,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ပြင်းထန် တိုက်ပွဲ ငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်

တိုက်ပွဲကြောင့် ပျက်စီးသွားသော နေအိမ်တစ်ခု

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် အလော့ဘွမ်တောင်ခြေ တိုက်ပွဲများကြောင့် မိုးမောက်မြို့ပေါ်သို့ ၄ လကြာ ထွက်ပြေးခဲ့ရသော ကျေးရွာ ၅ခုမှ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ပြီဟု သိရသည်။

ပြီးခဲ့သော ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟက်နှင့် နွမ်းလန့် စသော ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်နှင့် မိုးမောက်မြို့သို့  ထွက်ပြေးခဲ့ရသော စစ်ရှောင်များဖြစ်သည်။

“ကျနော်တို့မပြန်ဘဲ ဆက်နေမယ်ဆိုရင် ကျနော်တို့ စားသောက်မှုတွေ အရမ်းအခက်အခဲဖြစ်လာတယ်။ ကျနော်တို့အနေနဲ့ ပြန်လည်း လုပ်ကိုင်စားသောက်ချင်လာတယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့နဂိုကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေသာ လုပ်ကိုင်စားတတ်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကြောင့်လဲ လူစုလူဝေးများတဲ့ နေရာမှာ ဆက်မနေချင်ကြတော့ဘူး။ ပြီးရင်တိုက်ပွဲတွေလည်း ပြန်ငြိမ်လာပြီဆိုတော့ တစ်ချို့က လက်မခံချင်ကြတော့ဘူး။ ကျနော်တို့က တစ်ခြားစစ်ရှောင်စခန်းဆိုပြီး ဆောက်ထားတဲ့နေရာမှာ နေရတာမဟုတ်ဘူးလေ။ အဲ့လိုနေရာအခက်အခဲတွေလည်း ရှိလာတယ်။ လုံးဝပြန်ရမယ့် သဘောရှိသွားလို့ပါ” နေရပ်ပြန် စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

ကိုဗစ်ကာလ လူထူထပ်သောစစ်ရှောင်စခန်းတွင်နေထိုင်ရန် အဆင်မပြေမှုနှင့် အသက်မွေးဝမ်းကြောင်းအတွက် စဉ်းစားပြီး ဇူလိုင်လဆန်းပိုင်းမှ ဩဂုတ်လကုန်အထိ နေရပ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ နေရပ်ပြန်လည်လာသည့် ကျေးရွာ ၅ခုမှာ မြို့သစ်၊ ကုန်းလော၊ မင်းကျောင်း၊ စီဟက်နှင့် နွမ်းလန့်ကျေးရွာတို့ဖြစ်ကြပြီး အိမ်ထောင်စုအားဖြင့် ၁၇၅၀ ခန့် ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၅ ခုအနက် နွမ်းလန့်စစ်ရှောင်များမှာ ပြီးခဲ့သော ဇူလိုင်လ ၆ ရက်နေ့မှစတင်ပြီး အိမ်ထောင်စု ၅၀ ခန့် ပထမဆုံး နေရပ်ပြန်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်မူ အိမ်ထောင်စု ၁၀၀ ခန့် နေရပ်ပြန်ရောက်နေပြီဟု သိရသည်။

မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC စစ်ရှောင်စခန်းတွင်မူ စစ်ရှောင်အားလုံး နေရပ်ပြန်ခြင်းမဟုတ်ဘဲ အသက်ကြီးရွယ်အိုများမှာ စခန်းတွင် ကျန်ရှိနေသေးကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ကျနော့်တာဝန်ယူနေတဲ့ စခန်းမှာက အပြီးအပိုင်နေရပ်ပြန်တာမရှိပါဘူး။ ကိုဗစ်ကာလမှာ အပြင်မထွက်ရတော့ စားဝတ်နေရေး အလွန်ခက်ခဲလို့ ခဏခွင့်တောင်းပြီး ပြန်သွားတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်အရမ်းဆိုးလာလို့ စခန်းကို Lock Down ချထားတာလည်းကြာပြီ။ အဲ့လိုဆို တဖက်ကိုပြည်ကြည့်တော့ စားဝတ်နေရေးအလွန်ခက်ခဲလာတယ်။ ပြီးရင် စစ်ရှောင်တွေလည်း အရင်တုန်းကလို အပြင်ထွက်အလုပ်လည်းမလုပ်ရတော့ဘူးဆိုတော့ ပိုခက်ခဲသွားတာပေါ့။ နောက်ပြီး အရင်တုန်းက ပုံမှန်ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်းခဏပြတ်နေတာ”ဟု မိုးမောက် KBC စစ်ရှောင်စန်းတာဝန်ခံက ပြောဆိုသည်။

မြို့သစ်၊ ကုန်းလော၊ ဆီဟက်၊ နွမ်းလန့် ပြည်သူများမှာ စစ်ရှောင်ကာလ ၄ လအတွင်း မိုးမောက်မြို့ပေါ် ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၊ တိမ်တော်ကြီးဘုရားကျောင်းဝင်း၊ တံခွန်တိုင်ဘုန်းတော်ကြီနှင့် မန်နောင်ကျေးရွာ စသော နေရာများတွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။

ယခုလို စစ်ရှောင်များ နေရပ်ပြန်လာပြီဖြစ်သော်လည်း စစ်ကောင်စီက ၎င်းတို့ လက်လွတ်လိုက်သော အလော့ဘွမ် ဗျူဟာကုန်းကို ပြန်လည်ရရှိရန် ထိုနေရာဘက်သို့ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

Read Previous

KIO မိုင်ဂျာယန်မြို့တွင် Covid-19 ပိုးကင်းစင်လာ

Read Next

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်သေးကြောင်း MNDAA ပြော

Leave a Reply

Your email address will not be published. Required fields are marked *