ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း

  • Nov- 2025 -
    6 November

    မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ် ၂ ခုထဲက ပထမဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင် ကျွန်းပင်သာရပ်ကွက်မှာ ငှားရမ်းနေထိုင်ကြတဲ့ လင်မယားအပြန်အလှန်စကားများ ရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးကတော့ လက်၊ ခြေထောက်နဲ့ နဖူးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားထိုးခဲ့တဲ့ အမျိုးသားဖြစ်သူကိုတော့ တာဝန်ရှိသူတွေကနေပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖြစ်ချင်တော့ အဲအမျိုးသမီးရဲ့ သမီးကို ထိုးတာလို့ပြောတယ်။ အဲလိုမျိုးထိုးတာကို အဲအမျိုးသမီးက ကာပေးလို့ သူဘဲအထိုးခံလိုက်ရတာပါ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့”ဆိုပါတယ်။ ဒုတိယဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက်နေ့ည  ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်ရပ်ကွက်၊ လမ်းသွယ် ၇ ဖြစ်ပွားခဲ့တာဖြစ်ပြီး  အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို အိမ်တန်းလျားတစ်ခုတည်းမှာ အတူငှားနေတဲ့ တစ်ခြားအမျိုးသားတစ်ဦးကနေပြီးတော့ ဝမ်းဗိုက်ကို  ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသားကိုတော့ ဧရာဝတီ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကို အချိန်ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ သိရှိရပေမယ့်လည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲတဲ့လတွေတုန်းကလည်း မောင်နှမချင်း၊ သားအဖချင်း၊ သူငယ်ချင်း အချင်းချင်း ဓားခုတ် ဓားထိုးမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တာ ဖြစ်ပါတယ်။ KNGကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်ဒေသာတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က  ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာ မောင်ဖြစ်သူက အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။…

    Read More »
  • Jul- 2025 -
    10 July

    ဖားကန့်မှာ အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ

    ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာရှိ  Sky ဟော်တည်ရှေ့မှာ အချဉ် ပေါင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် တစ်နာရီဝန်းကျင်မှာ ပစ်သတ်ခံရတယ်လို့ သိရပေမယ့် သတ်ခံရတဲ့အကြောင်းရင်းကို သေချာမသိရဘူးလို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦး…

    Read More »
  • May- 2025 -
    29 May

    လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား

    ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း…

    Read More »
  • Apr- 2025 -
    30 April

    ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်း ၄…

    Read More »
  • Feb- 2025 -
    26 February

    သည်းထိပ်ဖွယ် ကလေး ၃ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို KIO အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ ဒေသခံများ တောင်းဆို

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကို ထိရောက်စွာ စစ်ဆေး အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ဂျေယန့်စစ်ဘေးရှောင်စခန်းက ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်…

    Read More »
  • Jan- 2025 -
    6 January

    ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်

    ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊…

    Read More »
  • Sep- 2024 -
    17 September

    ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာအားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တစ်ချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး။ လမ်းပေါ်တွေမှာ အများကြီးပုပ်ပွနေတာ ဘယ်လိုမှ ကောက်လို့မရသေးဘူး”လို့ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းတွေဟာ လမ်းပေါ်မှာပုပ်ပွနေပြီး ကောက်လို့မရတဲ့အပြင် နေအိမ်တွေလည်း ဆက်တိုက်မီးရှို့ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဆိုင်းတောင်ကျေးရွာထဲမှာ ရုပ်အလောင်း  ၃၀ ထက်မနည်းသေဆုံးနေပြိီး သေဆုံးတဲ့ထဲမှာ အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်ပူးပေါင်းပြီးတော့ လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပြီး Lucky Man Hotel ရှိတဲ့ ရပ်ကွက် ၄ မှာ နေအိမ် ၄၀၀ ဝန်းကျင်အများဆုံးမီးရှို့ခံရတယ်လို့ သူကဆက်ပြောတယ်။ စက်တင်ဘာ ၇ ရက်နေ့ တိုက်ပွဲစတင်လာတဲ့နောက် ၆ ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲဟာပိုပြီးပြင်းထန်လာသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေပါတယ်။ “နေအိမ်တွေ မီးလောင်တာ ခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက်(၄)နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မျာလည်း ဆိုင်းတောင် ယူမာကျေးရွာဘက်မှာ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးနေတယ်လို့ သူကဆက်ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲက နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီး အများဆုံး ဖားပြင်ကျေးရွာဘက်က အဆိုးရွာဆုံးဖြစ်တယ်လို့ သိရပါတယ်။ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်တွေ လမ်းကြောင်း ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တစ်ဖက်မှာ စစ်တပ်က နေအိမ် မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပြပါတယ်။ ဖားကန့် ဆိုင်းတောင်ကျေးရွာထဲမှာ အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့ခံရမှု အလွန်များနေပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။…

