တိုက်ပွဲသတင်း

ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး

စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား  ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့က ကျောက်တန်းရွာကိုမီးရှို့ပြီး ခံသာရွာဘက်ကို ထွက်လာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်တဲ့နှစ်ရက်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ  ရက်နေ့ မနေ့ကတိုက်ခိုက်မှုမှာ ခံသာရွာကနေအိမ်တချို့နဲ့ ကျောင်းဆောင်တွေကိုထိမှန်ခဲ့တာလို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကျောက်တန်းရွာတွေဘက်ကိုမီးတွေရှို့ကြတာပေါ့ အဲ့ဒီကနေ ခံသာရွာဘက်မှာတိုက်ပွဲဖြစ်တာ အဲ့တာ ခံသာဘက်ကိုလေကြောင်းလာပစ်လို့ ခံသာအထကကျောင်းတော့ပျက်သွားတယ်လို့ သိရပါတယ်။
လို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်  ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာ အဲ့ဒီတိုက်ပွဲကြောင့် ရွှေဘိုမြစ်ကြီးနားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ရပြီး ကားစီးရေ ၁၅၀၀ နဲ့ လူဦးရေ ၁သောင်းခွဲလောက်ပိတ်မိခဲ့သေးတယ် လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

လမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကတော့ပိတ်တော့ပိတ်နေတာ ဒီနေ့ နေ့လည်လောက်မှလမ်းပြန် ပွင့်တယ်ပြောတယ် သူတို့လည်းထွက်သွားလောက်ပါပြီ လမ်းဖွင့်တာကတော့သေချာပါတယ်လို့ပြောပါတယ်။
တိုက်ပွဲကြောင့် ပိတ်မိခဲ့တဲ့ ခရီးသွားပြည်သူတွေကို ကောလင်းမြို့နယ်လူသားစာနာနဲ့ ကောလင်း ပြည်သူတွေက နေ့စဥ်ထမင်းထုပ်ပို့ဆောင်ပေးတာတွေလုပ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

ကောလင်းခရိုင်တပ်ရင်း ၁၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်း စစ်ကြောင်း  ကောလင်းမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သစ်ဖုလဘုရားကုန်းတပ်စခန်းကို သိမ်းပိုက် နိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့က ကျောက်တန်းရွာနဲ့ ငါးကြီးအိုင်ရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ချိန်မှာလည်း အရပ်သား  ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်အလုံးစုံထိန်းချုပ်တဲ့နေ့ကစ ကောလင်းမြို့ပေါ် နဲ့ ဘေးပတ်ဝန်းကျင်က အရပ်သား သောင်းနဲ့ချီရှိနေပြီးတော့ အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ရက်နေ့က KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ရာ  လအကြာထိန်းချုပ်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ စတင် လည်ပတ်နေချိန် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ကို အလုံးစုံပြန်ထိန်းချုပ်ထားတာပါ။

အဲ့ဒီလိုထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို နေ့စဥ်မီးပတ်ရှို့နေပြီးတော့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button