တိုက်ပွဲ

  • Apr- 2024 -
    1 April
    photo- ရှေ့တန်းတစ်နေရာက ဗန်းမောက် PDF တပ်ဖွဲ့ဝင်များ

    ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့နယ် အနောက်ခြမ်းက ကျောက်ကာ၊မင်းကုန်း နဲ့ ဖန်းခါးကုန် ရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးတော့ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ…

    Read More »
  • 1 April

    နှစ်ပေါင်း ၆၀ ကျော်ရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum)ဗျူဟာတပ်စခန်းကြီးကို KIA သိမ်းပိုက်

    ဗန်းမော် – လွယ်ဂျယ်လမ်းမပေါ်မှာရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum) စစ်တပ်ဗျူဟာကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ဒီကနေ့မှာ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့နီးစပ်တဲ့ လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “တပ်စခန်းထဲကိုဝင်နိုင်တာက မနေ့ည ကတည်းဖြစ်တယ်။ ဒါပေမယ့် မိုးချုပ်သွားတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ အပြီးသတ်ရှင်းလင်းလိုက်တာ။ အခုက စခန်းထဲက စက်လက်နက်တွေသယ်ယူနေကြတယ်။ တိုက်ပွဲမှာက စစ်တပ်ဘက်က တော်တော်ထိသွားကြတယ်လို့ပြောပါတယ်။ မနေ့ညဆို KIA တပ်တွေက ရုပ်အလောင်းတွေနဲ့ အိမ်ကြတယ်တဲ့။ တစ်ချို့စစ်သားတွေက အကုန်ထွက်ပြေးသွားကြတယ်”လို့ပြောပါတယ်။ စိန်လုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး KIA ဘက်ကလည်း စက်လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စိန်လုံစစ်ကောင်စီတပ်စခန်းဟာ ဗန်းမော် – လွယ်ဂျယ်လမ်းမကြီးပေါ်မှာ အကြီးဆုံးဗျူဟာတပ်စခန်းတစ်ခုဖြစ်ပြီး စစ်အင်အား ၂၀၀ ဝန်းကျင်လောက်အထိ နှစ်ပေါင်း ၆၀ ကျော်ခန့် အထိုင်ချထားတဲ့တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စိန်လုံတပ်စခန်းက ဗန်းမော် – လွယ်ဂျယ်လမ်းအတွက် စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းဖြစ်တယ်သလို KIA လိုင်ဇာရဲ့ ဒုတိယမြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ မိုင်ဂျာယန်ဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်ခြိမ်းခြောက်နေတဲ့ တပ်စခန်းဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။ “KIA ရဲ့ အရှေ့ပိုင်းတိုင်းဌာနဘက်ဆိုရင် ဒီထက်ကြီးတဲ့ တပ်စခန်းကမရှိတော့ဘူး။ ဒါကြောင့် ဒီတပ်စခန်းက ဒီတကြောမှာ လက်နက်ကြီးထားပြီး ပစ်ခတ်နေတဲ့ တပ်စခန်းဖြစ်တာကြောင့် အရမ်းအရေးကြီးတဲ့ တပ်စခန်းဖြစ်တယ်။ ဒီတပ်စခန်းကနေ ခြိမ်းခြောက်နေတာက မိုင်ဂျာယန်ကိုတော့ အချိန်မရွေးပစ်ခတ်လို့ရတဲ့ နေရာဖြစ်တယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေက ဗန်းမော် – လွယ်ဂျယ်လမ်းမတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအငယ် အားလုံးကို မတ်လ ၂၇ ရက်နေ့မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လွယ်ဂျယ် နဲ့ စိန်လုံဘွမ့် အနီးတဝိုက် KIA တပ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ယော်ယုံဘွမ့်၊ ဖလန်းဘွမ့်(မဒါဘွမ့်)၊ လော့မွန်၊ ဘန်ယော်ဘွမ့်၊ ရှန်သိုင်းဘွမ့်၊ လော့ဒန် နဲ့ ရှေ့တန်းစခန်းငယ် စုစုပေါင်း ၁၁ လောက်ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လွယ်ဂျယ်အနီးတဝိုက်မှာ လွယ်ဂျယ်မြို့တွင်းတပ် တစ်ခုသာကျန်ရှိနေတာဖြစ်ပြီး KIA က မြို့တပ်ကို တိုက်ခိုက်ဖို့ မတ်လ ၂၈၊ ၂၉ ရက်နေ့မှာ ပြင်ဆင်နေပေမယ့် တရုတ်အစိုးရတားမြစ်နေတာကြောင့် ယနေ့အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေက သိမ်းပိုက်ဖို့အတွက် မတ်လ ၂၈ ကနေ ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး လွယ်ဂျယ်ဒေသတွေကိုလည်း ယာယီတိမ်းရှောင်ထားဖို့ KIA ဘက်ကနေ ညွှန်ကြားထားရှိတယ်လို့ သိရပါတယ်။ တဖက်မှာ စစ်ကောင်စီတပ်တွေက စိန်လုံတပ်စခန်းအပါ လွယ်ဂျယ်အနီးတဝိုက်မှာရှိတဲ့ တပ်စခန်းအားလုံးကို လက်လွတ်လိုက်ရတာဖြစ်ပြီး လွယ်ဂျယ်မြို့တွင်းတပ် တစ်ခုသာကျန်ရှိနေတာကြောင့် လွယ်ဂျယ်အနီးတဝိုက် စစ်လေယာဉ်နဲ့ အဆက်မပြတ်လာရောက်ဗုံကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Mar- 2024 -
    28 March

