တိုက်ပွဲသတင်း

ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ

ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ () နယ်မြေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိ KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစတင်ကာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကသာပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

လောလောဆယ်တော့ ဘယ်နေရာတွေမှာကျတယ် ဆိုတာနေရာအတိအကျတော့မပြောနိုင်သေးဘူး။ အပေါ်ကနေ ဗုံးကျဲတာ ၄ လုံးတော့ ရှိသွားပြီတဲ့။ ပြီးရင် စက်သေနတ်တွေနဲ့ကောပစ်တယ် လေယာဥ်ပေါ်ကနေ ကောက်ကွေ့ချောင်းရိုးတစ်လျောက်တွေ ကိုပတ်ကျဲနေတာ အဲ့မှာက KIA တပ်မဟာ ၈ နယ်မြေဟုတ်တယ်။ သူတို့ကအဲ့တာကို ဦးတည်ပြီးကျဲတာ အဲ့ဘက်မှာက ရွာကြီးတွေတော့မရှိဘူး။ မထင်မရှားရွာငယ်လေးတွေ လောက်တော့ရှိတယ်” ဟု ကသာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် တံတားဦးလေဆိပ်မှ တက်လာသည့် လေယာဥ်ဖြစ်ပြီး ဗုံးကျဲမှုကြောင့် ခပေါင်းကျေးရွာငယ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်းသိရပြီး အခြား ထိခိုက်မှုများကို စုံစမ်းနေဆဲ ဖြစ်သည်။

မြေပြင်အခြေအနေအလုံးစုံကိုတော့ မသိရသေးဘူးဗျ။ ကလေးတစ်ယောက်တော့ လက်မောင်းမှန်ထားတယ်ပြောတယ်။ အစမှန်ထားတယ် ဒဏ်ရာရသွားတယ် ခပေါင်းရွာကကလေးမတစ်ယောက်ဟုတ်တယ်ဟု ကသာ PDF တာဝန်ရှိသူတစ်ဦးကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့များ လှုပ်ရှားရာ ကချင်စစ်ကိုင်းနယ်စပ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲပုံမှန်ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၂ရက်နေ့ ကလည်း ဘန့်ဘွေးကုန်းရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်းရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့ကြောင့် နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ပြီး အရပ်သား ၄ဦးအထိ သေဆုံးမှုဖြစ်ခဲ့သည်။

Show More

Related Articles

Back to top button