,

Breaking News :

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇)ဉီးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

“မနေ့က အချုပ်သား (၁၃) ယောက်ကို စစ်တဲ့အထဲမှာ (၇) ယောက်တွေ့တာပေါ့နော်။ အဲကြောင့် ခုလက်ရှိက ပိုးတွေ့တဲ့သူတွေကို အချုပ်သားဆေးကုဆောင်မှာဘဲ ထားထားပါတယ်” မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုးကူးစက်ခံထားရသည့် (၇)ဦးတွင် အသက် (၇၆)နှစ် အမျိုးသားတစ်ဦးပါဝင်ပြီး စုစုပေါင်း အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂) ဖြစ်သည်။

မိုးညှင်း ရဲစခန်းတွင် မြို့နယ်ရဲမှူးဇနီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သည့်နောက် ဇူလိုင် ၂၁ရက်တွင် ဆက်စပ်သူ ၄ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်ရှိ မိုးညှင်းရဲစခန်းတွင်း ပိုးကူးစက်ထားသူ (၁၀) ဦး ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

“ကူးစက် ပိုရှိလာတယ်။ ဘာလို့လဲဆိုရင် ရဲဝန်ထမ်းတွေကလည်း လိုက်လံဖမ်းဆီးရတာမျိုးတွေ ရှိနေကြတော့ ထိ‌တွေ့မှု အမြဲလိုလိုရှိနေကြတယ်။ ပိုးကူးစက်တာတော့ ဒီရက်ပိုင်း ပိုများလာတယ်” ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ပိုးတွေ့လူနာများမှာ ဇူလိုင်(၁)ရက်နေ့မှ ဇူလိုင်(၂၃)ရက်နေ့အထိ မိုးညှင်းမြို့တွင် (၂၅၂)ဦး၊ ဟိုပင်မြို့တွင်(၈၁)ဦး၊ နန့်မွန်းမြို့တွင် (၁၇)ဦး ၊ အင်းတော်ကြီးမြို့တွင်(၁)ဦး၊ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ယာဉ်မောင်းယာဉ်နောက်လိုက်(၆၆)ဦး ရှိခဲ့သည့်အတွက် မိုးညှင်းမြို့နယ်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း (၄၁၇)ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၂ ဦးရှိပြီ ဖြစ်သည်။

Read Previous

ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

Read Next

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

Leave a Reply

Your email address will not be published.