ကွတ်ခိုင်မြို့
-
Nov- 2024 -18 Novemberသတင်း
ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှု နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေဆုံးမှု ဆက်ရှိနိုင်သေး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ် လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၁၇ ရက် ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပြီး ဒီဖြစ်စဥ်မှာ နှစ်လသားအရွယ်ကလေးတစ်ဦး၊ အမေဖြစ်သူ နဲ့ အဖွားအိုတစ်ဦး သေဆုံးခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူက ၁၀ ဦးထက်မနည်းရှိပြီး သေဆုံးမှုဆက်ရှိနိုင်သေးတယ်လို့ ဒေသခံတစ်ဦး က အခုလိုပြောပါတယ်။ “ဖျက်အားပြင်းတဲ့ဗုံးပါ ပေါင် ၅၀၀ ဗုံးတစ်လုံးပဲချသွားတာ၊အရပ်သားက မနေ့ညအထိတော့ ၃ ယောက် သေဆုံးတယ်။ ဒီထက်တောင်မကလောက်ဘူး၊ နောက်ထပ် သေဆုံးနိုင်သေးတယ်။ ၁၀ ယောက်ဒဏ်ရာရ တဲ့ထဲ ၇ ယောက်ကအခြေနေမကောင်းဘူးပြောတယ်။ တစ်ချို့ဆို လူကအစအနပါပျောက်သွားတယ်တဲ့”လို့ပြောပါတယ်။ တစ်ဖက်မှာ လူနေအိမ် ၅ လုံး လုံးဝပြိုကျပျက်ဆီးသွားသလို တရုတ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း နဲ့ ရေထွက်ဦးပန်ခြံဈေးက ဆိုင်ခန်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တဲ့ ရေထွက်ဦးပန်းခြံဈေးက ဈေးသည် တွေကတော့ ဝမ်းရေးအတွက်ဈေးထွက်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ညက ဗုံးချတယ်ဒီမနက်ကဈေးထွက်ကြပြီ၊ ဒေသခံတွေက အသက်ကိုပေးပြီး ဝမ်းစာအတွက် ရှာဖွေ နေရတယ်။ ဗုံးကြဲခံရလို့ တုန်လှုပ်မှုရှိပေမဲ့ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရတယ်လေ။”လို့ပြောပါတယ်။ တအာင်းတပ်မတော် TNLA ကလည်း ကွတ်ခိုင်မြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၃ ဦးသေဆုံး ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်းနှင့် ဒေသခံများအနေဖြင့် စစ်ရေးသတိရှိကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် လေကြောင်းကာကွယ်မှုနပတ်သက်တဲ့ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိတော့ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီလက်ထဲကနေ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၅၉၄၄ ဦးအထိရှိလာပြီလို့ AAPP က နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၄ ခု၊ ဆေးရုံဆေးခန်း ၅၇ ခုနဲ့ စာသင်ကျောင်း ၂၀၇ ကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
1 Novemberသတင်း
ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။ “လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။ ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။ “သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့ ၃ ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
May- 2023 -12 Mayသတင်း
နေရပ်ပြန် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အကူညီလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အခက်အခဲရှိနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့ မိမိတို့နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း လက်ရှိချိန်တွင် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန် စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “အခုချိန်ထိတော့ မိုးကာတဲနဲ့ပဲ နေနေကြတာပေါ့။ မိုးရွာတဲ့အချိန်ဆို အရမ်းဒုက္ခရောက်တယ်၊ ဟိုတစ်နေ့ညက…
Read More » -
Sep- 2022 -6 Septemberတိုက်ပွဲ
ကွတ်ခိုင်မြို့အဝင် တိုက်ပွဲတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိ
ရှမ်းမြောက် ကွတ်ခိုင်မြို့အဝင် ယနေ့ည ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီး မော်ဟိတ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ ယနေ့ည ၇…
Read More » -
Jun- 2022 -17 Juneလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကွက်ခိုင်မြို့အနီး ဇွပ်အောင်စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ကွတ်ခိုင်ဗျူဟာကုန်း မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ရှောင်အမျိုးသမီး ၃ ဦး သေဆုံးကာ အဘိုးအို ၁ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း…
Read More » -
May- 2022 -17 Mayသတင်း
စစ်ကောင်စီ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကားအချို့ ပျက်စီး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူနောင်နှင့် ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၆…
Read More »