စခန်းသိမ်းမှု

  • Feb- 2024 -
    7 February
    သတင်း

    KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား

    KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။  

    Read More »
  • Jan- 2024 -
    24 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

    ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ…

    Read More »
  • Oct- 2023 -
    31 October
    သတင်း

    မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄  တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၈ တပ်ဖွဲ့က နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။ “စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း ၈ တပ်ဖွဲ့တွေ ၂ ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည ