,

Breaking News :

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

  1. Home
  2. Fact Check

Category: Fact Check

Fact Check
‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်

‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်

သတင်းအမှားတင်ဆက်ကာ ဝင်ငွေရှာနေသော ‘Yangon Time’ ဆိုသည့် Youtube Channel တစ်ခုသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ‘Kachin News Group (official)’ ဆိုသည့် နာမည်ပြောင်းကာ သတင်းဌာနအတုအယောင် အဖြစ် လုပ်ဆောင်နေသည်ကို စီစစ် တွေ့ရှိရသည်။ Kachin News Group (KNG) သတင်းဌာန၏ ပရိသတ်များ ခွဲခြားသိရှိစေရန်မှာ ချန်နယ်အတုသည် Subscribers 35.7K သာရှိပြီး တရားဝင်စီစစ်မှု အမှတ်အသား Gray Mark လည်း မပါရှိပေ။ ထို့အပြင် တင်ထားသော ဗီဒီယိုများမှာလည်း သတင်းခေါင်းစဥ်အမှားများဖြင့် ဖန်တီးပြုလုပ်ထားသည်ကို တွေ့ရသည်။ အဆိုပါ YouTube ချန်နယ်သည် ယခင်က ‘တော်လှန်ရေး’

Fact Check
KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်

KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်

အောင်ဟိန်းမင်း ခေါင်းဆောင်သည့် KIA/PDFအဖွဲ့မှ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံလူငယ်အချို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး ငွေကြေးပစ္စည်းများအား လုယူသွားကြောင်းသိရသည်ဆိုပြီး သတင်းအမှား တစ်ခု ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Oo Sitt” “Kachin Land”  အကောင့်များနှင့်အတူချိတ်ကာ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာတွင် “ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံ လူငယ် ၁၆

Fact Check
စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်

စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်

“NUG ကို ပယ်ချပြီ တရားမဝင်ဘူးတဲ့ ကြေငြာပြီ” ဟု YouTube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဉ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းခေါင်းစဉ်ဖြင့် အကြောင်းအရာကို ပရိတ်သတ် ၃ သောင်း ၅ ထောင်ကျော် (Subscribers 35.7K) ရှိသော “Yangon Time” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက် လက်ရှိတွင် ကြည့်ရှုသူ ၁၇၀၀ ကျော်သွားပြီဖြစ်သည်။ ယခု

Fact Check
စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ

စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ

စစ်ကောင်စီ ပြုလုပ်မည့် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အထမမြောက်စေရန် NUG အစိုးရ မှ PDF တပ်ဖွဲ့များကို လျှို့ဝှက် ညွန်ကြားထားသည်ဟူသော သတင်းအမှား ထပ်မံပြန့်နှံ့နေသည်။ ထုတ်ပြန်ချက် အတုကို ‘ကိုလှရွှေ (သတင်းမှန်)’ ဆိုသည့် တယ်လီဂရမ်အကောင့်တွင် စတင်ရေးသား ဖြန့်ဝေခဲ့ပြီး  “Link” “DGF21 News” “BaNyunt” “Naymin” စသည့် Telegram အကောင့်များတွင်လည်း ထပ်ဆင့် ဖြန့်ဝေလာခဲ့သည်။ လျှို့ဝှက် ညွှန်ကြားစာ အတုထဲတွင် “ရွေးကောက်ပွဲသည် ထွက်ပေါက်မရှိသည့် နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်၍ ရွေးကောက်ပွဲမလုပ်နိုင်ရေး၊ နိုင်ငံရေး/စစ်ရေးနည်းလမ်း/အခြားနည်းလမ်း စသောနည်းလမ်းအမျိုးမျိုးဖြင့် တားဆီးဆောင်ရွက်ရန်။ လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက (အထူးသဖြင့် USDP,

Fact Check
အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်နှင့်အတူ အခြားစစ်တပ်နှင့် ဆက်နွယ်သော အကောင့်များတွင် ချိတ်ဆက်ကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဖော်ပြထားသော အသေးစိတ်အကြောင်းအရာမှာ “ကချင်ပြည်နယ် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်ဟိန်းမင်း ခေါင်းဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်၍

