Fact Checkသတင်း

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ‘Kyaw Swar’ ‘PAN’ ဆိုသည့် Telegram အကောင့်များတွင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂ သောင်းကျော်ရှိနေသည်ကို တွေ့ရသည်။

အဆိုပါသတင်းအမှားကို ‘KyawKyaw’ ဆိုသည့် ဖေ့စ်ဘုတ်စာမျက်နှာအကောင့်တွင်လည်း ထပ်မံဖြန့်ဝေထားသည်ကို တွေ့ရသည်။

ဖော်ပြထားသောအကြောင်းအရာမှာ ‘စစ်ကိုင်းတိုင်းဒေသကြီ၊ ကသာမြို့နယ်၊ မိုးတာလေး ရွာကို ယနေ့နံ န က် ၇နာရီ၃၀မိနစ်ခန့်တွင် KIA နှင့် PDF အဖွဲ့များဝင်ရောက် မီးရှို့ ဖျက်စီးခဲ့ပါတယ်။ ပြီးခဲ့သော ၂ရက် ခန့်က မိုးတာလေးရွာပတ်ဝန်းကျင်တွင် အကြမ်းဖက် အုပ်စုများနှင့် တပ်မတော် စစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြီး kia pdf များအထိ အခိုက်အကျအဆုံးများခဲ့ရာမှ ၄င်းတို့၏ သတင်းကို မိုးတားလေးရွာက တပ်မတော်ကို ဒလန်လုပ်ပြီးသတင်းပေသည် ဆိုသော စွတ်စွဲ ချက်ဖြင့် မကျေမနပ်ဖြစ်ကာမိုးတားလေးရွာကို  ဝင်ရောက် မီးရှို့ဖျက်စီး ကြခြင်းဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ဒီအကြောင်းအရာနှင့်ပတ်သက်၍ သတင်းအချက်အလက်ကို စုံစမ်းစစ်ဆေးကြည့်ရာတွင် ဝါဒဖြန့်သတင်းအမှား ဖြစ်နေသည်ကို တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော်စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးဒါးလေးကျေးရွာ၊ တိုက်ကုန်းရပ်ကွက်မှ ပြည်သူပိုင်နေအိမ် ၄၁ လုံးအား စစ်ကောင်စီတပ်သားများက ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်ဟုMizzima-News Burmeseသတင်းဌာနတွင် ဖော်ပြထားသည့်အပြင် ဒေသခံတစ်ဦးမှ ရုပ်သံဗီဒီဖိုင်နဲ့တကွ ဖြေဆိုထားသည်ကို တွေ့မြင်နိုင်သည်။

ဒါ့အပြင်ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်တွင် စစ်တပ်က မိုးတားလေးကျေးရွာအုပ်စု၊  တိုက်ကုန်းရပ်ကျေးရွာကို မီးရှို့နေခြင်းဖြစ်ပြီး မီးညွန့် မီးတောက်များကို အဝေး မှ ပင် မြင်နိုင်ကြောင်း ဒေသပြည် သူ များက ဆိုကြသည်ဟုလည်းKhit Thit Media’ ဖေစ့်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာလေး ရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးခဲ့သည် ဆိုသည့် သတင်းသည် သတင်းအမှားတစ်ပုဒ်သာဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ယခုအချိန်တွင် စစ်ကောင်စီထောက်ခံသည့် စစ်တပ်လော်ဘီအုပ်စုများသည် ပြည်သူလူထုနှင့် KIA/PDF အစရှိသည့် စစ်အာဏာရှင်ဆန့်ကျင်နေကြသည့်အုပ်စုများကြား မဟုတ်မမှန်အမုန်းစကားလုပ်ဆောင်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျအစီအစဥ်ဆွဲပြီး ပိုမိုလုပ်ဆောင်လာနေသည်ကို တွေ့မြင်လာရပါသည်။

Show More

Related Articles

Back to top button