စစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိသော ဆန်များကို မီးဘေးသင့်ပြည်သူများကိုပြန်လည်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းစစ်ကောင်စီစက်လှေပေါ်မှ သိမ်းဆည်ရမိခဲ့သော ဆန် ၅၅ အိတ်ကို မီးဘေးသင့်ကျေးရွာ၂ခုမှပြည်သူများထံ ထောက်ပံ့လှူဒါန်းခဲ့သည်ဟု ကျောက်လုံးကြီး KLG PDF ကာကွယ်ရေး တပ်ထံမှသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၃ရက်နေ့တွင် KLG PDFကာကွယ်ရေးတပ်ဖွဲ့သည် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့ စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့သည့် ဆန်နှင့်စားနပ်ရိက္ခာများကို မီးဘေးသင့် ပြည်သူများထံသို့ ပြန်လည်ထောက်ပံ့ခဲ့သည်ဟု KLG PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“၃ရက်နေ့ကနေ၅ရက်နေ့အထိသူတို့မီးရှို့သွားတဲ့ နတ်ကြီးကျေးရွာက မီးဘေးသင့်ပြည်သူတွေကို ဆန်၄၅တင်း ထောက်ပံ့ခဲ့တယ် အလယ်ကျွန်းပျူရွာရဲ့ရန်ကို ကြောက်လို့ တိမ်းရှောင်နေရတဲ့ အိမ်ထောင်စု၄၅စု ကိုလည်းဆန်၁၅တင်းပြန်လည်ထောက်ပံ့ခဲ့ပါတယ်”ဟုပြောသည်။
အဆိုပါ စစ်ကောင်စီထောက်ပို့စက်လှေသည် ဇန်နဝါရီလ၃ရက်နေ့ညနေပိုင်းတွင် ချင်းတွင်းမြစ်တစ်လျှောက် ဆန်တက်လာရာမှ ပန်းဆိုင်းကျေးရွာအရောက်တွင် KLG PDFနှင့်မဟာမိတ်တပ်ဖွဲ့ DRPA တို့ပူးပေါင်း တိုက်ခိုက်သဖြင့် သိမ်းဆည်းရမိခဲ့သည့် စက်လှေဖြစ်သည်ဟု သူကဆက်ပြောသည်။
နတ်ကြီးကျေးရွာသည် စစ်ကောင်စီရဲ့မီးရှို့မူကြောင့် အိမ်ခြေ ၅၀၀ကျော်ထဲမှ နေအိမ် ၈၄ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့ရပြီး နတ်ကြီးကျေးရွာရှိ မီးဘေးသင့်ပြည်သူ နှင့် စစ်ဘေးရှောင်ပြည်သူများသည်လည်း အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု KLG PDF မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တစ်ဝှမ်းတွင် စစ်ကောင်စီက အိမ်ခြေ ၄၈၀၀၀ကျော်မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်တိုင်းသည် အိမ်ခြေ၃၆၀၀၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသဖြစ်ပြီး အဲ့ဒီပမာဏဟာ မြန်မာပြည်တစ်ဝှမ်းတွင်အများဆုံးဖြစ်သည်ဟု ၂၀၂၂ခုနှစ်ဒီဇင်ဘာ ၃၁ရက်နေ့က Data For Myanmar ၏ထုတ်ပြန်ချက်များကဖော်ပြသည်