ကောလင်း
-
Feb- 2024 -26 Februaryသတင်း
ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က မြို့သိမ်း တိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကိုတိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ် တယ်လို့…
Read More » -
26 Februaryသတင်း
ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ အင်းတော်နယ်ထဲမှာတင် နန့်တဲ၊ ဘူးတလက်နဲ့ ကျောင်းကုန်းနေရာတွေမှာ အထက်ကိုတက်လို့မရအောင် ပိတ်ဆို့ထးတာကြောင့် ကားအကြီးအသေးအရီသည်းကား အစီး ၅၀၀ လောက် ပိတ်ဆို့နေပြီး ရွှေဘိုဘက်ခြမ်းမှာလည်း ရာကျော်ပိတ်ဆို့မှုရှိနိုင်တယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ခရီးသည်ကားတွေဟာအထက်ကို ဆက်တက်လို့မရဘဲ အင်းတော်နယ် မဲဇာတောင်ခြေအနီးတဝိုက်မှာ ပိတ်ဆို့မှု အများဆုံးဖြစ်နေတယ်လို့ လက်ရှိပိတ်ဆို့ခံထားရတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပြလာပါတယ်။ “မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေက ကျောက်တန်းမှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားတာကြားလို့ အင်းတော်နယ်ဖက်မှာ ပိတ်ထားတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရှေ့ဆက်တိုးလို့မရဘူး ။ ဒီကအဖွဲ့အစည်းတွေလည်း မမောင်းခိုင်းဘူး။ အသံတွေက ကြားနေရသေးတယ်”လို့ပြောပြပါတယ်။ ပိတ်ဆို့ထားတာ ၄ ရက်လောက်ကြာမြင့်လာချိန် အင်းတော်ဘက်က ခရီးသည်ကားအသေးတစ်ချို့ ဒီကနေ့စပြီးရှောင်ကွင်းလမ်းဘက်ကနေသွားလာနေကြပြီလို့ သိရပေမယ့် ကုန်တင်ကားအကြီးတွေနဲ့ ခရီးသည်ယာဉ်အကြီးတွေကတော့ သွားလာလို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေတက်လာပြီး ရွှေဘိုမြို့နယ်ခြမ်းမှာပိတ်ဆို့နေတဲ့ ကားသမားတွေရဲ့အခြေနေကိုလည်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကို မကြာခဏပိတ်ဆို့ခံထားရတာရှိသလို မန္တလေး– မြစ်ကြီးနား လမ်းမ နန့်စီးအောင်ဂိတ်မှာလည်း စစ်ရေးအခြေနေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တစ်ပတ်ခန့်ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
21 Februaryသတင်း
စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဆီ ပြန်လက်လွှတ်ခဲ့ရပြီး အဲ့ဒီနေ့ကစပြီး နေ့တိုင်းလိုလို မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ပြောပါတယ်။ “သူတို့မြို့ထဲကို စဝင်ပြီဆိုကတည်းကစရှို့နေတာပါပဲ မြို့လယ်ခေါင်ကအိမ်တွေကို ဖျက်တာတွေလည်းဖျက်ရှို့တာတွေလည်းရှို့ပေါ့ နေ့တိုင်းကိုရှို့တာ မီးခိုးတွေမြင်နေရတာ မြို့ထဲကိုတော့လုံးဝ ကပ်မရလို့ အခြေနေအသေးစိတ်တော့မသိပါဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာ ကျန်နေတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဆီ ကားတွေနဲ့သယ်ယူတာတွေပါလုပ်နေတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ကောလင်းမြို့နယ်က ဒေသခံတွေဟာလည်း ကောလင်းမြို့နယ်ထဲက ဘေးလွှတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေကလည်း မြို့ထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ပြောပါတယ်။ “စစ်တပ်က မြို့ကိုဖျက်ဆီးမီးရှို့နေတော့ အရပ်သားတွေကမဝင်ပါဘူး သူတို့ကပြီးရင် လိုချင်တဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ ဝန်းသိုဘက်ကို ခိုးထုတ်နေတာ ပြည်သူကတော့ သူတို့ခေါ်ခေါ် မခေါ် ခေါ် ဝင်မယ်မထင်ဘူး ဝင်တာလည်းမတွေ့သေးဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ကောလင်းစစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရင်း တိုက်ပွဲကျန် လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေကြောင့် သေဆုံးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကောလင်းမြို့ပေါ်ကနေ စစ်ဘေးရှောင်ဖို့ထွက်လာတဲ့ သားအမိနှစ်ယောက်မိုင်းထိပြီး အမေဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ချစ်ရီ နေရာမှာတင် ပွဲချင်း ပြီးသေဆုံးခဲ့ရတယ်လို့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ By – အမိုး
Read More » -
12 Februaryသတင်း
ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ
စစ်ကိုင်း နဲ့ ကချင်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ကောလင်းမြို့ထဲကို စစ်ကောင်စီတပ်ဘက်ကလည်း ဝင်ရောက်ထားနိုင်သလို တစ်ဖက်မှာကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်းခုခံပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့…
Read More » -
9 Februaryသတင်း
