တိုက်ပွဲသတင်း

ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

တိုက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကနေ  ရက်နေ့အထိ  ရက်ဆက်တိုက် ကောလင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကောလင်းမြို့မြောက်ဘက်၊ ကောလင်းမြို့အရှေ့ဘက်ခြမ်းတွေမှာ ဖြစ်ပွားခဲ့တာလို့ ကောလင်းခရိုင်ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း   ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း  အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

မြို့ထဲမှာက ကျနော်တို့ကနဂိုတည်းက ကိုယ့်စည်းသူ့စည်းနေရာယူထားကြတာပါ အခုက ထပ်ပြီး အင်အားတွေဖြည့်ပြီး တိုက်ခိုက်တဲ့သဘောမျိုးပါ။ ကျနော်တို့ကလည်း မြို့ရဲ့ပတ်ဝန်းကျင်မှာ အထိုင်ယူပြီးတော့နေရာယူထားတော့ အဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တဲ့သဘောမျိုးပါ။ လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

တိုက်ပွဲဟာ ကောလင်းခရိုင်တပ်ရင်း   KB1နဲ့ မြို့ပေါ်နဲ့ မြို့ရဲ့အနောက်ဘက်ခြမ်းက ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး‌ ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက်၊ မင်းဂျမ်း၊ စိုင်ဒူး နဲ့ ဆေးမင်းခုံဘက်မှာ မတ်လ  ရက်နေ့   နာရီကနေ  ၁၁ နာရီလောက်ထိတိုက်ပွဲဖြစ်ခဲ့တာပါ။

ဒါ့အပြင် တစ်ချိန်တည်းမှာပဲ ကောလင်းမြို့မြောက်ဘက် အောင်ချမ်းသာရွာမှာအထိုင်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲ  နာရီကြာဖြစ်ပွားခဲ့ပြီးတော့ မတ်လ  ရက်နေ့ နေ့လည်ပိုင်း  နာရီ လောက်မှာတော့ ကောလင်းမြို့နဲ့၁၂ မိုင်အကွာ ကျောက်တန်းရွာဘက်မှာ ကောလင်းခရိုင် တပ်ရင်း  ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

မြို့နဲ့ ၁၂ မိုင်အကွာ ကျောက်တန်းရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သလို ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကိုလည်း မနေ့ကညနေပိုင်း မှာပိတ်ထားပေမယ့် ဒီကနေ့ မတ်လ  ရက်နေ့မှာတော့ လမ်းပြန်ဖွင့်ပေးထားတယ်လို့ ကောလင်း မြို့နယ်သတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution-KR က သတင်းထုတ်ပြန်ထားပါ တယ်။

မတ်လ  ရက်နေ့ ညနေပိုင်းမှာ ကျနော်တို့ဆက်သွယ်မေးကြည့်တော့ လမ်းကပြန်ပိတ်သွား တယ် လို့ သိရပါ တယ် စကစ အကြမ်းဖက်အဖွဲ့တွေက ကျောက်တန်းရွာလမ်းဆုံဘက် ရွှေဘိုမြစ်ကြီးနားနဲ့ ကောလင်းမြို့ကိုခွဲထွက်တဲ့လမ်းဆုံဘက်မှာ နေရာယူထားကြတယ်လို့သိရပါတယ် ဒီနေ့တော့ ပြန်ဖွင့်ပေးလိုက်ပြီလို့ကြားပါတယ်လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးဘက်ကပြောပါတယ်။

ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်အလုံးစုံထိန်းချုပ်တဲ့နေ့ကစပြီး ကောလင်းမြို့ပေါ် နဲ့ ဘေးပတ်ဝန်းကျင်က အရပ်သားသောင်းနဲ့ချီရှိနေပြီးတော့ အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ရက်နေ့က KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ရာ  လအကြာထိန်းချုပ်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ စတင် လည်ပတ်နေချိန် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ကို အလုံးစုံပြန်ထိန်းချုပ်ထားတာပါ။

အဲ့ဒီလိုထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို နေ့စဥ်မီးပတ်ရှို့နေပြီးတော့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button