-
Dec- 2024 -18 Decemberသတင်း
ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ
ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။ “စစ်ရှောင်တဲ့သူတွေတော်တော်များများ…
Read More » -
17 Decemberသတင်း
ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဘယ်သူဘယ်ဝါမှန်းကတော့မသိတော့ဘူးဗျာ။ ရုပ်အလောင်းကပုပ်ပွနေတာဆိုတော့ မနေ့ကစတွေ့တာပဲ မြေစာပြိုတဲ့ချိန်တုန်းက ဘယ်သူမှမရှာကြဘူးလေး ဝင်လို့မရတာ”လို့ သူကပြောပါတယ်။ မြေစာပုံပြိုကျတဲ့ညမှာ မြေသယ်ကားနှစ်စီးနဲ့အတူ ကုမ္မဏီလုပ်သားယာဥ်မောင်းတစ်ဦး၊ယာဥ်နောက်လိုက်တစ်ဦးနဲ့ ရေမဆေးသမားအနည်းဆုံး ၁၀ ဦးခန့်မြေစာပိသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်အလောင်းနှစ်လောင်းနဲ့ မြေသယ်ကားတစီးပြန်ပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျခဲ့တဲ့ ရေကန်ဟာ အနည်းဆုံး ပေ ၁၀၀ ကျော်နက်တာဖြစ်ပြီး လက်ရှိ ကန်ရေကျသွားတာကြောင့် ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျစဥ်က အခင်းဖြစ်တဲ့နေရာထဲကို ကယ်ဆယ်ရေးသမားတွေ၊ နာရေးကူညီမှုအသင်းတွေနဲ့အရပ်သားတွေဝင်ခွင့်ကို တစ်ပတ်ကျော်ရှာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ “ဒီမှာက ဖုန်း၊အင်တာနက်လိုင်းမရတော့ သတင်းလည်းတိတိကျကျရဖို့ခက်တယ်။ ခုအဲဒီအလောင်းကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါ်တာလေ။ ကျနော်တို့သိတာက မနေ့ကမှသိရတာ သတင်းတွေလည်း အမြန်သိရဖို့အရမ်းခက်လာတယ်”လို့ နောက်ထပ် မှော်စီဇာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်း စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က နယ်မြေ စိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းနဲ့ စစ်ရေးဂိတ်အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားသေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By…
Read More » -
17 Decemberသတင်း
ပူတာအိုမြို့မှာ ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်
ကချင်ပြည််နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့တယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီဝန်းကျင် ကောင်ကထောင်ရပ်ကွက် စားသောက်ဆိုင်ကနေ နေအိမ်ပြန်လာတဲ့အမျိုးသားတစ်ဦး လမ်းခုလတ်တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို လမ်းကြုံတင်လာရာကနေ လမ်းခုလတ်တစ်နေရာ ဓာတ်ခုတ်ခံရပြီး ဆိုင်ကယ်၊လက်ကိုင်ဖုန်းနဲ့ငွေသားလုယက်ခံလိုက်ရတယ်လို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓားခုတ်ခံရတဲ့တစ်ယောက်က လူလတ်ပိုင်းအရွယ်ပဲ လုံးစွတ်ကနေ စားသောက်ဆိုင်ထိုင်ပြီး ကောင်ကထောင်ဘက်ကိုအလာ ည ၉ နာရီမှာ ဖြစ်သွားတာ သူလမ်းကြုံတင်လာတဲ့လူက လမ်းတစ်ဝက်ရောက်တော့ ဓားနဲ့ရွယ်ပြီးဆင်းခိုင်းတာ ဆိုင်ကယ်လည်းရပ်ကောဓားနဲ့ခုတ်ပြီးပါတာအကုန်လုပြီးမောင်းပြေးသွားတာတဲ့”လို့ ပြောပါတယ်။ ဓားခုတ်လုယက်ခံရသူဟာ အသက် ၃၀ ခန့်အရွယ် အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဦးခေါင်းဓားခုတ်ရာတစ်ချက်၊ လက်မောင်းဓားခုတ်ရာတစ်ချက်ခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသွားတာကြောင့် ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ “သူက ဓားခုတ်ခံရတော့ အော်ပြီးတော့ဒီဘက်ကုန်းပေါ်(ကောင်ကထောင်)ဘက်ကိုပြေးတက်လာတာ လူတွေထွက်ကြည့်တော့သူကသွေးတွေနဲ့သတိလစ်နေပြီချက်ချင်းဆေးရုံတင်ပေးလိုက်ကြတယ်”လို့ နောက်ထပ် ပူတာအိုမြို့ဒေသခံအမျိုးသမီးတစ်ဦး ကဆက်ပြောပါတယ်။ အခင်းဖြစ်ပွားသွားတဲ့နေရာဟာ ကောင်ကထောင်ရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ကြားရှိ အစိုးရ စိုက်ပျိုးခြံ လူပြတ်တဲ့နေရာမှာဖြစ်ပွားခဲ့တာလို့ သိရပြီး ဒီနှစ်အတွင်း လုယက်မှု၊ ခိုးမှုတွေပိုစိပ်လာတယ်လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပူတာအိုဒေသမှာ ခုနောက်ပိုင်း လူစည်ကားတဲ့ စည်ပင်စျေး၊ စားသောက်ဆိုင်တွေမှာ ဆိုင်ကယ်ခိုးခံရတာတွေမကြာခနဖြစ်ပွားတတ်ပြီး ကျေးရွာတွေဘက် အိမ်မွေးတိရိစ္ဆာန်ခိုးယူခံရတဲဲ့ထိ အခြေနေဆိုးရွားနေတယ်လို့သိရပါတယ်။ ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားခုယက်ခံလိုက်ရပြီး ရွှေသုံးပိဿနဲ့ငွေသားတွေလုယက်ခံလိုက်ရပြီး စုစုပေါင်း ကျပ်သိန်းသုံးသောင်းကျော်ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ငွေကြေးဖောင်းပွမှု၊ကုန်စျေးနှုန်းမြင့်တက်မှု၊အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေရာတိုင်းလိုလိုခိုးဆိုးလုယက်မှုတွေဟာ ပိုပြီးဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
16 Decemberသတင်း
အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်ရှိနေ
နာဂလက်နက်ကိုင်ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်ပြီလို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ တမူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖွင့်တော့ပြန်ဖွင့်ပြီ ဒါပေမယ့် အရင်လိုကြီးတော့မဟုတ်သေးဘူး။ အရင်က ဆိုင်ကယ်တွေနဲ့သွားလို့ရတယ် အခုကဆိုင်ကယ်တွေကိုနယ်စပ်စည်းအထိပဲ အိန္ဒိယထဲထိမရဘူးတဲ့”လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ မြန်မာပြည်ဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ကနေ အိန္ဒိယဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ နမ်ပေါင်မြို့အထိ မိုင် ၂၀ ခန့်ဝေးပြီး ကိုဗစ်မတိုင်မှီ နမ်ပေါင်မြို့အထိ ဆိုင်ကယ်နဲ့ကုန်ပစ္စည်းသွားဝယ်လို့ရပေမယ့် ဒီတစ်ကြိမ်ပြန်ဖွင့်ရာမှာတော့ ဆိုင်ကယ်နဲ့ခွင့်မပြုပဲ ခြေလျှင်နဲ့သွားဝယ်နေရတယ်လို့ သိရပါတယ်။ “ဆိုင်ကယ်ကိုတော့ပန်ဆောင်ငါးမိုင်ဂိတ်မှာထားထားရတယ် အရင်လိုပဲ သောကြာနေ့တစ်ရက်ပဲသွားလို့ရတယ်…
Read More » -
16 Decemberသတင်း
ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်
ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် ဖားကန့်ဆေးရုံကြီးနောက်ကျော ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးတာလို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “သူတို့က ဥရုချောင်းဘေးမှနေကြသူတွေပေါ့ အဲဥရုချောင်းထဲ တူနဲ့ တူမဖြစ်သူကို ရေကူးသင်နေရင်း တူမက ရေနစ်သွားလို့ ဦးလေးဖြစ်သူလိုက်ရှာရင်း ဦးလေးကော၊တူမကော ရေနစ်သေဆုံးတာဟုတ်တယ်”လို့ ပြောပါတယ်။ ရေနစ်သေဆုံးတဲ့ တူဝရီးနှစ်ဦးဟာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနဲ့ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ဖြစ်ပြီး ဦးလေးဖြစ်သူကို မနေ့ညနေ ၄ နာရီ ၃၈ မိနစ်မှာ ရုပ်အလောင်းပြန်ရှာတွေ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် တူမဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးတာကြောင့် ဒီနေ့ထပ်မံရှာကြမှာဖြစ်တယ်လို့ ဖားကန့်မြို့ခံတွေ ဆိုပါတယ်။ ဖားကန့်မြို့ ဥချောင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် အသက် ၂၀ နှစ်အောက် ယောကျာ်လေးနှစ်ဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးမှုဖြစ်စဉ်ရှိခဲ့သလို ဇွန်လ ၂၈ ရက်နေ့မှာလည်း အသက် ၃၁ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ချောင်းထဲမျောပါသေဆုံးခဲ့ပါတယ်။ By – Zami
Read More » -
13 Decemberသတင်း
အင်းတော်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ကစတင်လို့တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်တွေက အင်းတော်မြို့နယ်အတွင်းရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကပြောပါတယ်။…
Read More » -
13 Decemberသတင်း
ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။ တရုတ်–ကချင်နယ်စပ်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်၊ ပန်ဝါမြို့နယ်စပ်ဂိတ်၊ ကံပိုင်တည်နယ်စပ်ဂိတ်၊ ဖီမော်နယ်စပ်ဂိတ် စတဲ့ဂိတ်…
Read More » -
12 Decemberသတင်း
ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော် ၉ ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ပြင်မှာရှိတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး ခလရ ၄၇ ကိုဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တွင်းထဲက အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တို့လို စစ်ကောင်စီအထိုင်ချရာ တပ်တွေနဲ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အဲ့ဒီအနီးတစ်ဝှိုက်ကရပ်ကွက်တွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်တက္ကသိုလ်၊ ၂မိုင်၊ ၃–၄မိုင်နဲ့ ၅–၆မိုင်၊ မံစီမြို့နယ်ထဲမှာကျန်နေတဲ့ ခမရ ၆၀၁၊၃၁၉ နဲ့ ၃၅၂ တို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့တွင်းရပ်ကွက်နေရာတစ်ချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေပြီး ရဲစခန်း၊ထွေအုပ်ရုံးအပါအဝင်၊ စံကိုယ်ပိုင် အထက်တန်းကျောင်း၊ Friendship Hotel၊ ၂ မိုင်အနီးတစ်ဝှိုက်ကနေအိမ်တစ်ချို့နဲ့ ခွန်သာရပ်ကွက်ကနေအိမ်တွေမှာ မီးလောင် ပျက်ဆီးမှုတွေရှိနေတာလို့ သိရပါတယ်။ တစ်ဖက်မှာ ဒေသခံတွေဟာလည်းတိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့လောက်ကစပြီး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုက မန္တလေးလိုမြို့ကြီးအပါအဝင် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းက ကျေးရွာတွေ၊ ကသာ၊ရွှေကူ၊ စင်းခမ်း နဲ့ ဘေးလွှတ်ရာ တောတောင်တွေထဲဦးတည်ထွက်ပြေးနေကြရပြီး အဘက်ဘက်ကအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ “အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ဆေးဝါးတွေလိုအပ်တယ်။ တစ်ချို့ရပ်ကွက်မှာက လက်နက်ကြီးကျလာတော့ ချက်ချင်းထပြေးရတာရှိတယ် အဲတော့ ဘာမှမပါလာဘူးလေ”လို့ ဗန်းမော်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းလောက် အခြေစိုက်ထားသည့် တပ်မြို့ဖြစ် ပြီး စစ်ရေးအရအင်မတန်အရေးပါတဲ့မြို့လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေချိန်မှာပဲ တရုတ်နိုင်ငံအစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဒီဇင်ဘာလ ၉ ရက်နေ့ကဖြေကြားခဲ့ပါတယ်။ လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေပြီလို့သိရပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခြေနေအသေးအစိတ်ကို KNG က မသိရသေးပါဘူး။ ဒီအရေးပါတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အာရက္ခ တပ်တော် AA၊ ကျောင်းသားတပ်မတော် ABSDF၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ဂေါ်ရခါး တပ်ရင်း နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။ By – အမိုး
Read More » -
12 Decemberသတင်း
စန်းကားကျေးရွာမှာ ၃ ရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံသူ ၄ ဦးထိရှိလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခိုင်မြဲငှက်ပျော်လုပ်ကွက် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက်၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အသက်၂၇ နှစ်အရွယ် ကိုခိုင်မြဲ နောက်ကျောဒဏ်ရာစိုးရိမ်ရ၊ အသက် ၃၅ နှစ်အရွယ်ဒေါ်ဝင်းဝင်းသန်း ပေါင်ထိဒဏ်ရာသာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ ဒီမနက် ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံလုပ်ကွက်မှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “တဲမှာမဟုတ်ဘူး ခြံထဲမှာကျတာ ငှက်ပျော်ထမ်းနေရင်းနဲ့ နောက်ကျောမှာထိတာ အခြေအနေကတော့ အဆုပ်ထိတယ် အောက်ဆီဂျင်ပေးထားရတယ်”လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မအေးနွယ်အခြေအနေစိုးရိမ်ရတဲ့အတွက် ဝိုင်းမော်ဆေးရုံကြီးကတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်လွှဲပြောင်းပေးပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ စန်းကားကျေးရွာမှာရှိတဲ့ ငှက်ပျော်လုပ်ကွက်တွေမှာ ခုလိုလက်နက်ကြီးမကြာမခနကျလေ့ရှိပေမယ့်လည်း ဝမ်းရေးအတွက် စွန့်စားကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒီအခြေနေနဲ့ ပက်သက်ပြီး ငှက်ပျောလုပ်သားတွေနဲ့နီးစပ်တဲ့ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုသုံးသပ် ပြောဆိုပါတယ်။ “ဝမ်းရေးအတွက်တော့ လုပ်နေကြရတာလေ မလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေ ပိုက်ဆံကြိုယူထားတာတွေ ပိုက်ဆံမရသေးတာတွေ ရလိုရငြား မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်နေကြရတာ”လို့ ဆိုပါတယ်။ လက်ရှိ စန်းကားကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာ တိတိကျကျမသိရပေမယ့် မြစ်ကြီးနားမြို့ဒေသခံပြည်သူတွေပြောတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ ပစ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စန်းကားကျေးရွာဟာ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး စစ်တပ်ဘက်က ဒီဇင်ဘာလဆန်းပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိသလို စစ်ကောင်စီတပ်ဟာ ရွာထဲမှာလည်း အရပ်သားနေအိမ်တစ်ချို့မှာတပ်စွဲနေထိုင်နေကြတယ်လို့သိရပါတယ်။ စစ်တပ်ဘက်က ရွာထဲနေရာယူလာတာကြောင့် အိမ်စောင့်အနည်းအကျဉ်းကလွှဲပြီး ဒေသခံအများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ By – Hope
Read More » -
11 Decemberသတင်း
KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ် တရုတ်အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံနေကြတာဖြစ်ပြီး အရင်ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ KIO နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိ KIO အစိုးရနဲ့ တရုတ်အစိုးရဘက်က ဦးဆောင်ပါဝင် ဆွေးနွေးနေတဲ့ CPPCC (Chinese People’s Political Consultative Conference ) ဗဟိုကော်မတီဝင် ဝူ့ခန့် (Wu Hken) ဟာ ယခင်က ဂျာမနီနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတစ်ဦးလည်းဖြစ်ပါတယ်။ KIO နဲ့ တရုတ်အစိုးရတွေ့ဆုံမှုမှာ KIO ဘက်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊ KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ပါဝင်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီအရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်နဲ့ မံစီ မြို့နယ် ၂ ခုမှာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်အတွင်းမှာပဲ တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကြောင့် KIO အစိုးရဘက်က သွားရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ KIO နဲ့ တရုတ်အစိုးရ နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။ KIO နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုချက်အရ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကချင်နဲ့ တရုတ်နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဂိတ်ရှိတဲ့ မြို့နယ်တစ်ချို့ကို သိမ်းပိုက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