ကောလင်းတိုက်ပွဲမှာ စစ်တပ်ပြန်လည်ဆုတ်ခွာ ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်ကလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Kawlin Info က သတင်းထုတ်ပြန်ထားပါတယ်။
Read More » -
7 Februaryသတင်း
NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်ဘက်က…
Read More » -
5 Februaryသတင်း
ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ
“ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။
Read More » -
Jan- 2024 -17 Januaryသတင်း
ကောလင်းမြို့နယ်ထဲက လူစီကားတဲ့နေရာတွေကို စစ်တပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ ကောလင်းမြို့နယ်နဲ့ ၆ မိုင်လောက်အကွာက ဝန်းသို့မြို့နယ် ခမရ ၁၂၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လူစီကားတဲ့နေရာတွေကိုအဓိကရည်ရွယ်ပြီးပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ပစ်ခတ်မှုကတော့ နေ့စဥ်လိုနီးပါးကိုပစ်တယ် အချိန်ကလည်း သူတို့မထင်ရင်မထင်သလိုပစ်ခတ်ပါတယ် ပြည်သူအထိအခိုက်ကတော့ ဒီရက်ပိုင်းမှာမရှိသလောက်ပါပဲ ပြည်သူနေအိမ်တွေတော့ပျက်ဆီးတာတော့ ရှိပါတယ် သူတို့ပစ်တဲ့နေရာတွေကို လူစီကားတဲ့နေရာတွေကို ပဲဦးစားပေးပစ်တယ်လို့ယူဆလို့ရပါတယ် ဘာလို့ဆိုတော့ လက်နက်ကြီးပစ်တဲ့နေရာတွေက လူစီတဲ့နေရာတွေက မလှမ်းမကမ်းဖြစ်နေတယ်” လို့ပြောပါတယ်။ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့အထိကို အရပ်သား ၁၀ ယောက်ကျော်သေဆုံးခဲ့ရပြီးဖြစ်သလို နေအိမ် ၅ လုံးထက် မနည်း မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ရဲ့အခုလို လက်နက်ကြီးပစ်ခတ်မှုတွေကို အတတ်နိုင်ဆုံးအကာအကွယ် ဖြစ်စေမဲ့နည်းလမ်းတွေကိုလည်းလုပ်ဆောင်လျှက်ရှိတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ “လက်နက်ကြီးရန်ကြောင့် အသိပညာပေး လက်ကမ်းစာစောင်တွေ၊ ဗုံးခိုကျင်းတွေလည်း ဆောင်ရွက်နေပါ ပြီ နောက်ပြီးတော့ လေကြောင်းအန္တရာယ်အတွက်လည်း အချက်ပေးစနစ်တွေ အတတ်နိုင်ဆုံး လက်ရှိမြေ ပြင်မှာရှိနေတဲ့အရာတွေနဲ့ အမြန်ဆုံးဆောင်ရွက်နေပါတယ် လူစီကားတဲ့နေရာတွေမှာ လက်နက်ကြီး ပစ်တာ နဲ့ ချက်ချင်းသိနိုင်အောင်လုပ်ဆောင်တာရှိပါတယ်”လို့ပြောပါတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၁ စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေး ပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကပဲ ဝန်းသိုမြို့နယ် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့လို့ ကောလင်းမြို့နယ်ထဲက အရပ်သား ၆ ယောက်သေဆုံးခဲ့သလို ၈ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ By – အမိုး
Read More » -
2 Januaryသတင်း
ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဝန်းသိုမြို့နယ်က ခမရ ၁၂၀ တပ်ရင်းကနေ ကောလင်းမြို့ပေါ် နဲ့ ကောလင်းမြို့မဈေးထဲကို ဟောင်ဝစ်ဇာ လက်နက်ကြီးအမျိုးအစားနဲ့ မနက် ၉ နာရီဝန်းကျင်ကနေ ၉ နာရီခွဲလောက်အထိ ၆ လုံးတိတိ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ဒီကနေ့မနက်တော့လက်နက်ကြီးနဲ့၆ကြိမ်ပစ်တယ် ပစ်တဲ့အချိန် မှာ မြို့ထဲကိုကျတယ် တစ်လုံးကတော့ မြို့မဈေးထဲကျတယ် အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် နဲ့ သားငါးသည်တွေ ကြားထဲကိုကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့မြို့မဈေးထဲကိုကျတာဖြစ်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၇ ယောက်လောက် ဒဏ်ရာရခဲ့ပြီးတော့ ထိခိုက်သေဆုံးသူတွေရဲ့အသေးစိတ်အခြေနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကိုတော့စစ်ကောင်စီတပ်ဘက်က ပြန်လည် တိုက်ခိုက်ဖို့ဝန်းသိုမြို့နယ်ဘက်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ “ ဝန်းသိုမြို့ထဲက စကစတပ်တွေဖြစ်တဲ့ စကစတပ်တွေဖြစ်တဲ့ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများ ဆုံး ၇ မိုင်လောက်ဝေးပါတယ် သူတို့ဘက်ကတော့ ကောလင်းမြို့ကိုပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့အနေ အထား ရှိပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုပြုနေထိုင်ကြဖို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း ဝန်းသို့မြို့နယ်ဘက်ကနေ ကောလင်းမြို့နယ် ထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကလေးငယ်နှစ်ယောက်အပါအဝင် အရပ်သား ၄ ယောက်အထိသေဆုံးခဲ့ပါသေးတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ By – အမိုး
Read More » -
Dec- 2023 -25 Decemberသတင်း
ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား
စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…
Read More »