ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ကားမိုင်းမှာ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်ထား

ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်(Lamawng Kahtawng)ရွာအဝင်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ကချင်အမျိုးသားတစ်ဦးကို ဧပြီလ ၁၁ ရက်နေ့   နာရီလောက်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အသက် ၄၃ နှစ်ရွယ် ဦးဂျန်မော်တူးအောင်ဆိုသူဟာ လယ်ခင်းကိုသွားတဲ့ လမ်းခုလပ်မှာ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးပြီးပစ်သတ်ပေးလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးတဲ့ ကားမိုင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မနေ့ည  နာရီလောက်မှာ အိမ်ကနေ လယ်ခင်းကိုထွက်သွားတာ လမ်းမှာဖမ်းဆီးသွားတာထင်တယ်။ ပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ထားတယ်။ ပစ်သတ်ထားတာတောင် ထိုင်ထားခိုင်းပြီးပစ်သတ်ထားတာ။ သေနတ်ဒဏ်ရာ  နေရာတွေ့တယ်လို့ပြောပါတယ်။

ဦးဂျန်မော်တူးအောင်ရဲ့ကိုယ်ပေါ်  သေနတ်ဒဏ်ရာ  နေရာလောက်တွေ့ရတဲ့အပြင် ခြေထောက်တစ်ဖက်နဲ့ လည်ပင်းနေရာတွေမှာသေနတ်ကျည်ပွင့်ထွက်သွားတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ရုပ်အလောင်းကို မိသားစုတွေကဒီနေ့မှာသွားရောက်ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကားမိုင်းဒေသခံအမျိုးသားက အခုလို ဆက်ပြောပါတယ်။

ကားမိုင်းမှာက   နာရီနောက်ဆိုသွားလာခွင့်ပိတ်ထားတာတော့ဟုတ်တယ်။ ဒါပေမယ့် သူက ဂိတ်နေရာဘက်ကနေ သွားတာမဟုတ်ဘူး။ တခြားလမ်းကနေ သူရဲ့ အခင်းကိုသွားတာ။ ကြည့်ရသလောက်က ဖမ်းဆီးသွားတာက ရွာအနီးမှာ ဖမ်းဆီးသွားပြီး ပြည်သူ့စစ်ဂိတ်အနီးမှာ ပစ်သတ်ထားတာဟုတ်တယ်။ ဖမ်းသွားတာက ရွာကလူတွေလည်း တွေ့လိုက်တယ်လို့ပြောတယ်လို့ပြောပါတယ်။

ဦးဂျန်မော်တူးအောင်ဟာ လမောင်ကထောင်ကျေးရွာအဝင်ကားမိုင်းပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ခံထားရတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ညအချိန်သွားလာတာကြောင့် KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ယူဆပြီး ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

ကားမိုင်းမြို့မှာ   နာနရီနောက်ပိုင်း မြို့တွင်း မြို့ပြင် ဒေသခံပြည်သူတွေကို သွားလာခွင့်ကန့်သတ်ထားတယ်လို့ လည်း သိရပါတယ်။

ကားမိုင်းမြို့ဟာ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ကိုတက်သွားတဲ့လမ်းမပေါ်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီးတော့ ဒီရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။

ကားမိုင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ပိုင်း ဒေသခံပြည်သူတွေကားမိုင်းမြို့တွင်းထဲကနေ ယာယီတိမ်းရှောင်နေကြတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့မှာလည်း ကားမိုင်းမြို့ကနေ ဖားကန့်ကို တက်သွားတဲ့ လမ်းကြောင်းပေါ်နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ မြစ်ကြီးနားဘက်ကနေ ဖားကန့်ကို တက်လာတဲ့လမ်းကြောင်းပေါ်မှာ ကားမိုင်းဗျူဟာကုန်း တစ်ခုသာ ကျန်ရှိနေတော့တာကြောင့် ကားမိုင်းမှာ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေကပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button