,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

ကနီမြို့နယ် ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ ရိက္ခာတင် ရေယာဉ် ၂ စီးပစ်ခတ်ခံရသည့် မြင်ကွင်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထက် ကနီမြို့နယ်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ ရိက္ခာတင်ရေယာဥ်နှစ်စီး သောင်တင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရိက္ခာတင်ယာဥ်ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါရှိသည့် ရေယာဉ်တစ်စီးနှင့် ရိက္ခာတင်တစ်စီးတို့ဖြင့် ကနီမြို့နယ်ကို ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာစဉ် ကနီမြို့၏ ငါးဖျတ်ကျေးရွာအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Deparment Of Information-DRPA မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မုံရွာကနေ ဖလပ်အမြန်ယာဥ်နှစ်စီးနဲ့ တက်လာတယ်။ တစ်စီးက ရိက္ခာတင်လာတယ် နောက်တစ်စီးက အင်အား ၇၀ လောက်ပါတယ်။  ကနီမြို့နယ် ငါးဖျတ်ရွာအ‌ရာက်နားမှာ အဲ့ ရေယာဥ်နှစ်စီးထဲက ရိက္ခာတင်တဲ့တစ်စီးက သောင်တင်နေတယ်။  အဲ့တာနဲ့ ကျနော်တို့က သတင်းကြိုရထားတော့ လက်နက်ကြီးတွေ မောင်းပြန်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မူတွေလည်းရှိခဲ့တယ်။  သူတို့ဘက်က ၂ ယောက်ကျသွားပါတယ်။ ပြီးရင် သူတို့ရဲ့ရေယာဥ်ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်ဟုဆိုသည်။

ထိုနေရာတွင် ၂ နာရီခန့်အကြာ ပစ်ခတ်မှုရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရေယာဉ်နှင့်အတူ သယ်ဆောင်လာသည့် ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံ ၁ ပုံ၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီများ သိမ်းပိုက်ရရှိခဲ့ကာ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီ အင်အား ၇၀ ခန့်ပါရှိလာသည့် ရေယာဉ်သည်လည်း ငါးဖျတ်ကျေးရွာအကျော်တွင် ယနေ့နံနက်ပိုင်းအထိ သောင်တင်နေသဖြင့် အနီးတဝိုက်ရှိသော ကျေးရွာလူနေအိမ်များတွင် ဝင်ရောက်စီးနင်းလာမည်ကို ဒေသခံပြည်သူများတစ်ချို့က စိုးရိမ်နေကြကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

Read Previous

KNC ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ​ဒေါက်တာ M Kawn La လွတ်မြောက်လာ

Read Next

ဖားကန့် ထွေအုပ်ရုံး ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိ