မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ယနေ့ နံနက်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။ “ဒီမနက်ကနေ့ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ၅ခါထက်မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်အနောက်ဘက်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ  တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ယခုကဲ့သို့ စစ်အာဏာသိမ်းစစ်တပ်မှ မိုးမောက်မြို့နယ်အတွင်းရှိ…