    အကျဲစစ်တပ်စခန်းကို KIA လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ရင်း (၁၁) က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီမနက် ၅နာရီဝန်းကျင်မှာ အကျဲကျေးရွာနဲ့ဖရောကျေးရွာကြားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး  နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့ KIA ဘက်အကျဲတပ်စခန်းကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ KIA ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အကျဲတပ်စန်းထဲတစ်လုံးကျပေါက်ကွဲခဲ့တဲ့အပြင် ရွာတွင်းမှာရှိတဲ့နေအိမ်တစ်လုံးမှာလည်းထိမှန်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ အကျဲတပ်စခန်းကို ပစ်တာကျော်သွားတာထင်တယ် အိမ်တစ်အိမ်မှာသွားကျပြီး အဲအိမ်မီးလောင်သွားတယ် အဲမှာရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကခြေထောက်မှာဗုံးစ နည်းနည်းထိတယ် နောက်တစ်ယောက်တော့ချက်မှာ ထိသွားတယ်”လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ထိမှန်ရရှိခဲ့တဲ့ အကျဲဒေသခံအမျိုးသမီးနှစ်ဦးကိုတော့ လူမူကူညီရေးအသင်းရဲ့အကူညီနဲ့မြစ်ကြီးနားဆေးရုံကြီးကို ပိုဆောင်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း အကျဲရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီလေယာဉ်တွေပျံဝဲနေတဲ့အတွက် ဒေသခံတွေဟာ တိမ်းရှောင်ဖို့လိုအပ်နေပေမယ့် တိမ်းရှောင်မယ့်နေရာအခက်ခဲဖြစ်နေတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အကုန်လုံးက ဘယ်ကိုပြေးရမှန်းလည်း မသိတော့ သတိနဲ့ ဘဲနေနေကြတယ် ကိုယ်နည်းကိုယ်ဟန် နဲ့ဘဲ ပုန်းနေကြတာပေါ့ တချို့ကြတော့လည်း ဘုရားကျောင်းလို့ နေရာမျိုးမှာ သွားပုန်းရှောင်နေကြတာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာလည်း အကျဲကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သေးတဲ့အပြင် ဖေဖော်ဝါရီလမှာလည်း အာကျဲရွာကျေးရွာလမ်းမတစ်လျှောက်မှာရှိတဲ့ မော်ဖောင်းကျေးရွာအဝင်က စစ်တပ်ဂိတ်ကိုလည်း  KIA ဘက်ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ By – Hope