    Read More »
  • Apr- 2024 -
    12 April

    ကားမိုင်းမှာ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်ထား

    ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်(Lamawng Kahtawng)ရွာအဝင်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ကချင်အမျိုးသားတစ်ဦးကို ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အသက် ၄၃ နှစ်ရွယ် ဦးဂျန်မော်တူးအောင်ဆိုသူဟာ လယ်ခင်းကိုသွားတဲ့ လမ်းခုလပ်မှာ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးပြီးပစ်သတ်ပေးလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးတဲ့ ကားမိုင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည ၇ နာရီလောက်မှာ အိမ်ကနေ လယ်ခင်းကိုထွက်သွားတာ လမ်းမှာဖမ်းဆီးသွားတာထင်တယ်။ ပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ထားတယ်။ ပစ်သတ်ထားတာတောင် ထိုင်ထားခိုင်းပြီးပစ်သတ်ထားတာ။ သေနတ်ဒဏ်ရာ ၅ နေရာတွေ့တယ်”လို့ပြောပါတယ်။ ဦးဂျန်မော်တူးအောင်ရဲ့ကိုယ်ပေါ်  သေနတ်ဒဏ်ရာ ၅ နေရာလောက်တွေ့ရတဲ့အပြင် ခြေထောက်တစ်ဖက်နဲ့ လည်ပင်းနေရာတွေမှာသေနတ်ကျည်ပွင့်ထွက်သွားတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ရုပ်အလောင်းကို မိသားစုတွေကဒီနေ့မှာသွားရောက်ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကားမိုင်းဒေသခံအမျိုးသားက အခုလို ဆက်ပြောပါတယ်။ “ကားမိုင်းမှာက ည ၆ နာရီနောက်ဆိုသွားလာခွင့်ပိတ်ထားတာတော့ဟုတ်တယ်။ ဒါပေမယ့် သူက ဂိတ်နေရာဘက်ကနေ သွားတာမဟုတ်ဘူး။ တခြားလမ်းကနေ သူရဲ့ အခင်းကိုသွားတာ။ ကြည့်ရသလောက်က ဖမ်းဆီးသွားတာက ရွာအနီးမှာ ဖမ်းဆီးသွားပြီး ပြည်သူ့စစ်ဂိတ်အနီးမှာ ပစ်သတ်ထားတာဟုတ်တယ်။ ဖမ်းသွားတာက ရွာကလူတွေလည်း တွေ့လိုက်တယ်လို့ပြောတယ်”လို့ပြောပါတယ်။ ဦးဂျန်မော်တူးအောင်ဟာ လမောင်ကထောင်ကျေးရွာအဝင်ကားမိုင်းပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ခံထားရတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ညအချိန်သွားလာတာကြောင့် KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ယူဆပြီး ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ည ၆ နာနရီနောက်ပိုင်း မြို့တွင်း မြို့ပြင် ဒေသခံပြည်သူတွေကို သွားလာခွင့်ကန့်သတ်ထားတယ်လို့ လည်း သိရပါတယ်။ ကားမိုင်းမြို့ဟာ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ကိုတက်သွားတဲ့လမ်းမပေါ်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီးတော့ ဒီရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။ ကားမိုင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ပိုင်း ဒေသခံပြည်သူတွေကားမိုင်းမြို့တွင်းထဲကနေ ယာယီတိမ်းရှောင်နေကြတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့မှာလည်း ကားမိုင်းမြို့ကနေ ဖားကန့်ကို တက်သွားတဲ့ လမ်းကြောင်းပေါ်နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ မြစ်ကြီးနားဘက်ကနေ ဖားကန့်ကို တက်လာတဲ့လမ်းကြောင်းပေါ်မှာ ကားမိုင်းဗျူဟာကုန်း တစ်ခုသာ ကျန်ရှိနေတော့တာကြောင့် ကားမိုင်းမှာ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေကပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 5 April

    မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့

    ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ်…

    Read More »
  • 3 April

    နာဂလက်နက်ကိုင် ENDA ဗိုလ်မှူးတစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Naga Defense Army (ENDA )အဖွဲ့ထဲက ဗိုလ်မှူးတစ်ဦးခရီးသွားရင်းလုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ENDA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဧပြီ ၂ ရက် မနေ့ မွန်းလွဲပိုင်းမှာ လဟယ်နဲ့ခန္တီးကြား လဟယ်မြို့နယ်ထဲက…

    Read More »
Back to top button