ဂျက်ဖိုက်တာ
-
Oct- 2023 -2 Octoberတိုက်ပွဲ
KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်
တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်၊ ၉ နာရီမှာတစ်ကြိမ်၊ ၉ နာရီခွဲလောက်မှာ တစ်ကြိမ် ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ KNG ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက် KNG ကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီအောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီဘက်ကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့အပြင် ၂ ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ KIA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ ၂ နေရာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ၄ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။
Read More » -
Aug- 2023 -18 Augustသတင်း
ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ
ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ မနက် ၄ နာရီ မိနစ်…
Read More » -
Jul- 2023 -22 Julyလူ့အခွင့်အရေးချိုးဖောက်မှု
နမ်ဆန်ယန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကျဲတိုက်ခိုက်၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုရှိ
တစ်လဝန်းကျင်ခန့်အကြာ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကျဲသွားကြောင်း သိရသည်။ “၁၁ နာရီလောက်ဖြစ်မယ် ၃ စီးနဲ့လာတိုက်သွားတယ်။ နမ်ဆန်ယန်ရွာထဲမှာကို…
Read More » -
Apr- 2023 -24 Aprilတိုက်ပွဲ
ထီးချိုင့်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ ၄ စီဖြင့် ဗုံးကျဲတိုက်ခိုက်နေ
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှသိရသည်။ ဧပြီလ ၂၂…
Read More » -
Mar- 2023 -25 Marchတိုက်ပွဲ
ရွှေကူတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများရှိသည့်နေရာဘက်တွင် ယနေ့ မွန်းလွှဲ ၃ နာရီခွဲအချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောသည်။ “အခုပဲကျဲနေတာ ဂျက်ဖိုက်တာ ၂စီးနဲ့လာကျဲနေတယ် ။ အခု လေးလုံးရှိသွားပြီ…
Read More » -
Nov- 2022 -21 Novemberတိုက်ပွဲ
ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ
ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၈) နယ်မြေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။ ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိ KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃…
Read More »