လူ့အခွင့်အရေးချိုးဖောက်မှု
-
Mar- 2023 -27 March
ရွှေကူနယ်တွင် စစ်ရေးတင်းလျက်ရှိပြီး ကျေးရွာ ၈ ခုပြည်သူများ တိမ်းရှောင်နေရဆဲဟုဆို
ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ ၈ ခုမှ ဒေသခံပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မတ်လ ၂၃ ရက်နေ့မှ စတင်ကာ…
Read More » -
23 March
စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်တွင် မီးရှို့ခံရသည့် အိမ် ခြေ ၄၀၀ ကျော်အထိရှိပြီး ဖားကန့်မြို့နယ်မှ အများဆုံးပါဝင်
စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၄၀၀ ကျော်အထိ ရှိလာပြီး အများဆုံးမှာ ဖားကန့်မြို့နယ်ထဲမှ ဖြစ်ကြောင်းသိရသည်။ Data For Myanmar ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ခဲ့သည့်…
Read More » -
8 March
အင်းတော်တွင် အမျိုးသမီး ဖမ်းဆီးခံရမှု ပိုများလာ
ကချင်– စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းပိုင်းမှ စတင်ကာ အမျိုးသမီး ဖမ်းဆီးခံရမှု ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၃ ရက်နေ့ အင်းတော်မြို့ မီးပွိုင့်လမ်းဆုံးအနီး ဒေသခံ အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဒေသခံ…
Read More » -
3 March
မှော်စီဆာကျေးရွာတွင် စစ်ကောင်စီတပ် လူငယ်အချို့ကို လိုက်လံဖမ်းဆီနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာရှိ ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားလုံးအရင်းဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုများရှိနေသည့်အတွက် ရပ်ကွက်နေ လူငယ်များတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်တွင် မှော်စီဆာကျေးရွာ အမှိုက်ပုံရပ်ကွက်ဘက်သို့…
Read More » -
1 March
“တရားလက်လွန် ဥပဒေမဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု သေသေချာချာလုပ်ရမယ်”
လီဒိုလမ်းမပေါ်၊ လဝါးကျေးရွာအနီး ဒေသခံ ၉ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး တစ်လအကြာမှသာ အလောင်းတွေကို မီးရှို့ခွင့်ရခဲ့ပါတယ်။ လူသတ်မှုကျူးလွန်တဲ့ KIA တပ်ရင်း ၂၀ နှင့် PDF အဖွဲ့တချို့ကိုလည်း KIA ဘက်က ဖမ်းဆီးပြီး စစ်ဆေးနေတဲ့အခြေအနေမှာ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့…
Read More » -
Feb- 2023 -28 February
ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ
ကချင်ပြည််နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်က စစ်ကောင်စီ…
Read More » -
24 February
စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်
ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ ”KIA PDF က ဒီနေ့မနက် စစ်ရေးလှုပ်ရှားမှု နည်းနည်းလုပ်လိုက်တာ။ အဲ့တာ ဒီကောင်တွေဘယ်လိုသိလို့လဲမသိဘူး။ လက်နက်ကြီးတွေ ရမ်းပစ်လာတာ လက်နက်ကြီးက ကျန့်ဖြစ်တာလား၊ တမင်…
Read More » -
15 February
လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း စစ်တပ်လုယူသွား
ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တွင်း စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းအား စစ်တပ်မှလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအမြှာက်တပ်–၃၆၇ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည်…
Read More » -
14 February
ကသာတွင် ၃ ရက်အတွင်း ကျေးရွာ ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရ
ကသာမြို့နယ်တွင် ၃ ရက်အတွင်းကျေးရွာပေါင်း ၅ ရွာမှ နေအိမ် ၇၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ…
Read More » -
14 February
မှော်စီစာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများ အမျိုးသမီးတစ်ဦးကိုပစ်သတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာ ကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများမှ အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မှော်စီဆာတာဝါကုန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများသည်…
Read More »