Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနားမှ အမျိုးသမီးတစ်ဦးကို ဆေးရုံသတ်မှတ်နေရာသို့ ပို့ထား

Covid-19 ပိုးတွေ့ လူနာအမှတ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနား၊ ခေမာသီရိ ရပ်ကွက် (၃) မှ အမျိုးသမီး တစ်ဦးအား ဓါတ်ခွဲစစ်ဆေးရန် ယနေ့ ည၄နာရီချိန်တွင် ၎င်း၏နေအိမ်မှ မြစ်ကြီးနားဆေးရုံ Quarantine ထားရန်သတ်မှတ်ထားသည့် နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ခေမာသီရိအုပ်ချုပ်ရေးမှူး ထံမှသိရသည်။

အဆိုပါ အမျိုးသမီးသည် မတ်လ ၁၃ရက်နေ့တွင် စင်ကာပူမှ တူရကီသို့ရောက်ရှိခဲ့ပြီး တူရကီမှ ရန်ကုန်သို့ မတ်လ ၂၅ရက်နေ့ ရောက်ရှိကာ ရန်ကုန်တွင် ၁၄ရက် Quarantine နေခဲ့ပြီး မြစ်ကြီးနားမြို့၎င်း၏နေအိမ်သို့ ဧပြီလ ၇ရက်တွင်ရောက်ရှိခဲ့ကြောင်း သိရသည်။

“သူရောက်နေတာ ကျနော်တို့ဆီမှာအကြောင်းကြားတာလည်းမရှိဘူး။ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က လာပြောမှ ကျနော်တို့သိရတာ ပြောတဲ့သူကလည်း လိပ်စာအပြည့်အစုံမသိတော့ ကျနော်တို့မှာရှာလိုက်ရတာ။ ခုတော့ အစိုးရ သတ်မှတ်ထားတဲ့ Q နေရာကို လိုအပ်တာတွေစစ်ဆေးဖို့တွက် ရောက်ရှိနေပါပြီ။” ဟု ခေမာသီရိအုပ်ချုပ်ရေးမှူး ဦးရာဂျမ်းက ပြောသည်။

ခေမာသီရိရပ်ကွက်တွင်းရှိ ပြည်သူများအနေဖြင့် မိမိ မိသားစုအတွင်း ပြည်တော်ပြန်များရှိပါက အုပ်ချုပ်ရေးရုံးသို့ အကြောင်းကြားပေးရန်နှင့် အကြောင်းကြားခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဧပြီလ ၁၆ရက်နေ့ထိ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၈၅ ဦးရှိပြီဖြစ်ကာ ယခုမြစ်ကြီးနားဆေးရုံသို့ ဆေးစစ်ရန်ရောက်ရှိသူသည် လူနာအမှတ် ၈၂နဲ့ ထိတွေ့ခဲ့သူဖြစ်သည်။

 

Show More

Related Articles

Back to top button