နောင်းချိန်းဘက်ကရှောင်လာတာတဲ့ဟာ အခြေနေမကောင်းလို့ဆိုပြီးရောက်လာကြတာ”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဗလမင်းထင်တံတားအထက်မှာရှိတဲ့ ဂွေထုကျေးရွာဟာ ပြည်သူ့စစ်ဦးလဆန်အောင်ဝါထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ သို့သော် အသက် ၈၀ အရွယ်ရှိ လဝါယာန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ နိုဝင်ဘာလ ၁၆ ရက် မနက်အစောပိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူ့နေရာမှာ လက်ရှိ ဦးမဂျီနော်လီကို လဝါယာန်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။ လတ်တလော ကချင်ပြည်နယ်ရဲ့ ဒုတိယအရေးအပါဆုံးမြို့ဖြစ်တဲ့ဗန်းမော်မြို့ကို KIAနဲ့ပူးပေါင်းတပ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ချိန်ကစ ဗန်းမော်– မြစ်ကြီးနားလမ်းပိုင်းရှိ ဝိုင်းမော်မြို့နယ်ထဲမှာ အခုလိုစစ်ရေးလုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းအများပိုင်းနဲ့ စစ်ကောင်စီစစ်တပ်တွေအထိုင်ချထားတဲ့ ကျေးရွာအားလုံးကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မေ လကတည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့တွင်းတပ် ခ.လ.ရ ၅၈ တပ်တစ်ခုထဲသာကျန်ရှိတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »









