စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် နိုင်ဝင်ဘာလ ၆ ရက်နေ့ ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် ဒေသခံ ၄ ဦးအား ငွေကျပ် သိန်း ၂၀ ပေးလျှင် ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် မိသားစုဝင်များက ငွေကျပ်သိန်း ၂၀ ပေးခဲ့ရသော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင် ဒေသခံတစ်ဦးကိုပါ ထပ်မံဖမ်းဆီးထားကြောင်း
စစ်ကိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့နယ်အစပ်တွင် KIA နှင့် PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက် ထိခိုက်မှုများပြီး ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ ဇူလိုင် ၂၆ရက်နေ့ ထီးချိုင့်မှအင်းတော်နယ်သို့ စစ်အင်အား ၇၀ကျော်ခန့်အပါ ခြေလျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နှင့် ထီးချိုင့်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ဒေသကာကွယ်ရေးအဖွဲ့များက ထီးချိုင့်နှင့်အင်းတော် နယ်စပ်ကြား
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုထဲတွင် ၁၅ နှစ်အောက်ကလေးငယ် လေးဦးအထိ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဝန်းသို့မြို့နယ် နမ်းခမ်း ကျေးရွာဘက်မှ အင်းတော် ကျောင်းကုန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် အင်းတော်မြို့နှင့် ကျောင်းကုန်းကြား တောလမ်းတွင်
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မှ သိရသည်။ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍ ၆
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသော လူအုပ်စုကို Tiger Army အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတ် ၁၀ ရက်နေ့ ညပိုင်း မော်လူးမြို့ရှိ နေအိမ်တစ်အိမ်တွင် Tiger Army အဖွဲ့သားများက သွားရောက်ဝိုင်းဝန်း၍ ဖမ်းဆီးခဲ့ရာ ရောင်းဝယ်သူများနှင့်အတူ မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း Tiger Army အဖွဲ့တာဝန်ရှိသူက KNG သတင်းဌာနသို့ပြောသည်။ "ကျနော်တို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကိုဝိုင်းပြီးဖမ်းတာပါ ပြေးတဲ့လူလည်းပြေးသွားကြတယ်။ ကျနော်တို့ဖမ်းမိတာက တရားခံခုနှစ်ယောက်ရယ်။ သူတို့နဲ့အတူ နံပတ်ဖိုးရယ်
ကသာခရိုင် အင်းတော်မြို့နယ် ထီးချိုင့်-မော်လူး-ကသာ မြို့နယ်များတွင် လျှပ်စစ်မီး ဖြတ်တောက်ထားသည့် နဘား လျှပ်စစ်ရုံးခွဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။ အဆိုပါ မြို့နယ်များတွင် နဘား လျှပ်စစ်ရုံးခွဲမှ လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ၄ ရက်ခန့်ရှိလာသဖြင့် ဆက်လက် ပြုလုပ်နေပါက အရေးယူသွားမည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာန သို့ ပြောသည်။ "ဖြုတ်ထားတယ် တစ်နေ့ကိုလာရင် ၅ မိနစ်လောက် မကြာဘူး။ လာပြီး