တိုက်ပွဲသတင်း

ရွှေကူတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဘက် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများရှိသည့်နေရာဘက်တွင် ယနေ့ မွန်းလွှဲ ၃ နာရီခွဲအချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောသည်။

အခုပဲကျဲနေတာ ဂျက်ဖိုက်တာ ၂စီးနဲ့လာကျဲနေတယ် ။ အခု လေးလုံးရှိသွားပြီ ကျဲနေတာ ၊ဆက်ကျဲနေတုန်းဘယ်လောက်ထိကျဲမလဲစောင့်ကြည့်ရမှာပဲ ကျွန်မတို့တောင်မံဝိန်းဘက်သွားမလို့ ဗုံးကျဲနေလို့ပြန်ခေါက်လာရတယ်”ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်ကောင်စီတပ်မှ လာရောက်ဗုံးကျဲတိုက်ခိုက်နေသည့် နေရာသည် ရွှေကူမြို့နှင့် ၉ မိုင်ခန့် အကွာတွင်ရှိသော ကျေးရွာနေရာတွင်ဖြစ်ပြီး လက်ရှိအချိန်အထိ အရပ်သားပြည်သူများ ထိခိုက်မှုရှိမရှိ အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သူကဆက်ဆိုသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်ခံရသော ကျေးရွာများရှိသည့်ဘက်တွင် မတ် ၂၃ ရက်နေ့ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး KIA PDF များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည့်နေရာလည်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနေသည့်အတွက် ယခုလို လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

မတ်လ ၂၃ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုသိရပြီး ဒုတပ်ရင်းမှူးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းအရင်းအမြစ်များကပြောသည်။

ရွှေကူမြို့ အရှေ့ဘက်ခြမ်းတွင် မတ်လ ၂၃ ရက်နေ့မှစတင်ကာ စစ်အင်အားအလုံးအရင်း စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်း ထိုးဝင်ရောက်နေသည့်အတွက် ထိုဒေသရှိ ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button