Covid-19 Reporting
-
Apr- 2020 -22 April
ကချင်ပြည်နယ်ရှိ Covid-19 ကာကွယ်ရေး volunteer အဖွဲ့များတွင် PPE ဝတ်စုံများလိုအပ်
မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန်များကို ကူညီပေးနေသော လုပ်အားပေး Volunteer အဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများ ထပ်မံ လိုအပ်နေသည်ဟု သိရသည်။ ဧပြီလ ၁၆ရက်နေ့မှစ၍ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်မှ ပြည်တော်ပြန်များကို…
Read More » -
21 April
တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဟု လဝက ဝန်ကြီးပြော
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ လူမူကွန်ယက်စာမျက်တွင်ပျံနှံ့နေသော တရုတ်နိုင်ငံမှဝင်ရောက်လာမည့် ပြည်တော်ပြန် ၁၈၀၀၀ သာ လက်ခံမည်ဆိုသည့်သတင်းသည် မမှန်ကြောင်း ပြောသည်။ “အားလုံးက ကိုယ့်နိုင်ငံသားတွေမို့ လက်ခံရမှာဘဲ။…
Read More » -
17 April
၅ ဦးထက်ပိုပြီး လူစုလူဝေးမပြုရန် အမိန့်ထုတ်ပြန်
ခွင့်ပြုထားသည့်အကြောင်းအရာမှလွဲပြီး လူ ၅ ဦးဖြစ်စေ လူ ၅ဦးထက်ပိုသည်ဖြစ်စေ လူစုလူဝေးမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၁၆ရက်နေ့ အမိန့်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ အဆိုပါ အမိန့်စာတွင် ခွင့်ပြုထားသည့်ကိစ္စများသည် အစိုးရဌာနတာဝန်ထမ်းဆောင်ရန်တွက် အလုပ်သွား၊ အလုပ်ပြန်များ၊ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည့်ဈေးများ၊…
Read More » -
17 April
လူနာအမှတ်စဉ် ၈၂ ဖြင့် လေယာဉ်စီးခဲ့သော ဝါးရှောင်ကျေးရွာမှ အမျိုးသမီးကို သတ်မှတ်နေရာသို့ ရွှေ့ပြောင်း
လူနာအမှတ် ၈၂ ဖြင့် လေယာဉ်အတူးစီးနှင်းခဲ့သည့် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာမှအမျိုးသမီးတစ်ဦးအား ဆေးစစ်ဆေးရန် ၎င်း၏နေအိမ်မှ ဝါးရှောင်ကျေးရွာ Quarantine သတ်မှတ်နေရာသို့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း ဝါးရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။…
Read More » -
16 April
လူနာအမှတ်စဉ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနားမှ အမျိုးသမီးတစ်ဦးကို ဆေးရုံသတ်မှတ်နေရာသို့ ပို့ထား
Covid-19 ပိုးတွေ့ လူနာအမှတ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနား၊ ခေမာသီရိ ရပ်ကွက် (၃) မှ အမျိုးသမီး တစ်ဦးအား ဓါတ်ခွဲစစ်ဆေးရန် ယနေ့ ည၄နာရီချိန်တွင် ၎င်း၏နေအိမ်မှ မြစ်ကြီးနားဆေးရုံ Quarantine ထားရန်သတ်မှတ်ထားသည့် နေရာသို့…
Read More » -
15 April
လူနာအမှတ်စဉ် ၆၃ ၏ စက်ရုံမှပြန်လာသူကို မြစ်ကြီးနား မန်ခိန် နေအိမ်တွင် Home Quarantine လုပ်ထား
Covid-19 လူနာအမှတ် ၆၃ ၏ စက်ရုံတွင်အလုပ်လုပ်ရာမှ ပြန်လာပြီး ယခု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် နေထိုင်သူအား Home Quarantine လုပ်ထားကြောင်း မန်ခိန်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ “ရန်ကုန်ကနေ မန်ခိန်ကို ရောက်တာတော့ ဧပြီ…
Read More » -
15 April
စစ်ရှောင်စခန်းများဝင်ထွက်ပိတ်ပင်မှု အချိန်ကြာလာရင် စားဝတ်နေရေး ခက်ခဲလာမည် (အင်တာဗျူး)
Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကူးစက်အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင်လည်း အဝင်အထွက် စတင်ပိတ်ပင်ခဲ့သည်။ ထိုအထဲ မြစ်ကြီးနားမြို့ရှိ အိမ်ထောင်စု ၁၄၀ ခန့်နှင့် လူဦးရေ စုစုပေါင်း (၇၁၂) ဦး ခိုလှုံနေသော ဇီးလွန် စစ်ရှောင်စခန်း၏အခြေအနေအကြောင်း…
Read More » -
15 April
ဝိုင်းမော်ကျေးရွာအချို့တွင် တရုတ်ကုမ္ပဏီသို့ နေ့စားသွားခြင်းမပြုရန် အမိန့်ထုတ်
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စုရှိ တရုတ်စိုက်ပျိုးရေးကုမ္ပဏီသို့ နေ့စားသွားခြင်း မပြုလုပ်ရန် ကျေးလက်အုပ်ချုပ်ရေးရုံးမှ ညွန်ကြားထားကြောင်း စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သက်ဆိုင်ရာဌာနမှ ညွှန်ကြားထားခြင်းမရှိသော်လည်း ဒေသ၏လိုအပ်ချက်အရ လက်ရှိကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် Covid-19 ထိန်းချုပ်နိုင်ရန်တွက် ယခုကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင်…
Read More » -
14 April
လိုင်ဇာမြို့တွင် တွေ့ရသော Covid-19 စောင့်ကြည့်လူနာအဖြေကို ၃ ရက်ခန့်မှ သိရမည်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် Covid-19 စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိထားပြီး နောက်ထပ် ၂ ရက်ခန့်မှ ဓါတ်ခွဲအဖြေသိနိုင်မည်ဟု သိရသည်။ “Covid-19 လက္ခဏာ နဲ့တူတဲ့ သူတစ်ယောက်ကို တွေ့တယ်ပေါ့။ စောင့်ကြည့်လူနာပေါ့။ အသေးစိတ်အဖြေတော့ မသိသေးဘူး”…
Read More » -
13 April
Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်
ကချင်ပြည်နယ်အတွင်း နယ်လှည့်ပြီး လူထုကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်ပြုလုပ်လာခဲ့သည့် ကချင်နယ်လည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ KBPHWT သည် ယခုချိန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ပြန်လည် လုပ်ဆောင်နေပြီဟု သိရသည်။ နှစ်ပေါင်းများစွာ အစိုးရကျန်းမာရေးဌာန ရောက်ရှိမှုနည်းပါးသော ကျေးလက်ဒေသများသို့ Kachin Back Pack…
Read More »









