,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ ၅ ဦးကို ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးယူခိုင်းသော်လည်း ပြန်မလွတ်ပေး

မြစ်ကြီးနားတွင် ဆန္ဒပြထုတ်ဖော်စဉ် မြင်တွေ့ရသည့် စစ်ကောင်စီတပ်သားများ

ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် နိုင်ဝင်ဘာလ ၆ ရက်နေ့ ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၄ ဦးအား ငွေကျပ် သိန်း ၂၀ ပေးလျှင် ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် မိသားစုဝင်များက ငွေကျပ်သိန်း ၂၀ ပေးခဲ့ရသော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင် ဒေသခံတစ်ဦးကိုပါ ထပ်မံဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

ဖမ်းသွားတဲ့သူတွေကို ပြန်လွတ်ပေးဖို့ ငွေ သိန်း ၂၀ တောင်းတယ်။ အဲ့ကြောင့် သူတို့ရဲ့ မိသားစုတွေက ပေါင်းပြီး သိန်း ၂၀ ပေးလိုက်ရတယ်။ ဒါပေမယ့်အခုချိန်အထိ ပြန်မလွတ်ပေးသေးဘူး။ ပြီးရင် အဲ့ဖမ်းဆီးခံရတဲ့သူတွေကို သွားတွေ့တဲ့ တစ်ယောက်ကိုပါ ပြန်ဖမ်းထားတယ်ဟုပြောသည်။

 နိုဝင်ဘာလ ၆ ရက်နေ့တွင် ဗန်းမောက်မြို့ဘက်မှ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကြောင်းသည် စက်တောကျေးရွာဘက်သို့ ခြေလျင်ဖြင့် ဝင်ရောက်လာခဲ့ပြီးနောက် လမ်းမကြီးပေါ်တွင် သွားလာသည့် ဒေသခံပြည်သူများကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူ ၅ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို သက်ဆိုင်ရာ မိသားစုဝင်များက အသေးစိတ်မသိရသေးကြောင်း သိရသည်။

လတ်တလော ဗန်းမောက်မြို့နယ်အတွင်းရှိ နေရာတစ်ချို့တွင် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟုလည်းသိရသည်။

ဗန်းမောက်နယ်တွင် ပြီးခဲ့သောအောက်တိုဘာလ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည့် ဒေသတစ်ခုအပါဝင်ဖြစ်သည်။

Read Previous

ဖားကန့်တစ်မြို့နယ်နေရာအနှံ့တွင် စစ်ကောင်စီက တစ်ပြိုင်နက်တည်း လက်နက် ရမ်းသမ်းပစ်ခတ်

Read Next

ဗန်းမော်တွင် လိုင်စင်မဲ့ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို တစ်စီးလျင် ၂ သိန်းကျပ်ဖြင့်ရွေးယူခိုင်းနေ