,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

  1. Home
  2. ကနီမြို့နယ်

Tag: ကနီမြို့နယ်

သတင်း
စစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိသော ဆန်များကို မီးဘေးသင့်ပြည်သူများကိုပြန်လည်ထောက်ပံ့ 

စစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိသော ဆန်များကို မီးဘေးသင့်ပြည်သူများကိုပြန်လည်ထောက်ပံ့ 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းစစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိခဲ့သော ဆန် ၅၅ အိတ်ကို မီးဘေးသင့်ကျေးရွာ၂ခုမှပြည်သူများထံ ထောက်ပံ့လှူဒါန်းခဲ့သည်ဟု ကျောက်လုံးကြီး KLG PDF ကာကွယ်ရေး တပ်ထံမှသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ၃ရက်နေ့တွင် KLG PDFကာကွယ်ရေးတပ်ဖွဲ့သည် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့ စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့သည့် ဆန်နှင့်စားနပ်ရိက္ခာများကို မီးဘေးသင့် ပြည်သူများထံသို့ ပြန်လည်ထောက်ပံ့ခဲ့သည်ဟု KLG PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “၃ရက်နေ့ကနေ၅ရက်နေ့အထိသူတို့မီးရှို့သွားတဲ့ နတ်ကြီးကျေးရွာက မီးဘေးသင့်ပြည်သူတွေကို ဆန်၄၅တင်း ထောက်ပံ့ခဲ့တယ်

သတင်း
စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထက် ကနီမြို့နယ်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ ရိက္ခာတင်ရေယာဥ်နှစ်စီး သောင်တင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရိက္ခာတင်ယာဥ်ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါရှိသည့် ရေယာဉ်တစ်စီးနှင့် ရိက္ခာတင်တစ်စီးတို့ဖြင့် ကနီမြို့နယ်ကို ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာစဉ် ကနီမြို့၏ ငါးဖျတ်ကျေးရွာအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Deparment Of Information-DRPA မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “မုံရွာကနေ ဖလပ်အမြန်ယာဥ်နှစ်စီးနဲ့ တက်လာတယ်။ တစ်စီးက ရိက္ခာတင်လာတယ်

သတင်း
ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် NUG အစိုးရလမ်းညွန်မှုဖြင့် မီးသတ်သင်တန်း ပထမအကြိမ်ဖွင့်လှစ်ပို့ချပြီးစီးခဲ့ပြီ နောက် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ် ပို့ချပေးရန်စီစဉ် နေကြောင်း ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။ NUG အစိုးရ၏ လမ်းညွန်မှုအောက်  ကြားကာလ၌ ပြည်သူများအနေဖြင့် မီးဘေးအန္တာရယ်ကိုအတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မီးသတ် အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဧပြီလ ကဖွင့်လှစ်ပြီးစီးပြီး အပတ်စဉ် ၂ သင်တန်းအတွက် ဆက်လက်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးနေသည့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေး

သတင်း
ကနီ တွင် တစ်လအတွင်း လူနေအိမ်တစ်ထောင် ကျော်မီးရှို့ခံရပြီး ပြည်သူ ၇ဦး သတ်ဖြတ်ခံရ

ကနီ တွင် တစ်လအတွင်း လူနေအိမ်တစ်ထောင် ကျော်မီးရှို့ခံရပြီး ပြည်သူ ၇ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်လအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး အရပ်သားပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ကနီ တွင် မေလ ၁၀ ရက်နေ့ မှ ဇွန်လ ၅ရက်နေ့အထိ ရက်ပေါင်း ၂၇ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းများသည် ရွာပေါင်း ၁၅ ရွာမှ လူနေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခဲ့ကြောင်း ကနီဒေသခံတစ်ဦးက KNG