တိုက်ပွဲသတင်း

မဂျီဂုန်စခန်းသိမ်းနိုင်တာဟာ KIA တွက်အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ရွာဘက်မှာရှိတဲ့ စစ်တပ်ရဲ့မဂျီဂုန်ဗျူဟာစခန်းကြီးကိုသိမ်းပိုက်ရရှိနိုင်တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စိုးမိုးနယ်မြေပိုကျယ်ပြန့်လာစေပြီး အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့  KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

မိုင်းခေါင်နဲ့ မန်ဝိန်းကြီးကြား တောင်ကုန်းမြင့်ပေါ်ရှိ မဂျီဂုန်စစ်ဗျူဟာကုန်းတပ်စခန်းကြီးကို KIA,PDF ပူးပေါင်းတပ်ဖွဲ့တွေ မတ်လ  ရက်နေ့စတင်တိုက်ခိုက်ခဲ့ရာ  ရက်အကြာ မတ်လ  ရက်နေ့အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီအနီးတစ်ဝိုက်စစ်တပ်စခန်းတွေမရှိတော့တာကြောင့် ဒီစခန်းသိမ်းပိုက်လိုက်နိုင်တာဟာ KIA အတွက်အကျိုးသက်ရောက်မှုကြီးတစ်ခုလည်းဖြစ်တယ်လို့  KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အဲ့ဒီတဝှိုက်မှာ စစ်တပ်စခန်းကမရှိတော့ဘူး။ အဲ့တာကိုသိမ်းလိုက်ပြီဆိုတော့ ကျနော်တို့အတွက် စစ်ရေးလှုပ်ရှားရတာလွယ်ကူသွားပြီ မဟာဗျူဟာအချက်အချာကျတဲ့ နေရာကို သိမ်းလိုက်နိုင်ပြီ။ ဒီစခန်းသိမ်းလိုက်တာကြောင့် ကေအိုင်အေအတွက် စိုးမိုးနယ်မြေပိုပြီးကျယ်ပြန့်လာပြီ ပြောလို့ရတယ်။ အဲ့ဒီဒေသမှာရှိတဲ့ KIA တပ်ရင်းတွေ အချင်းချင်း ချိတ်ဆက်မှုကလည်း ပိုကောင်းသွားပြီ။” လို့ ပြောပါတယ်။

အဲ့ဒီဗျူဟာကုန်းတပ်စခန်းမှာ စစ်ကောင်စီလက်အောက်ခံ ခမရ တပ်ရင်းတစ်ခုအပါအဝင် ခလရ ၁၀၂ တပ်ရင်း  ခလရ ၂၅၀ နဲ့ ခြေမြန်တပ်ရင်း ခမရ ၄၂၇  စုစုပေါင်း တပ်ရင်း   ခုပေါင်းပြီး အထိုင်ချနေတဲ့စခန်းကြီးဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း မတ်လ  ရက်နေ့က စစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့သလို  မြေပြင်ကပါ လက်နက်ကြီးတွေအသုံးပြုခုခံခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း  ဦး သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အကျအဆုံးများပြားခဲ့သလို တပ်ဖွဲ့ဝင်တစ်ချို့ ကိုင်းထိပ်လမ်းဘက်နဲ့  မံစီမြို့ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။


ဒီတပ်စခန်းရှိရာနေရာဟာ မန်စီဒေသရဲ့ အမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတာဖြစ်ပြီး အဲ့ဒီတပ်စခန်းရဲ့ အောက်ဖက် အူလန်ပါဒေသအနီးတစ်ဝှိုက်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းငယ်  ခုလောက်ကျန်သေးတယ်လို့ သိရပါတယ်။

KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယအပတ်ကလည်း စစ်ရေး၊စီးပွားရေးအရအချက်အချာကျတဲ့ စီခမ်းကြီးဗျူဟာကုန်းတပ်စခန်းကုန်းကိုလည်း သိမ်းပိုက်ထားပြီး တစ်ပတ်ကျော်အကြာမှာပဲ မဂျီဂုန်စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ သူတို့အထိုင်ချရာ တပ်မဟာတွေရဲ့ နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းသွားမယ့်ပုံစံရှိတယ်လို့ စစ်ရေးသုံးသပ်သူတစ်ယောက်က အခုလိုပြောပါတယ်။

ကျနော်တို့အခုကြည့်ကြည့်သလောက် KIO KIA က သူတို့ရဲ့ တပ်မဟာ  ကနေ ၁၀အထိရှိတဲ့ နယ်မြေတိုင်းနယ်မြေတိုင်းမှာစစ်ရေးကလှုပ်ရှားနေပြီလေ တပ်မဟာ  နယ်မြေဆိုတဲ့ ဖားကန့် နေရာတွေ တပ်မဟာ  နယ်မြေရဲ့ ဆင်ဘိုဘက်တွေရော ဟိုတနေ့ကလို မံစီဘက်ခြမ်းတွေပေါ့ ရှိတဲ့ တပ်မဟာတိုင်းကတော့ သူနေရာနဲ့သူ ရှင်းလင်းရေးပုံစံ စခန်းသိမ်းပုံစံလုပ်နေကြပြီ တပ်မဟာ  လိုနေရာတွေဆို ဆင်ဘိုသာသိမ်းပြီးရင် တပ်မဟာ  နယ်မြေမှာ စခန်းမရှိတော့ဘူး ဒါ့ကြောင့်  လပိုင်းထဲမှာဆိုရင် တော်တော်များများ ကချင်ပြည်နယ်မှာဆိုရင်တောင်မှ မပခရှိတဲ့ မြစ်ကြီးနား ဝန်းကျင်လောက်ပဲကျန်မယ်လို့သုံးသပ်ပါတယ်” ဟု ကချင်စစ်ရေးအခြေနေသုံးသပ်သူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ် ရဲ့ မြို့ကြီးတွေကိုတော့  စစ်ရေးလှုပ်ရှားမယ့်ပုံစံမတွေ့ရပဲ အစွန်ကျ တဲ့ နယ်မြို့တွေကို အရင်ဆုံး သိမ်းပိုက်မယ့် အလား အလာတွေရှိတယ်လို့လည်း စစ်ရေးသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၃ခုနှစ် နှစ်ကုန်ခါနီးကစ စစ်ရေးအရှိန်မြင့် စခန်း သိမ်းတိုက်ပွဲတွေဆင်နွှဲလာနေတာဖြစ်ပြီး လက်ရှိမှာတော့ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော်တို့လို မြို့ကြီး တွေအနီးတဝှိုက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button