တိုက်ပွဲ
-
May- 2025 -9 May
ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြော
ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုဟာ မေလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ဖြစ်ပြီး လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူ ၁၅…
Read More » -
7 May
ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်
မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊…
Read More » -
1 May
KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအထိ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းတွေ ပြန်လည် ရောက်ရှိလာ
ဖားကန့်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ နန့်ယားကျေးရွာ မရောက်မှီ အွမ်ကျေးရွာ (Um Mare) ဆုတောင်းကုန်းနေရာမှာ တပ်စွဲလိုက်ပြီး စစ်ကြောင်းဆက်လက်ချီတက်နိုင်ရန်အတွက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ကားမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာမှာ…
Read More » -
Apr- 2025 -29 April
မြစ်ဆုံအထက် တန်ဖရဲရွာမှာ စစ်တပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်တွေက ဆွမ်ပရာဘွမ့်သွားလမ်း ဂွေထော်(Gwi Htau) ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက်…
Read More » -
28 April
ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ
ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ်အပါအဝင် စကခ (၂၁)၊ ခလရ ၄၇ နဲ့ တခြားစစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စကခ(၂၁)၊ ခလရ ၄၇ ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁) ကျောင်းနဲ့ Galaxy KTV နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်တိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ၄ ရက်နေ့မြောက် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက ဒီကနေ့ ဆိုရင် ၄ ရက်ရှိပြီ။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်။ မြို့တွင်းဘက်တွေမှာလည်း ရှင်းလင်းတိုက်ခိုက်နေသလို စကခ (၂၁) ဘက်မှာလည်း ဖြစ်နေတယ်။ ခလရ ၄၇ ဘက်မှာလည်းဖြစ်နေတယ်။ တိုက်ပွဲဖြစ်တာ ၄ ရက်အတွင်းမှာ တစ်ချို့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ခဲ့တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေ စကခ (၂၁) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်တိုက်ခိုက်နေပြီး စကခ (၂၁) တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ စည်ပင်ရုံးနဲ့ ကာကင်းတပ်စခန်းတစ်ချို့ KIA လက်လွတ်လိုက်ရပြီး တိုက်ပွဲပြန်ဖြစ်တဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ကချင်စုရပ်ကွက်ရှိ Robert KBC ဘုရားကျောင်းဝင်းနဲ့ စာသင်းကျောင်းတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့ ပြန်လည်လက်လွတ်လိုက်ရတယ်လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်း ဧပြီလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန် ထိုးစစ်ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေကလည်း ဗန်းမော်လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီ ဒရုန် လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၄ ကြာမြင့်လာတဲ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဖော်ဆောင်နေရ့သေးသလို လက်ရှိမှာ စစ်တပ်က KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဖာကန့်ဒေသဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ မြေငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာထားတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲက အရေးပါတဲ့ မြို့ကြီး နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
28 April
မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ
ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် မအူပင်နဲ့…
Read More » -
25 April
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်
တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊…
Read More » -
25 April
ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ ထောင်ချီတိမ်းရှောင်
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာ နန့်ယား၊…
Read More » -
24 April
နန့်မွန်းမြို့အထိုင်တပ်က လက်နက် ကြီးဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတစ်ချို့တိမ်းရှောင်
ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့ရှိ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသအနီးရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၃ ရက် မနက်အစောပိုင်းကစပြီး နန့်မွန်းမြို့မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ကအင်းတော်ကြီးဒေသ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာဘက်ကို…
Read More » -
24 April
အပစ်ရပ်ကြေညာထားတဲ့ စစ်တပ် ဖားကန့်ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။ ဒီလဆန်းပိုင်းကစပြီး အင်းတော်ကြီးဒေသဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တစ်လဝန်းကျင်ခန့်အကြာ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…
Read More »









