လူ့အခွင့်အရေးချိုးဖောက်မှုအင်တာဗျူး

“တရားလက်လွန် ဥပဒေမဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု သေသေချာချာလုပ်ရမယ်”

လီဒိုလမ်းမပေါ်၊ လဝါးကျေးရွာအနီး ဒေသခံ ၉ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး တစ်လအကြာမှသာ အလောင်းတွေကို မီးရှို့ခွင့်ရခဲ့ပါတယ်။

လူသတ်မှုကျူးလွန်တဲ့ KIA တပ်ရင်း ၂၀ နှင့် PDF အဖွဲ့တချို့ကိုလည်း KIA ဘက်က ဖမ်းဆီးပြီး စစ်ဆေးနေတဲ့အခြေအနေမှာ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ကချင်ဒေသခံ ၉ ဦးကို သတ်ဖြတ်ခံရတဲ့ အခုဖြစ်စဉ်ဟာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံ နဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သော ပြည်သူတွေရဲ့ အသံကို တင်ပြထားပါတယ်။

တရားမျှတမှုရရှိရေး ကြိုးပမ်းနေသော ဒေသခံတစ်ဦး

သူတို့လုပ်ဆောင်မှုကို အားရတယ်၊ မရဘူးလို့ပြောရအောင် သူတို့ဘက်က ဘာအဖြေမှ မပေးသေးဘူး။ ဒါကြောင့် အားရတယ်၊ မရဘူးလို့ ပြောလို့ မရသေးဘူး။ ကျနော်တို့ အလောင်းသွားယူခွင့်ရတယ်။ တစ်လလုံး ကြိုးစားမှ ဒီလောက်အခြေအနေမှာပဲ ရှိသေးတယ်။ သူတို့ဘက်ကလည်း ဒီလောက်ပဲ လုပ်ပေးသေးတယ်။ စစ်ဆေးရအုန်းမယ်၊ စုံစမ်းရအုန်းမယ် အချက်တွေအများကြီးရှိနေသေးတဲ့အတွက်

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦး

“KIO ကအဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ ပြည်သူတွေက အရမ်းအားကိုးပြီး ထောက်ခံနေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် အခုလို တရားလက်လွန် ဥပဒေမဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု သေသေချာချာလုပ်ရမယ်။ သူတို့အမိန့်အောက် နာခံတဲ့စုံစမ်းစစ်ဆေးမှု အဖွဲ့မဟုတ်ဘဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ပြီးမှ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြည်သူကို ချပြရမယ်။ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်အောင် လုပ်ပေးရမယ်။ စစ်တပ်အတွင်း အပြစ်ပေး အရေးယူမှုတွေ လုပ်ရမယ်။ ဒါမှ မဟုတ်ရင် KIO ရဲ့ ကောင်းလာတဲ့ ပုံရိပ်က ပြန်ထိခိုက်လာမယ်။ ၂ နှစ်အတွင်း ရလာတဲ့ လူထုယုံကြည်မှု ပြန်ပျောက်ကွယ်သွားမှာ စိုးရိမ်တယ်။ လူထုထောက်ခံမှု အားနည်းလာခြင်းဟာ တော်လှန်ရေးကို အားနည်းစေတဲ့ အချက်ဖြစ်ပါတယ်။

လူ့အခွင့်အရေးကာကွယ်သော ပြည်သူတစ်ဦး

လူထုကို စိတ်ပျက် ဝမ်းနည်းအောင်လုပ်လို့ မရဘူး၊ အဖြစ်အပျက်မှာ မိသားစုဝင်တွေနဲ့ ပြည်သူတွေကို ဝန်ချတောင်းပန်ရမယ်။ နောက်နောင်မှာလည်း ဒီလိုလုံးဝ မဖြစ်ဖို့ တပ်သားတွေ၊ စစ်တပ်အနေနဲ့ လူ့အခွင့်အရေး၊ စစ်တပ်စည်းကမ်းမှာလည်း လူထုကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လုံးဝ လိုက်နာဖို့ လုပ်ဆောင်ရပါမယ်လို့ မြင်ပါတယ်

Show More

Related Articles

Back to top button