သတင်း

ဝိုင်းမော်မှာ KIA တပ်ဆုတ်ထားပေမယ့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ

အောင်မြေ(၂) ဒေသခံတွေ ပိတ်ဆို့ ခံထားရဆဲ

ဝိုင်းမော်မြို့နယ် အောင်မြေ()၊ အောင်မြေ() ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်တာမရှိတော့ပေမယ့် စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီ နဲ့ ၉ နာရီဝန်းကျင်လောက်မှာ အောင်မြေ() ၊ အောင်မြေ() ကျေးရွာ ၂ခုရဲ့ ရွာပတ်ပတ်လည်မှာ ဂျက်လေယာဉ် နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ လာပစ်တာ ဒီမနက်မှာတင် ၂ ကြိမ်ရှိသွားပြီ။ ပြီးရင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်။ အောင်မြေ()၊ အောင်မြေ() ရွာပတ်လည်တဝိုက်မှာပစ်နေတာ။ ရွာအစွန်ဆုံးနေရာတွေမှာက လက်နကြီးကျတယ်။ ရွာပတ်လည်တွေမှာက KIA တပ်တွေရှိတယ်ထင်လို့ လာပစ်ကြတာလို့ပြောပါတယ်။

မတ်လ ၈ နေ့မှာ KIA ပူးပေါင်းတပ်တွေက အောင်မြေ()၊ အောင်မြေ() ကျေးရွာတွေကို ဝင်ရောက်ထိန်းချုပ်လိုက်တာဖြစ်ပြီး ကျေးရွာအတွင်း အရပ်သားပြည်သူတွေ ထိခိုက်တာတွေများလာတဲ့အတွက် မတ်လ ၉ ရက်နေ့မှာ ပြန်လည်တပ်ဆုတ်လိုက်တာဖြစ်ပါတယ်။

ခုလို KIA ဘက်က တပ်ဆုတ်သွားတာဟာ စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ထားတဲ့ပြည်သူတွေအားလုံးကို KIA တပ်ဆုတ်သွားရင် ထွက်ခွင့်ပေးမယ်လို့ဆိုတာကြောင့် တပ်ဆုတ်ပေးပေမယ့် ဗုံးကြဲတိုခိုက်တာက ဆက်လုပ် နေ သေးတာဖြစ်တယ်လို သိရပါတယ်။

စစ်တပ်က ကျေးရွာအနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေရှိနေသေးတယ်လို့ ယူဆပြီးတော့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခ ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာဖြစ်ပါတယ်။

အောင်မြေ() ဒေသခံပြည်သူတွေ ၇၀၀ ကျော်ကို စစ်တပ်က ရွာထဲက ထွက်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေတာ ၅ ရက်မြောက်ကြာမြင့်လာတာဖြစ်ပြီး ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့က စစ်တပ်နဲ့ ညှိနှိုင်းနေပေမယ့် ကယ်ထုတ်ခွင့်မရသေးတာလည်းဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာလည်း ဘာသာရေးခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့က ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ရန်အတွက် စောင့်ဆိုင်းနေကြပြီလို့ သိရပါတယ်။

အောင်မြေ()ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း ပိတ်မိနေတာ ဒီကနေ့အထိဆိုရင် ၅ ရက်မြောက်ကြာမြင့်လာပြီး ရေနဲ့ အစားအသောက်ပြတ်လပ်လာတာကြောင့် အခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။

စစ်တပ်က ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူတွေကို ရွာဘုန်းကြီးကျောင်းထဲမှာ စုပုံပိတ်ဆို့ထားပြီး ရွာအတွင်းအပြင် နေရာတွေမှာ ထွက်လာလို့မရအောင် ဝါးလုံးတန်းထားပြီးတော့ စစ်အင်အား ၃၀ ဝန်းကျင်လောက်နဲ့ လုံးခြုံရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button