Fact Check
ကြည့်ရှုသူများ စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို  Youtube ပေါ်ဖြန့်နေ

ကြည့်ရှုသူများ စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို  Youtube ပေါ်ဖြန့်နေ

“ဗဟိုဘဏ်နှင့် KBZ ပြဿနာတက်ပြီ ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဆိုပြီး Youtube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဥ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။ အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၁ သိန်း ၅ သောင်းကျော် (Subscribers 158K) ရှိသော “News In Burmese” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက်

Fact Check
‘PDF အဖွဲ့ဝင် အချို့ကျဆုံးပြီး လက်နက်ခဲယမ်းဆုံးရှုံးခဲ့သည်ဟု အောင်ဟိန်မင်း ပြောဆိုခဲ့သည်’ ဟူသော သတင်းအမှား ထပ်မံ ပြန်နှံ့နေ

‘PDF အဖွဲ့ဝင် အချို့ကျဆုံးပြီး လက်နက်ခဲယမ်းဆုံးရှုံးခဲ့သည်ဟု အောင်ဟိန်မင်း ပြောဆိုခဲ့သည်’ ဟူသော သတင်းအမှား ထပ်မံ ပြန်နှံ့နေ

‘ဖားကန့်မြို့နယ် မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ PDF အဖွဲ့များ စုဝေးနေချိန် ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDFအဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး ခဲ့ရသည်ဟု ဖားကန့် PDF ခေါင်းဆောင် အောင်ဟိန်းမင်း ပြောသည်’ ဟူသော သတင်းအမှားတစ်ခု ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့် သတင်းအမှားကို စစ်တပ်လော်ဘီ “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay (မနောမြေ)”

Fact Check
KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ

KIA/PDF အဖွဲ့များ ဘုရားကျောင်းကို ဓါးပြတိုက်ခဲ့သည် ဟူသော သတင်းအမှားများ ပြန်လည် ပြန့်နှံနေ

မိုးကောင်းမြို့နယ် ပင်းကြိုင်းကျွေးရွာ အောင်မြင်ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ KIA/PDF အဖွဲ့မှ ဓားပြတိုက်မှု ပြုလုပ်ခဲ့သည် ဟူသော သတင်းအမှားကို စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်နေကြသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ပုံမှန် သတင်းအမှားဖြန့်နေကျ “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ပြီး သူနှင့်အတူ “ Manaw Myay” “Oo Sitt” “ Kachin Land” စသည့်အကောင့်များနှင့်တွဲပြီး ဖြန့်ဝေထားသည်။ ရေးသားဖြန့်ဝေထားသော အကြောင်းအရာတွင် “တနင်္ဂနွေနေ့ ကချင်လူမျိုးများ ဘုရားကျောင်းတက်နေချိန်မှာ မျက်နှာအုပ်ပြီး

Fact Check
NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှားဖြန့်နေ

NUG ငွေတိုက်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ ဆိုသည့် သတင်းအမှားဖြန့်နေ

“NUG ငွေတိုက်စာချုပ်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ DVB အတည်ပြုဆိုကြေညာပြီ” ဆိုပြီး Youtube ပေါ်တွင် ကြည်ရှုသူများပြားအောင် လုပ်ကြံဖန်တီးထားသော သတင်းခေါင်းစဥ်အမှားဖြင့် ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို ထပ်မံ တွေ့ရသည်။ အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၄ သောင်း ငါးထောင်ကျော် (Subscribers 45.1K) ရှိသော “People Tv” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ (၉) ရက်နေ့တွင်

Fact Check
‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ

‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ

“မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ” ဟူသော သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ထပ်မံ ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ပရိတ်သတ် ၃ သောင်း ငါးထောင်ကျော် (Subscriber 34.8K) ရှိသော “တော်လှန်ရေး” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ (၆) ရက်နေ့တွင် နေ့လယ် ၁၂ နာရီခွဲ့ခန့်တွင် စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးရာအထိ