Fact Check
-
Sep- 2024 -2 September
မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ KIO ပြော
ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။ အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။ “သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ ၄ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ By –…
Read More » -
Apr- 2023 -2 April
ရွှေကူမြို့နယ် ကျေးရွာတစ်ရွာကို KIA၊ PDF တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူလေးကျေးရွာကို KIA၊ PDF တပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှားကို စစ်ထောက်တပ်ခံသူများ၏ ဖေ့စ်ဘုတ်အကောင့်နှင့် တယ်လီဂရန်ချန်နယ်များတွင် အသီးသီးရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ ဒီသတင်းအမှားကို စစ်ကောင်စီထောက်ခံသည့် ‘Ko Thet’ ဆိုသည့် တယ်လီဂရန်ချန်နယ်တွင် မတ်လ…
Read More » -
Mar- 2023 -7 March
နေအိမ် အလုံး ၃၀ လုံးကို KIA/PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား
ရွှေကူမြို့နယ်၊ ကျောက်တစ်လုံးရွာရှိ နေအိမ် အလုံး ၃၀ လုံးကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှား ဖြန့်ထားသည်ကို တွေ့ရသည်။ ‘Ko Thet’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ…
Read More » -
Feb- 2023 -28 February
‘Fact Check’ ဆိုသော စကားလုံးပါတိုင်း ယုံကြည်ရန် ခက်ခဲလာပြီ
“အမှန်တရားက ဖိနပ်စီးနေတုန်းလောက်ပဲရှိဦးမယ်၊ အလိမ်အညာကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပါပြီး” ဟု မက်ခ်တွိုင်း _Mark Twain ပြောခဲ့သည်။ Mark Twain သည် အမေရိကန် ဟာသပညာရှင်၊ ဝတ္ထုရေးဆရာနှင့် ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်ပြီး ‘The Adventures of…
Read More » -
23 February
ကချင်နာမည် နှင့် သတင်းဌာနယောင်ဆောင်ကာ သတင်းအမှားဖြန့်ဝေနေသော ဖေ့စ်ဘုတ် အကောင့်နှင့် စာမျက်နှာများ
‘ကချင်’ သို့မဟုတ် ကချင်ပြည်နယ်၏ အထင်ကရ နာမည် အသုံးပြုခြင်း နှင့် သတင်းဌာန ယောင်ဆောင်ကာ သတင်းအမှားများနှင့် ဝါဒဖြန့် အကြောင်းအရာများကို ဖြန့်ဝေနေသော ဖေ့စ်ဘုတ်အကောင့်နှင့် စာမျက်နှာများကို ယခုနောက်ပိုင်း ပိုမို တွေ့လာရသည်။ အဆိုပါ ဖေ့စ်ဘုတ် အကောင့်နှင့် စာမျက်နှာများသည် ‘Kachin…
Read More » -
13 February
စစ်ကောင်စီနှင့် ညှိနှိုင်းမှုတွေ လုပ်သင့်ပြီလို့ NUG ယာယီသမ္မတဒူဝါလရှီးလ ပြောတယ်ဆိုသည့် သတင်းအမှား
‘အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စစ်ကောင်စီကို အပြတ်တော်လှန်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်သင့်ပြီဟု NUG ယာယီသမ္မတဒူဝါလရှီးလမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသွားသည်’ ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ့တွင် ‘မှိုင်းဝေ’ ဆိုသည့် Telegram အကောင့်မှ စတင်…
Read More » -
Jan- 2023 -28 January
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် နစက ကို NUG အဖွဲ့မှ လျှို့ဝှက်ကမ်းလှမ်းနေကြောင်း သတင်းအမှားတစ်ပုဒ်ကို ‘မှိုင်းဝေ’ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ‘Ko Thet’ ‘အထွန်းဖွား’ ‘Thit Lwin’ ‘Pyay News’ Telegram…
Read More » -
28 January
ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား
ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ‘Kyaw Swar’ ‘PAN’ ဆိုသည့် Telegram အကောင့်များတွင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂ သောင်းကျော်ရှိနေသည်ကို…
Read More » -
11 January
KIO ဗိုလ်မှူးချုပ် လဖိုင်လ ကို ဗုံးကျဲခံရမှုကြောင့် သေဆုံးသူအဖြစ် စစ်တပ် ထောက်ခံသူများ အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေ
နာမကျန်းမှုကြောင့် ကွယ်လွန်သွားသော KIO အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် လဖိုင်လ ကို KIA တပ်မဟာ ၂ ဗုံးကျဲ တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူအဖြစ် စစ်ကောင်စီဝါဒဖြန့် လူမှုစာမျက်နှာများတွင် အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေကြသည်။ KIO တရားရေးအရာရှိ ဗိုလ်မှူးချုပ်လဖိုင်လ အပါအဝင် KIA တပ်ဖွဲ့ဝင် ၇၀…
Read More » -
Dec- 2022 -9 December
စစ်ကိုင်းတိုင်းတွင် ဗမာရွာ နှင့် ရှမ်းရွာများကို KIA က လိုက်လံမီးရှို့ သော ဆိုသော သတင်းအမှား
စစ်ကိုင်းတိုင်းရှိ ဗမာ နှင့် ရှမ်းရွာများကို KIA အဖွဲ့မှ လိုက်လံမီးရှို့နေသည်ဆို သတင်းအမှားတစ်ပုဒ်ကို ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘InnWa News’ ဆိုသည့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဒီဇင်ဘာလ ၆ ရက်နေ့ …
Read More »