ကောလင်း

  • May- 2025 -
    15 May
    သတင်း

    ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက် မှာ တံတားဦးကတက်လာတဲ့…

    Read More »
  • Apr- 2025 -
    11 April
    သတင်း

    ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ဧပြီလ ၁၀ ရက်နေ့…

    Read More »
  • Jan- 2025 -
    3 January
    သတင်း

    ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက…

    Read More »
  • Oct- 2024 -
    21 October
    သတင်း

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 1 October
    သတင်း

    သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ “ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း ၂ ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးထဲမှာ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။ “ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • Apr- 2024 -
    22 April
    သတင်း

    ကောလင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ မနေ့က ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကောလင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ တိုက်ပွဲကတော့ ကောလင်းမြို့နယ် အရှေ့ခြမ်း တဇူးရွာတစ်ဝှိုက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာ ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း…

    Read More »
  • 1 April
    သတင်းphoto- ရှေ့တန်းတစ်နေရာက ဗန်းမောက် PDF တပ်ဖွဲ့ဝင်များ

    ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့နယ် အနောက်ခြမ်းက ကျောက်ကာ၊မင်းကုန်း နဲ့ ဖန်းခါးကုန် ရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးတော့ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ…

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က…

    Read More »
  • 6 March
    သတင်း

    ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

    Read More »
Back to top button