    Read More »
  • 28 March

    ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး

    ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့နေ့ကစပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA ပူးပေါင်းတပ်ပိတ်ပင်ထားတာ ခုဆိုရင် ရက်ပေါင်း ၂၀ ရက်ကျော်ရှိမြင့်လာချိန် စစ်တပ်အတွက် ရိက္ခာပြတ်လပ်လာတဲ့အခြေနေကြုံနေရ ပြီဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ထိ ဆွမ်ပရာဘွမ်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ယောက်ကအခုလိုပြောပါတယ်။ “သူတို့က ကတုတ်ကျင်းကို လိုဏ်ဂူလိုအခိုင်အမာဆောက်ပြီးနေနေတာကြောင့် ခက်နေသေးတယ် လေယာဥ်နဲ့က ပြန်လာပစ် သူတို့က အထဲမှာပဲအခိုင်အမာနေရာယူထားတာဆိုတော့ခက်နေတယ် ဒီစခန်းကိုမရရအောင်သိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်နေတယ် သူတို့ ဒီစခန်းမှာ အင်အားတော့သိပ်မရှိ တော့ဘူး ရိက္ခာတွေလည်ပြတ်နေပြီလို့သိရတယ် လေယာဥ်ကပဲလာချတာပဲလုပ်နေတယ် လေယာဥ်နဲ့ပဲ အဓိကထားပြီးလာပစ်နေတယ် ဒီစခန်းထဲမှာရှိနေတဲ့ စစ်သားတွေကလည်း ငတ်ပြတ် နေကြပြီ သူတို့အထက်အမိန့်မရတာကြောင့်ပဲ လက်မလွှတ်တာတစ်ခုပဲရှိတော့တယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ကျဆုံးမှုတွေလည်းများနေတယ်လို့သိရသလို တပ်စခန်းအတွင်း စစ်ကောင်စီဘက်က အင်အား ၉၀ ဝန်းကျင်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒီစစ်တပ်စခန်းကို  KIA နဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ နီးပါးကြာမြင့်လာပြီ ဖြစ်ပြီး တိုက်ပွဲစဖြစ်တဲ့ မတ်လ ၉ ရက်နေ့တည်းက ထွက်ပြေးနေရတဲ့ ဆွမ်ပရာဘွမ်ဒေသကအရပ်သားတွေဟာလည်း အခက်အခဲများစွာကြုံနေရပါတယ်။ ထွက်ပြေးနေရသူတွေထဲ ကိုယ်ဝန်ဆောင်၊သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေကအများဆုံး ဖြစ်ပြီး  အကူညီ တစ်စုံတစ်ရာမရရှိကြဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “ကျနော်တို့လည်းအခက်အခဲတွေကအများကြီးပါပဲ ဆန်လည်းမလုံမလောက်ဖြစ်နေတယ် ပြီးတော့ မိုးကလည်းရွာတော့ နေစရာလည်းအခက်ဖြစ်တယ် ကလေးနဲ့အသက်ကြီးတဲ့သူက အများကြီးဆိုတော့ အခက်အခဲကအများကြီးပါ။ အကူညီဆောင်ရွက်ပေးတာကလည်း မရှိသလောက်ပါပဲ အကူညီကတော့ကောင်းကောင်းဘာမှမရသေးပါဘူး” လို့ပြောပါတယ်။ တစ်ဖက်မှာ ကြာမြင့်လာတဲ့တိုက်ပွဲနဲ့အတူ တောင်ထဲတောင်ထဲ ဖြစ်သလိုပဲနေထိုင်နေရတဲ့ စစ်ရှောင်တွေဟာ နာမကျန်းဖြစ်တာတွေပါရှိလာတဲ့အတွက် ဆေးဝါးအကူညီတွေပါ လိုအပ်နေပြီလို့ဆိုပါတယ်။ အခုလို KIA ဘက်ကလည်း နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ခလရ ၄၆ တပ်ရင်းဟာ ဆွမ်ပရာ ဘွမ်မြို့ရဲ့ တစ်ဝက်လောက်ထိကြီးမားတဲ့ တပ်ရင်းကြီးဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုလမ်းမကြီး ပေါ်ရှိတဲ့ တပ်ရင်းကြီးလည်းဖြစ်တဲ့အတွက် စစ်ရေးအရ အရေးကြီးတဲ့တပ်စခန်းကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ ဆွမ်ပရာဘွမ် ခလရ ၄၆ တပ်ရင်းကိုတော့ ပူတာအိုကနေ တိုက်ရိုက်ကွပ်ကဲပြီး ဆွမ်ပရာဘွမ် အထက်ဘက် ကားနဲ့ဆို ၄ နာရီလောက်သွားရတဲ့ မချမ်းဘော့မြို့နယ်ထဲ က စစ်ကောင်စီတပ်စခန်း တစ်ခုက စစ်ကောင်စီတပ်သားတွေလည်း ပူတာအိုဘက် စခန်းစွန့်ခွာသွားကြတယ်လို့ သိရပါ တယ်။ တစ်ဖက်မှာ ဆွမ်ပရာဘွမ်တိုက်ပွဲကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA နဲ့ပူးပေါင်းအဖွဲ့က ပိတ်ထားတဲ့ အတွက် ပူတာအိုဒေသဘက်ကိုပါ တိုက်ပွဲအရှိန်ကရိုက်ခတ်လာပြီး စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်စပြုလာပြီလို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်နေပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း စခန်းကြီးငယ် ၄၀ ကျော်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 28 March

    ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်

    ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုးကန့်တပ် MNDAA ဟာ သိန္နီမြို့ထဲမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာကနေ မနေ့က မတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP/SSA က ခုခံ ကာကွယ်တဲ့အနေအထားနဲ့ပဲ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ “တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံ ကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည် သင့်မြတ် ရေး အတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများ ဖြေရှင်းသွားနိုင် ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်နဲ့ ဖြေရှင်းလို့မရခဲ့မှသာ သူတို့အဖွဲ့အစည်းနဲ့အုပ်ချုပ်ရေး နယ်မြေအတွင်းမှာ မိဘပြည်သူတွေကိုထိပါးစော်ကူးမှုတွေလုပ်လာရင်တော့ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့ SSPP/SSAက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မတ်လ ၂၆ ရက်နေ့တိုက်ပွဲကတော့ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု ကုန်းညောင်ရွာအနီးမှာဖြစ်ပွာ ခဲ့တာဖြစ်ပြီးတော့ ၁၀မိနစ်ခန့်နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာတော့ စယ်အူကျေးရွာအုပ်စု ပန်းနားကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂ နာရီလောက်ထိ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ SSPP Info က ဆိုပါတယ်။ “ဟုတ်တယ် နမ့်စလပ်မှာ ကိုးကန့်နဲ့ရှမ်းနဲ့ဖြစ်တာ သူနေရာဝင်ကိုယ့်နေရာဝင်အဲ့လိုထိပ်တိုက်တွေ့ ကြတာတဲ့ အဲ့ဘက်ကတော့ သိန္နီကျတာပေါ့ အဲ့တစ်ဝှိုက်ကရှမ်းဘက်ကလည်း သွားလာနေတာ ရှိတယ် အဲ့မှာထိတွေ့ကြတာ သိန္နီကိုကျ MNDAA ကထိန်းချုပ်ထားတာကို” လို့ဒေသခံတစ်ယောက်ကလည်း MNDAA နဲ့ SSPP/SSAတို့အကြား တိုက်ပွဲဖြစ်တဲ့အခြေနေကို အတည်ပြုပါတယ်။ ဒီတိုက်ပွဲဖြစ်စဥ◌်နဲ့ပတ်သက်လို့ ကိုးကန့်တပ် MNDAA ကလည်းတစ်စုံတစ်ရာသတင်း ထုတ်ပြန် ခြင်းမရှိသေးသလို MNDAA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးလီကျားဝင်းကို KNG က စာပို့မေးမြန်းထား ပေမဲ့ အကြောင်းမပြန်သေးပါဘူး။ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA နဲ့ ညီနောင်မဟာမိတ်၃ ဖွဲ့ထဲက ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA တို့ဟာ “ဝ” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်ထားသော အဖွဲ့များဖြစ်ကြပါတယ်။ By – အမိုး

    Read More »
  • 28 March

    သက်တမ်းကြာ လွယ်ဂျယ် ယော်ယုံ(Yaw Yung)နဲ့ မဒါ(Mada) တပ်စခန်း ၂ခုကို KIA သိမ်းပိုက်

    တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်(Loije)မြို့ကို ထိန်းချုပ်ထားတဲ့ ယော်ယုံဘွမ့် (Yaw Yung Bum) နဲ့ မဒါးဘွမ့် (Mada Bum) စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ ရက်နေ့ ဒီကနေ့မှာ…

    Read More »
  • 27 March

    ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်

    ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့မနက် ၆ နာရီ ဝန်းကျင်ကနေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်း ၄ ခုထပ်မနည်း သိမ်းဆည်းထားတဲ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။…

    Read More »
  • 26 March

    လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်

    ‌ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း(တာဝါတိုင်ကုန်း)နဲ့ လုံဂျာဘွမ့် တပ်စခန်း ၄ ခုကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၆ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီးလို့ KIO အတည်ပြုပြောဆိုပါတယ်။…

    Read More »
  • 26 March

    ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က…

    Read More »
  • 25 March

    ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ

    မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉…

    Read More »
Back to top button