ဂျက်လေယာဉ်

  • Oct- 2024 -
    4 October
    သတင်း

    ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့   COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့  ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “အိမ်မှာကျကွဲပြီးဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့ နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အသက်သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်)ရဲ့ သင်းထောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်ည စစ်ကောင်စီတပ်တွေ လာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ် ဗုံး ၄ လုံးထဲကနေ ၂ လုံးဟာ ရစ်လော်ရပ်ကွက်နဲ့ မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်မှာ ကျကွဲမှုရှိခဲ့ပြီး ကျန် ဗုံး ၂ လုံးက မေခ(လောင်ဗျစ်) ချောင်းတစ်ဖက်ကမ်းမှာ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဂျက်လေယာဉ်နဲ့ တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ  KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူတွေ မြို့ထဲကို မဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။ “သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတလောဆို ညတိုင်းလိုလိုလာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ချီဖွေမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ညမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘော်ဒါဆောင်ဆောင်မှာရှိနေတဲ့ ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးမှုရှိခဲ့သလို တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ချီဖွေမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတာ ၄ ရက်ခန့်ရှိလာပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေဆက်ရှိနေသေးတာကြောင့် ချီဖွေဒေသခံ တစ်ထောင်ကျော် မြို့ပြင်နေရာတွေမှာ ဆက်လက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ မြို့ထဲကို ပြန်ဝင်လာကြပေမယ့် အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်သေဆုံးတာတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ချီဖွေမြို့တစ်ခုလုံးကို သိမ်းပိုက်ထားတဲ့ KIO/KIA အနေနဲ့လည်း အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နိုင်ဖို့ အုပ်ချုပ်စနစ်တွေ လုပ်ဆောင်နေပြီလို့လည်း ဒေသခံတွေပြောပြပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားနဲ့ ၈၈ မိုင်၊ ပန်ဝါနဲ့ မိုင် ၄၀ အကွာမှာရှိပြီး ပြည်သူ့စစ်တပ်တွေက မြေရှားသတ္တုအများဆုံးထုတ်နေတဲ့ နေရာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jun- 2024 -
    3 June
    သတင်း

    ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ ဇွန်လ ၂…

    Read More »
  • May- 2024 -
    20 May
    သတင်း

    တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မေလ ၂၀ ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံး ၃ လုံးကြဲခဲ့တာဖြစ်ပြီး တာလောကြီးကျေးရွာက အရင်ရဲစခန်းဟောင်းနဲ့…

    Read More »
  • Mar- 2024 -
    13 March
    သတင်း

    ဝိုင်းမော်မှာ KIA တပ်ဆုတ်ထားပေမယ့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်တာမရှိတော့ပေမယ့် စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…

    Read More »
  • Feb- 2024 -
    16 February
    သတင်း

    ကချင်- ရှမ်းအစပ်မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲ

    ကချင်–ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလိုင်းဒေသတစ်လျှောက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတစ်ချို့ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးလိုင်းဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မဘိမ်းမြို့နယ် မိုးလိုင်းကျေးရွာအတွင်း…

    Read More »
  • May- 2023 -
    25 May
    သတင်း

    အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ ကျွန်းတောကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့သောကြောင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်ထဲဗုံးသီးကျ၍ အိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ခု ပျက်စီးသွားကြောင်း ဒေသခံများမှ သိရသည်။ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက ရွာသာရွာမှ ဗန်းမောက်ဘက်သို့ ထွက်ခွာစဥ် သက်ကယ်ကျွန်းနှင့် ကျွန်းတောကျေးရွာကြားတွင်…

    Read More »
  • 23 May
    တိုက်ပွဲ

    အင်းတော်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ ရွာသာရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အင်းတော် PDF နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား…

    Read More »
  • Apr- 2023 -
    1 April
    တိုက်ပွဲ

    ထီးချိုင့်တွင် စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာထဲနှင့် ဦးလာဘဘုရားအနီးကို စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦး သေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိမှန် ပျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင်…

    Read More »
  • Jan- 2023 -
    10 January
    သတင်း

    KIA တပ်မဟာ ၂ နှင့် ၉ တို့တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် KIA ဘက် ထိခိုက်သေဆုံးမှုရှိ

    ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ…

    Read More »
Back to top button