သတင်း

ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ မနက် ၄ နာရီ မိနစ် ၃၀ ကနေစပြီး ရွှေကူနယ်နဲ့ဗန်းမော်နယ်အစပ်ရှိ ဗန်းမော်နယ်ထဲက မြလယ်ကျေးရွာ၊ ငှက်ပျောတောရွာနှင့် ကောင်းတုံကျေးရွာထဲနှင့်ရွာအနီးဝန်းကျင်ပတ်လည်တွေကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားခဲ့တယ်လို့ မြလယ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

လေးနာရီခွဲက တစ်ခါကျဲတယ် ကိုးလုံးတိတိ ကျဲတယ် နောက်ပြီးတော့အခုနောက်ကျဲတာက ရည်တောင်မရည်တွက်နိုင်တော့ဘူး။ လေယာဥ်ကသုံးစီးလေး ပထမကျဲတာက ရွာထဲကိုမကျဲဘူး ကောင်းတုံနဲ့ မြလယ် သချိုင်းကူန်းတွေကျဲတာနောက်ထပ်လာကျဲတော့ ရွာထဲဘောလုံးကွင်းတွေကျတယ် အခုအားလုံးကပြေးနေရတော့ ကောင်းကောင်းမသိရဘူးလို့ အမျိုးသားကပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၃ စီးဟာ မနက် ၄ နာရီ ၃၀ ကနေ ၄နာရီ မိနစ် ၅၀ ဝန်းကျင်ခန့်အထိ ၉ ကြိမ်ထက်မနည်း ဗုံးကျဲခဲ့တယ်တာဖြစ်ပြီး ဒေသခံတွေကြိုတိမ်းရှောင်နေရတဲ့အတွက်လူထိခိုက်တာမပေမယ့် အဆောက်အဦး၊ အိမ်မွေးတိရိစ္ဆာရန် တွေနဲ့အခြားထိခိုက်မှုတွေတော့ရှိနိုင်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီဟာတိုက်ပွဲ ဖြစ်ပွားတာမရှိပဲအခုလိုဗုံးကျဲတာနဲ့ပတ်ပြီး ရွှေကူPDF နဲ့နီးစပ်တဲ့တက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။

ဘာလို့ကျဲသလဲဆိုတော့ သူတို့လမ်းကြောင်းရှင်းတာပါ့အေး ဆင်းခန်းမှာကပ်ထားတဲ့စစ်သဘော်တွေက ဒီနေ့ မနက်အစောကြီးထွက်ဖို့ပြင်နေတာစက်တွေဘာတွေနိုးနေပြီ ဆိုတော့ မြလယ်တို့၊ကောင်းတုံတို့ဆိုတာက ဆင်းခန်းနဲ့ ၇မိုင် ၈မိုင်ဝေးတယ် သဘော်မထွက်မီရှေ့ကိုကြိုပြီးလမ်းရှင်းတဲ့သဘောပါပဲလို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ စစ်သဘော်၉ စီးထွက်မယ့်လမ်းကြောင်းကိုကြိုရှင်းတဲ့ပုံစံနဲ့ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကိုဗုံးကျဲခဲ့သလို ဗန်းမော်အမြောက်တပ်နှင့် အခြား စစ်တပ်ကုန်းတွေကနေလည်း မြလယ်၊ကောင်းတုံ၊ဘက်တွေကိုလက်နက်ကြီးတွေနဲ့ မနက် ၈နာရီခွဲ အထိလှမ်းပစ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေတော့ထိခိုက်တာမရှိဘူးလို့ ဗန်းမော် PDF ကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ကျွန်တော်တို့ဘက်ကလည်းလောလောဆယ်အနေအထားမှာ ပြန်ဆုတ်ခဲ့ရတဲ့အနေအထားပါ လောလောဆယ် တော့သူတို့ဗုံးကျဲလို့ ကျွန်တော်တို့ဘက်ရ ထိခိုက်တာတော့မရှိဘူးဗျလို့သူကပြောပါတယ်။

မြလယ်၊ကောင်းတုံ၊ငှက်ပျောတောနဲ့အနီးဝန်းကျင်ရှိကျေးရွာတွေဟာ လွန်ခဲ့တဲ့ ၅ရက်လောက်ကတည်းက တောတောင်တွေထဲထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပေမယ့် ဒီမနက် ဗုံးကျဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှုရှိမရှိကိုတော့ KNG ကစုံစမ်းနေဆဲ ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ ရွှေကူကနေ ဗန်းမော်ကိုဆန်တက်သွားတဲ့စစ်သဘော် ၉စီးဟာ သြဂုတ် ၁၆ ရက်နေ့ညပိုင်း ဒုတိယမြစ်ကျဥ်းမှာ မြို့လှPDF က ၁၀၇မမ တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အထိနာပြီး ဆင်းခန်းမှာဆိုက်ကပ်ခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှစတင်ထွက်ခွာသွားတာဖြစ်ပါတယ်။

အလားတူ မနေ့ကလည်း စစ်သဘော် တွေ ဆင်းခန်း မှာဆိုက်ကပ်ထားစဥ် ဆင်းခန်းနဲ့ ၈မိုင်လောက်ဝေးတဲ့ ဇင်းဘုံကျေးရွာထဲ သဘော်လုံခြုံရေးပေးဖို့တပ်စွဲထားတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် အထိနာပြီး ၉ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာဒီရက်ပိုင်း ရွှေကူနယ်နဲ့ ဗန်းမော်နယ် မြစ်ကြောင်းတစ်လျှောက်မှာအထိနာနေတာကြောင့် စစ်သဘော်တွေဆက်ပြီးဆန်တက်နိုင်ဖို့အခုလို လေကြောင်းသုံးလာတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button