တိုက်ပွဲ
-
Apr- 2024 -8 April
ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်း PDF တိုက်ခိုက်သိမ်းပိုက် အင်အား ၄၀ ကျော်လက်နက်ချ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီိအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်ရဲ့ရှေ့တန်းခံတပ်စခန်းတစ်ခု ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက််ခဲ့ရာ စစ်တပ်ဘက်က အင်အား ၄၀ ကျော်လက်နက်ချအလင်းဝင်လာတယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒီစခန်းဟာ ၂၀၂၂ ခုနှစ်ကစလို့ ကျွန်းကုန်းကျေးရွာမှာအထိုင်ချထားတဲ့စခန်းဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းရေးဝင်နေပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ခံတစ်ဦးက ခုလိုပြောတယ်။ “သိမ်းတာကတော့ဒီကနေ့မနက် ၂ နာရီမှာသိမ်းလိုက်ပြီ မနက် ၂ နာရီကနေစဝင်တာအခုထိတော့ရှင်းလင်းရေးလုပ်နေတုန်းပဲ သူတို့မိုင်းတွေလည်းအများကြီးထောင်ထားတယ်ရှင်းလင်းနေတုန်း လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ် အလင်းဝင်ထားတာတွေလည်းရှိတယ်။ အခုလောလောဆယ်အထိကို အလောင် ၇၀ ကျော်ပြီဗျ ကျန်တဲ့ ၇၀ ကျော်က ထွက်ပြေးသွားတယ် အနောက်ဘက်တောလမ်းဘက်ကိုပြေးသွားတယ်”လို့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီစစ်သားနဲ့ SNA စစ်သားစုစုပေါင်း ၄၇ ဦးလက်နက်ချအလင်းဝင်ထားပြီး လက်ရှိအချိန်အထိ သေဆုံးရုပ်အလောင်း ၇၀ ကျော်တွေ့ထားပြီလို့လည်းသူကဆက်ပြောပါတယ်။ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကျွန်းကုန်းကျေးတပ်စခန်းသိမ်းတိုက်ပွဲကို မတ်လ ကုန်ပိုင်းကစပြီး ထိုးစစ်ဆင်ဆင်နွဲလာခဲ့ပေမယ့် တပ်စခန်းတွင်းဘန်ကာတွေအခိုင်အမာတည်ဆောင်ထားသလို မြေအောက်ဥမင်လှိုဏ်ခေါင်းတွေလည်းတူးဖော်ထားတာကြောင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးမှသာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွင်း စခန်းဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ SNA စစ်သားတွေကို လမ်းကြောင်းရှင်းပေးဖို့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတယ်လို့ ဟုမ္မလင်း PDF ကနေသိရပါတယ်။ “တစ်ချို့ကထွက်ပြေးသွားတဲ့သူတွေရှိတယ် သူတို့က အဲဒါကိုလမ်းရှင်းပေးတဲ့သဘော တံတားဦးကနေတက်လာတဲ့ဂျက်ဖိုက်တာ ၂စီးနဲ့လာပစ်သွားတယ်။ ထိခိုက်မှုတော့မရှိပါဘူး”လို့ ဟုမ္မလင်း PDF တာဝန်ခံကဆက်ပြောပါတယ်။ ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ၁၀ ရက် ကျော်အတွင်း စစ်ကောင်စီတပ်က မနောသာနဲ့ကျွန်းကုန်းအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦး PDF တစ်ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ်အရပ်သား ၄၀ ကျော် ထိခိိုက််ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ ဟုမ္မလင်းကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ SNA နဲ့စစ်ကောင်စီစစ်သားတွေဟာ ကျွန်းကုန်းကျေးရွာထဲမှာ ၂၀၂၂ ခုနှစ် ဧပြီ လန်းပိုင်းကတည်းက တပ်ထိုင်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။ အလားတူ ကျွန်းကုန်းကျေးရွာနဲ့ရွာချင်းဆက်နေတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ကျေးရွာထဲက စစ်ကောင်စီနှင့် SNA တပ်တွေပူးပေါင်းတပ်ထိုင်တဲ့ တပ်စခန်း ၂ ကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ အထူးလှုပ်ရှားတပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း–၁၊ ခန္တီးခရိုင် တပ်ရင်း–၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ကဧပြီလ ၁ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
7 April
ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆…
Read More » -
7 April
ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရချိန် တစ်ဆက်တည်း ဝူယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးငွါးဟူဆာအိမ်…
Read More » -
5 April
ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ…
Read More » -
4 April
မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် – မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံမှာရှိတဲ့ ဟန်ထက်(Han Htet)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၃ ရက်နေ့…
Read More » -
3 April
ခဝမ်ဘန်(ကျောက်စခန်း)စစ်တပ်ဂိတ်နဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်
မိုးမောက် နဲ့ လွယ်ဂျယ်သွားလမ်းပေါ်က ဆယ်စုနှစ်တစ်ခုအကြာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ငွေကြေးကောက်ခံနေတဲ့ ကျောက်စခန်း(Hka Wan Bang) စစ်တပ်စခန်းအပါ မိုင်ဆပ်ကောင့်(Mai Sak Kawng) တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။…
Read More » -
3 April
မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်
ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…
Read More » -
2 April
ဟုမ္မလင်းမှာ SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တပ်စွဲထားတဲ့ ကျေးရွာနှစ်ရွာကို PDF တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြိီး ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တပ်စွဲထားတဲ့ကျေးရွာနှစ်ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်နေတဲ့ မနောသာရွာနှင့်အင်ကြင်းမော်ကျေးရွာတို့ကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ မနေ့ကမနက်အစောပိုင်းမှာ တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲ ဖြစ်နေတာတော့ ၄ ရက်လောက်ရှိပြီဗျ မနေ့ကပဲဟုမ္မလင်းနယ် ကျွန်းကုန်းအုပ်စုထဲက မနောသာရွာနှင့်အင်ကြင်းမော်ရွာကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီမှာ ကာကွယ်ရေးဘက်က ထိန်းချုပ်လိုက်ပါတယ်”လို့ ပြောပါတယ်။ မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲမှာ SNA နဲ့ ပျူစောထီးတွေဟာ တစ်ရွာကို အင်အား ၅၀ အထက်နဲ့ ၂၀၂၂ ခုနှစ်ကတည်းကတပ်ထိုင်နေတာဖြစ်ပြီး ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လ ၂၉ ရက်နေ့ကတည်းကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်အကြာမနေ့ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲက SNA နဲ့ ပျူစောထီးတပ်တွေဟ PDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျွန်းကုန်းရွာဘက်ကိုပူးပေါင်းထွက်ပြေးသွားပေမယ့် လက်ရှိကျွန်းကုန်းရွာကိုလည်း PDF တပ်တွေ ပိတ်စို့တိုက်ခိုက်နေတာကြောင့် အထိနာနေပြီးစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနေတယ်လို့ သိရပါတယ်။ “ကျွန်းကုန်းမှာလည်းရှိတယ် မနောသာရွာနဲ့အင်ကြင်းမော်ထွက်ပြေးသွားတဲ့အဖွဲ့တွေက ကျွန်းကုန်းမှာသွားပေါင်းနေတာ အခုဒီဘက် PDF က ပိတ်စို့ထားတော့သူတို့ပိတ်မိနေတယ် ဒီကနေ့မနက်တော့ MI 2 တစ်စီးနဲ့ ကျွန်းကုန်းအနီးဝန်းကျင်တွေကိုကျဲချသွားတယ် ပြည်သူတွေလည်းထိခိုက်တာရှိတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။ ကျွန်းကုန်းမှာ SNAနဲ့ ပျူစောထီးတွေပိတ်မိနေတာကြောင့် စစ်ကောင်စီဟာ ဒီကနေ့ မနက် ၁၀ နာရီတိတိအချိန်မှာ ဟုမ္မလင်းလေတပ်ကနေ MI 2 လေယာဥ် အမျိုးအစားနဲ့ ကျွန်းကုန်းအနီးတစ်ဝိုက်ကို လေယာဥ်နဲ့ဗုံးကျဲခဲ့တာကြောင့် ကလေးငယ် ၃ ဦး ပခုံးနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ဟုမ္မလင်း PDF မဟာမိတ်ဟာ လက်ရှိ ကျွန်းကုန်းကိုလည်းဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။ လက်ရှိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိနေတာကြောင့် ကျွန်းကုန်းကျေးရွာအပါအဝင်ကျွန်းကုန်းအုပ်စုထဲက မနောသာရွာ၊အင်ကြင်းမော်ရွာနဲ့အနီးဝန်းကျင်က ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
2 April
တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်
“ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။
Read More » -
1 April
လွယ်ဂျယ်ဒေသခံတွေကို ၂ ရက်အတွင်းမှာ တိမ်းရှောင်ကြဖို့ KIA ပြောဆိုထား
တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ၂ ရက်အတွင်း ယာယီရွှေ့ပြောင်းခိုင်းထားတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မတ်လ ၂၇၊ ၂၈ နှစ်ရက်အတွင်း လွယ်ဂျယ်မြို့ကို ဝိုင်းရံထားတဲ့ ယော်ယုံဘွမ့်(Yaw Yung…
Read More »









