တိုက်ပွဲ

  • Mar- 2024 -
    9 March

    ဆွမ်ပရာဘွမ့်မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA တပြိုင်နက် KIA ဝင်ရောက်တိုက်ခိုက်

    ဆွမ်ပရာဘွမ် – ကချင်ပြည်နယ် ဆွမ်ပရာဘွမ့် (Sumpra Bum) မြို့တွင်းအခြေစိုက် ခလရ ၄၆ တပ်ရင်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်ရင်းမဟာ ၁ ၊ တပ်ရင်း ၇ တို့က မနေ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။…

    Read More »
  • 8 March

    Nlung Hka ပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း

    “တပ်စခန်းမှာက ပြည်သူ့စစ်တပ်သားတွေက ၃၊ ၄ ယောက်ပုန်းခိုပြီး ကျန်ရှိနေတာဖြစ်တယ်။ အဲဒါကို အကုန်ရှင်းလင်းလိုက်ပြီ။ KIA အဖွဲ့တွေက အင်လုန်ခတံတားရဲ့ တစ်ဖက်ကမ်းမှာ မနေ့ကနေ ရောက်ရှိနေကြတာဟုတ်တယ်။ ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ တပ်ထဲဝင်ရောက်နိုင်ကြတယ်။ KIA တပ်တွေက အဲထဲမှာရှိနေပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။

    Read More »
  • 8 March

    ဒေါ့ဖုန်းယန်မြို့တွင်းအခြေစိုက် ခလရ ၁၄၂ တပ်စခန်း အလံဖြူထောင် လက်နက်ချ

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ၊ စစ်ကောင်စီတပ်ရဲ့ ဒေါ့ဖုန်းယန် (Hangkai Bum) ခလရ ၁၄၂ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက မတ်…

    Read More »
  • 7 March

    ဖွန်းပရန်ဘွမ့် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်

    “မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်းခဏငြိမ်ပြီး ညနေပိုင်းကနေ ပြန်တိုက်တာ လိုင်ဇာနဲ့အနီးဆုံး ဖွန်ပြန်ဘွမ်(Hpunpyen bum) ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ်၊ ခယာဘွမ်၊ ရှဒန်ပါ စသဖြင့် နေရာတိုင်းက တပ်ရင်းတွေရဲ့ ရှေ့တန်းစခန်းပေါ့ ကာကရိန်းPost စုစုပေါင်း ၁၀ ခုလောက်တော့သိမ်းလိုက်ပြီ” ဟုဗိုလ်မှူးကြီးနော်ဘူက ညနေ ၅ နာရီခွဲမှာ KNG ကချင်သတင်းဌာနကိုပြောပါတယ်။

    Read More »
  • 7 March

    တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ

    တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုများပေမယ့် တပ်စခန်းလက်မလွတ်ရအောင် ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားထပ်မံလာချသွားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၃…

    Read More »
  • 7 March

    KIO  လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်နေ

    မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။ မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…

    Read More »
  • 6 March

    ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

    Read More »
  • 6 March

    မဂျီဂုန်စခန်းသိမ်းနိုင်တာဟာ KIA တွက်အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ရွာဘက်မှာရှိတဲ့ စစ်တပ်ရဲ့မဂျီဂုန်ဗျူဟာစခန်းကြီးကိုသိမ်းပိုက်ရရှိနိုင်တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စိုးမိုးနယ်မြေပိုကျယ်ပြန့်လာစေပြီး အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့  KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    Read More »
  • 5 March

    တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။…

    Read More »
  • 4 March

    ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာကိုမီးရှို့ပြီး ခံသာရွာဘက်ကို ထွက်လာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်တဲ့နှစ်ရက်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၃ ရက်နေ့ မနေ့ကတိုက်ခိုက်မှုမှာ ခံသာရွာကနေအိမ်တချို့နဲ့ ကျောင်းဆောင်တွေကိုထိမှန်ခဲ့တာလို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျောက်တန်းရွာတွေဘက်ကိုမီးတွေရှို့ကြတာပေါ့ အဲ့ဒီကနေ ခံသာရွာဘက်မှာတိုက်ပွဲဖြစ်တာ အဲ့တာ ခံသာဘက်ကိုလေကြောင်းလာပစ်လို့ ခံသာအထကကျောင်းတော့ပျက်သွားတယ်လို့ သိရပါတယ်။” လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ အဲ့ဒီတိုက်ပွဲကြောင့် ရွှေဘို–မြစ်ကြီးနားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ရပြီး ကားစီးရေ ၁၅၀၀ နဲ့ လူဦးရေ ၁သောင်းခွဲလောက်ပိတ်မိခဲ့သေးတယ် လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “လမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကတော့ပိတ်တော့ပိတ်နေတာ ဒီနေ့ နေ့လည်လောက်မှလမ်းပြန် ပွင့်တယ်ပြောတယ် သူတို့လည်းထွက်သွားလောက်ပါပြီ လမ်းဖွင့်တာကတော့သေချာပါတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်မိခဲ့တဲ့ ခရီးသွားပြည်သူတွေကို ကောလင်းမြို့နယ်လူသားစာနာနဲ့ ကောလင်း ပြည်သူတွေက နေ့စဥ်ထမင်းထုပ်ပို့ဆောင်ပေးတာတွေလုပ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ ကောလင်းခရိုင်တပ်ရင်း ၁၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်း စစ်ကြောင်း  ကောလင်းမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သစ်ဖုလဘုရားကုန်းတပ်စခန်းကို သိမ်းပိုက် နိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာနဲ့ ငါးကြီးအိုင်ရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ချိန်မှာလည်း အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်အလုံးစုံထိန်းချုပ်တဲ့နေ့ကစ ကောလင်းမြို့ပေါ် နဲ့ ဘေးပတ်ဝန်းကျင်က အရပ်သား သောင်းနဲ့ချီရှိနေပြီးတော့ အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ရာ ၃ လအကြာထိန်းချုပ်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ စတင် လည်ပတ်နေချိန် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ကို အလုံးစုံပြန်ထိန်းချုပ်ထားတာပါ။ အဲ့ဒီလိုထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို နေ့စဥ်မီးပတ်ရှို့နေပြီးတော့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
Back to top button