,

Breaking News :

ပန်ဆိုင်း မှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလ အပြီးထိုးမည်

စစ်တပ်၏ ရိုက်နက်မှု ဒဏ်ရာကြောင့် ပူတာအို လူငယ်တစ်ဦး သေဆုံး

မြန်မာနိုင်ငံသားအချို့ကို တရုတ်ဘက်က ညအချိန် ရိုက်နက်ပြီး အတင်းပြန်ပို့ရန် စီစဉ်ခဲ့

အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ဗန်းမော် စစ်ရှောင်စခန်းများတွင် အစားအသောက် ကူညီထောက်ပံ့မှု လိုအပ်နေ

Stay Home သတ်မှတ်ထားသည့် ဗန်းမော်မြို့တွင်းရှိ စစ်ရှောင်စခန်းများတွင် အစားသောက်ကူညီထောက်ပံ့မူများ အရေးကြီးလိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

“ကျနော်တို့ Camp မှာ ထောက်ပံ့ကြေးမရတာ ၂လကျော်ရှိသွားပြီ။ ကိုဗစ်ဘေးကဖြစ်နေတာနဲ့ မြို့ပြင်ထွက်ပြီး ရှာဖွေစားသောက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ အရင်ကဆို နေ့စားတွေ ဘာတွေရှိရင် ထွက်ရှာလို့ရသေးတယ်။ ခုအခြေနေမှာက တစ်မြို့လုံး Stay at Home သတ်မှတ်ထားတော့ အပြင်ထွက်လို့လည်းမရ  အရမ်းကိုခက်ခဲဖြစ်နေပါတယ်” ဟု ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

ရောဘတ်စစ်ရှောင်စခန်းသည် ဗန်းမော်ခရိုင်အတွင်းရှိ နမ့်လင်းပါ၊ ဒေါ့ဖုန်းယန်၊ နွမ်းလန် အစရှိသည့် ကျေးရွာပေါင်း ၁၀ ခုမှ ပြည်သူများလာရောက်ခိုလှုံနေကြသည့် စစ်ရှောင်စခန်းဖြစ်ပြီး လူဦးရေအားဖြင့် ၃၈၄၁ ဦး အိမ်ထောင်စုပေါင်း ၆၀၂ စု ရှိကြောင်း သိရသည်။

ယင်းစစ်ရှောင်စခန်းများတွင် စစ်အာဏာသိမ်းမူမဖြစ်ခင်အချိန်များ၌ (WFP) မှ ကူညီထောက်ပံ့ပေးမူများပေးခဲ့ပြီး ပြီးခဲ့သည့် မေလကုန် ခန့်မှစကာ ထောက်ပံ့ကြေး မရရှိတော့ကြောင်း စခန်းတာဝန်ခံများက ပြောသည်။

“ထောက်ပံ့ကြေးရုတ်သိမ်းသွားတောတော့ မဟုတ်ဘူး။ ကျနော်တို့မေးကြည့်တော့ နိုင်ငံရေးမကောင်းလို့ ငွေလွှဲပေးဖို့ ခက်ခဲတယ်။ ဘယ်လိုမှအဆင်မပြေဘူးလို့ ပြောပါတယ်။ ဘယ်တော့လောက်ပြန်ရနိုင်မလဲဆိုတာလဲ မသိရသေးဘူး “ ဟု စခန်းတာဝန်ခံတစ်ဦးကပြောသည်။

ယခင်က စစ်ရှောင်တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၂၀၀၀ ခန့်ရရှိပြီး ဆန် ၅ ပြည်ရရှိခဲ့သည်။

ထို့ပြင် စစ်ရှောင်စခန်းများတွင် အစားအသောက်များလိုအပ်နေသည့်အပြင်  ကျန်းမာရေးအတွက် ကာကွယ်ပစ္စည်းများလည်း အရေးတကြီးလိုအပ်နေကြောင်း ထွယ်ဆန် စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ခုလိုပြောသည်။

“အဓိက ပထမ အစားသောက်လိုအပ်တယ်။ ပြီးတော့ ကျန်းမာရေးကာကွယ်ဖို့ လက်သန့်ဆေးရည်တွေလည်း လိုအပ်နေတယ်။ လက်ဆေးဖို့  ဆပ်ပြာတောင် မရှိကြတော့ဘူး။ ထောက်ပံ့ကြေးက နောက်လလည်း မသေချာသေးဘူးထင်တယ်။ ခုလောလောဆယ်တော့ အချင်းချင်း ချေးဌားပြီးမှ စားနေကြတယ်” ဟု ထွယ်ဆန်စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

ထွယ်ဆန်စစ်ရှောင်စခန်းတွင် လူဦးရေ ( ၂၂၂) ဦးနှင့် အိမ်ထောင်စုပေါင်း (၃၇) စုနေထိုင်ကာ လက်ရှိတွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်နေသည့်အတွက် စခန်းတွင်း ကျန်းမာရေးစောက်ရှောက်မူများလည်း လိုအပ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာသည့်အနက် ဗန်းမော်ခရိုင်သည် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသော နေရာဖြစ်ကာ စစ်ရှောင်အများအပြားလည်း ရှိနေဆဲ ဖြစ်သည်။

Read Previous

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏ မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်

Read Next

မြစ်ကြီးနားတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ပိုများလာ

Leave a Reply

Your email address will not be published. Required fields are marked *