Fact Checkသတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် နစက ကို NUG အဖွဲ့မှ လျှို့ဝှက်ကမ်းလှမ်းနေကြောင်း သတင်းအမှားတစ်ပုဒ်ကို မှိုင်းဝေ ဆိုသည့် Telegram အကောင့်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှားကို ‘Ko Thet’ အထွန်းဖွား ‘Thit Lwin’ ‘Pyay News’ Telegram အကောင့်များနှင့်  စောမှိုင်းဝေ အမွှေစိန် မျိုးချစ်မြန်မာ ‘Linna Yeeဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင်လည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။

ရေးသားဖြန့်ဝေထားသော အကြောင်းအရာမှာ ‘NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲ တော့မသိဘူး ကြားရတဲ့သတင်းကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေဆိုတော့ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ်၊ စောင့်ကြည့်ကြအမျိုးတို့ဟု ဖော်ပြထားသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာများနှင့် သတင်းအချက်အလက် လိုက်လံတိုက်စစ်ကြည့်ရာတွင် အဆိုပါသတင်းသည် NUG အစိုးရကို ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြင့်တိုက်ခိုက်ရန် ဝါဒဖြန့်ရေးသားထား သော သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် အမျိုးသားညီညွတ်ရေးအစိုးရ၏တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တင်ထားသော ‘တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာ’ တွင် ရေးသားဖော်ပြထားသောအကြောင်းအရာတွင်ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဥ်ကို ငြင်းဆန်း မပူးပေါင်းကြပါရန်နှင့် ဇန်နဝါရီလ ၉ ရက်နေ့ တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ပြည်ထဲရေး နှင့် လူဝင်မျုကြီးကြပ်ရေးဝန်ကြီးဌာနမှ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန်ကြေညာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ‘၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင် မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်’ ဟု ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားထားသည်ကိုလည်း တွေ့မြင်နိုင်သည်။

ဇန်နဝါရီလ (၂၃) ရက်နေ့ Ministry of Federal Union Affairs – Myanmar – NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာတွင်အဖွဲ့အစည်းအသီးသီး၊ အင်အားစုအ သီးသီးနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ် စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုစည်း ညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်သွားကြရန် ထုတ်ပြန်ကြေညာအပ်ပါသည်ဟုသာ ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။

ထို့ကြောင့်နစက မှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရန် NUG အဖွဲ့ လျှိုဝှက်ကမ်းလှမ်းနေ’ ဟူသော ဖော်ပြချက်သည် သတင်းအမှားတစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင် စစ်ကောင်စီထောက်ခံသူများနှင့် စစ်တပ်ပ်စုများသည် ပြည်သူလူထုနှင့် NUG/KIA/PDF အစရှိသည့် စစ်အာဏာရှင်ဆန့်ကျင်နေကြသည့်အုပ်စုများကြား မဟုတ်မမှန်အမုန်းစကားလုပ်ဆောင်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျအစီအစဥ်ဆွဲပြီး ပိုမိုလုပ်ဆောင်လာနေသည်ကို တွေ့မြင်လာရပါသည်။

Show More

Related Articles

Back to top button