Covid-19 Reporting
-
Jul- 2021 -26 July
Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှုလိုအပ်နေ
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်းတွင် Covid-19 ပိုးတွေ့လူနာ ၄ ဦးအထိရှိလာပြီး စခန်းကို Lockdown ချထားသောကြောင့် အစားအသောက်ထောက်ပံ့မှု လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ “အစားအသောက်ထောက်ပံ့တာတွေက နည်းနည်းပါးပါးတော့ လာကြတယ်။ ဒါပေမယ့် စစ်ရှောင်က…
Read More » -
26 July
စစ်အာဏာသိမ်းပြီး ပိတ်ထားသော တာမခန်ဆေးရုံကို ဒေသခံများ ကြပ်မတ်ကာ အခမဲ့ဆေးရုံအဖြစ် ပြန်ဖွင့်
စစ်အာဏာသိမ်းမှုကြောင့် ၆ လကျော်ကြာ ပိတ်ထားသော ဖားကန့်မြို့ တာမခန်ကျေးရွာဆေးရုံကို Covid-19 ကာကွယ်တားဆီးရေးအတွက် ဒေသခံပြည်သူများ ဦးစီးမှုဖြင့် ကိုယ်ထူကိုယ်ထ အခမဲ့ဆေးခန်းအဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ဒေသခံများကိုယ်တိုင် ကြပ်မတ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုဗစ် လူနာများကို ကုသနိုင်ရေး ဆောင်ရွက်နေသည်မှာ…
Read More » -
24 July
မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇)ဉီးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ “မနေ့က အချုပ်သား (၁၃) ယောက်ကို စစ်တဲ့အထဲမှာ (၇) ယောက်တွေ့တာပေါ့နော်။ အဲကြောင့်…
Read More » -
23 July
ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ
မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာစဉ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သော ခရီးသည် ၂ဦး Quarantine မဝင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် စိုးရိမ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၂ရက်နေ့ မြစ်ကြီးနားမှ ပူတာအိုသို့တက်လာသည့် ခရီးသည်ကားတစ်စီးကို…
Read More » -
22 July
ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ
ရွှေကူမြို့ ပြည်သူ့ဆေးရုံကြီးတွင် Covid-19 လူနာများအတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ အောက်စီဂျင်စက်ရုံထားရှိရန် လူမှုကူညီရေးအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။ ဆေးရုံကြီးတွင် ထားရှိမည့် အောက်စီဂျင်စက်ကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၃၀ လီတာ…
Read More » -
21 July
မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ
မိုးညှင်းမြို့ တွင် တစ်ပတ်အတွင်း ပိုးတွေ့ အတည်ပြု လူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ဇူလိုင်လ ၂၀ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၉၀ ဦးရှိခဲ့ပြီး တစ်ပတ်အတွင်း အတည်ပြုလူနာ ၁၆၂…
Read More » -
21 July
ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ
တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 ပိုးတွေ့ အတည်ပြုလူနာ ၄၇ ဦး အထိရှိလာပြီဟု သိရသည်။ ဇူလိုင်လ ၁၉ရက်နေ့ ၃၅ ဦးကို စစ်ဆေးခဲ့ရာ…
Read More » -
20 July
ပူတာအိုတွင် နာရေးကူညီမှု ကားတစ်စီး လိုအပ်ကြောင်း မေတ္တာ နာရေးကူညီမှုအသင်းပြော
ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု များပြားသည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူနာတင် နာရေးကားတစ်စီး အမြန်လိုအပ်နေကြောင်း ပူတာအို မေတ္တာ နာရေးကူညီမှုအသင်း ထံမှသိရသည်။ ပူတာအိုတွင် နာရေးကူညီမှုအသင်းအဖွဲ့စည်းထားသော်လည်း အရေးကြီးပစ္စည်းများမရရှိသေးသည့်အတွက် နာရေးလုပ်ငန်းစဉ်များဆောင်ရွက်ပေးရန် အခက်အခဲရှိနေကြောင်း မေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG…
Read More » -
20 July
မြစ်ကြီးနားတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ပိုများလာ
မြစ်ကြီနားမြို့တွင် ဇူလိုင်လလယ်ခန့်က စတင်ပြီး တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ အလွန်များလာကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ ဇူလိုင် ၂၀ ရက် တစ်ရက်တည်းတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာ ၅ ဦး…
Read More » -
20 July
ဗန်းမော် စစ်ရှောင်စခန်းများတွင် အစားအသောက် ကူညီထောက်ပံ့မှု လိုအပ်နေ
Stay Home သတ်မှတ်ထားသည့် ဗန်းမော်မြို့တွင်းရှိ စစ်ရှောင်စခန်းများတွင် အစားသောက်ကူညီထောက်ပံ့မူများ အရေးကြီးလိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။ “ကျနော်တို့ Camp မှာ ထောက်ပံ့ကြေးမရတာ ၂လကျော်ရှိသွားပြီ။ ကိုဗစ်ဘေးကဖြစ်နေတာနဲ့ မြို့ပြင်ထွက်ပြီး ရှာဖွေစားသောက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ အရင်ကဆို နေ့စားတွေ…
Read More »