Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၈၂ ဖြင့် လေယာဉ်စီးခဲ့သော ဝါးရှောင်ကျေးရွာမှ အမျိုးသမီးကို သတ်မှတ်နေရာသို့ ရွှေ့ပြောင်း

လူနာအမှတ် ၈၂ ဖြင့် လေယာဉ်အတူးစီးနှင်းခဲ့သည့် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာမှအမျိုးသမီးတစ်ဦးအား ဆေးစစ်ဆေးရန် ၎င်း၏နေအိမ်မှ ဝါးရှောင်ကျေးရွာ Quarantine သတ်မှတ်နေရာသို့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း ဝါးရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ပိုးတွေ့ လူနာအမှတ် ၈၂ ဖြင့် ရန်ကုန် မှ မန္တလေးအထိ လေယာဉ်တစ်စီးထဲတွင်အတူးစီးခဲ့ခြင်းဖြစ်ကာ ဝါးရှောင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဧပြီလ ၇ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးရှမွေလ ပြောသည်။

“ရန်ကုန်ကနေ ပြန်ရောက်ချင်းကျနော်တို့က Home Quarantine လုပ်ထားတာဟုတ်တယ်။ မနေ့ညတော့ ဝိုင်မော်မြို့နယ် ကျန်းမာရေးဌာနက ဖုန်းဆက်ပြီး ပြောလာတယ်။ လူနာအမှတ် ၈၂နဲ့ လေယာဉ်တူစီးလာတဲ့သူ ဝါရှောင်မှာရောက်နေတာ မှန်လားဆိုပြီး နာမည်နဲ့တစ်ကွမေးလာတယ်။ အဲတစ်ယောက်က လူနာအမှတ် ၈၂နဲ့ လေယာဉ်တူးစီးလာတာဖြစ်လို့ သီးသန့် ထားဖို့ပြောလာတဲ့တွက် ကျနော်တို့လည်း ဒီမနက်ကတော့ Quarantine လုပ်ရန်သတ်မှတ်ထားတဲ့ အ.ထ.က ဝါရှောင်အထက်တန်းကျောင်းမှာ ရွှေ့ထားတယ်။ ကျန်းမာရေးဘက်ကလည်း လိုအပ်တာတွေလာလုပ်ပေးထားပြီ မနက်ဖြန်တော့ ဆေးစစ်ဆေးဖို့ ဆရာဝန်တွေပြန်လာမှာဟုတ်တယ်။” ဟု ဝါရှောင်အုပ်ချုပ်ရေးမှူး ဦးရှမွေလ ပြောသည်။

ဧပြီလ ၇ ရက်နေ့ နေအိမ်သို့ရောက်ရှိလာသော အဆိုပါ အမျိုးသမီးသည် ဝါရှောင်ကျေးရွာရှိ ၎င်း၏အိမ်နီးနား ပတ်ဝန်းကျင် ၃ အိမ်နှင့် မုတ်ကျိတ်ကျေးရွာရှိ ၎င်းအစ်ကိုနေအိမ်သို့လည်း အလည်ရောက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ရန်ကုန်ကနေ ရောက်တယ်ဆိုတာနဲ့ အိမ်ထဲမှာဘဲနေဖို့မှာထားတယ်။ ဒါပေမယ့် သူက သူ့သူငယ်ချင်းတွေနဲ့ လျှောက်သွားတယ်လို့ သိရတယ်။ အဲကြောင့် သူနဲ့တူထိတွေ့ခဲ့တဲ့ သူ့သူငယ်ချင်း ၁၅ယောက်ကိုလည်း Home Quarantine လုပ်ထားတယ်။” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။

လက်ရှိဝါးရှောင်ကျေးရွာရှိ F.Q ထားရှိရန် အ.ထ.က ကျောင်းတွင် ပြည်တော်ပြန် ၄ ဦးရှိပြီး ကျန် ၃ဦးသည် တရုတ်ပြည်မှ ပြန်လာသူများဖြစ်သည်။

အရေးပေါ်လိုအပ်ချက်အနေဖြင့် ရန်ကုန်၊မန္တလေးမှ ပြန်ရောက်လာသူများအား သီးသန့်ထားရှိရန်တွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း ၎င်းကဆက်ပြောသည်။

“ခုဆိုရင် အဲကလေးမရောက်နေတာ ၁၁ရက်လောက်ရှိနေပြီ။ အုပ်ချုပ်ရေးဘက်ကလည်း စီစစ်မှုအားနည်းတဲ့အပိုင်းမှာ တွေ့ရတယ်။ သူလျှောက်လည်နေတာ ညအိပ်တောင်သွားတယ်လို့ကြားနေရတယ်။ ဖြစ်နိုင်ရင်တော့ ဘယ်ကဘဲလာလာ ပြည်တော်ပြန်ဖြစ်ဖြစ် ပြည်တွင်းပြန်ဖြစ်ဖြစ် ရန်ကုန်၊ မန္တလေးဆို ပိုစစ်ရမယ့် အပိုင်းရှိနေတယ်လို့ ပြောချင်တယ်။” ဟု အုပ်ချုပ်ရေးမှူး ပြောသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၁၇ရက်နေ့ထိ ပိုးတွေ့ရှိသူပေါင်း ၈၅ဦး ရှိနေပြီး ပိုးတွေ့လူနာအမှတ်စဉ် ၈၂ဖြင့် ထိတွေ့ခဲ့သူနဲ့ လေယာဉ်အတူစီးခဲ့သူ ၂ ဦး ကချင်ပြည်နယ်တွင် ရှိနေပြီ ဖြစ်သည်။

 

Show More

Related Articles

Back to top button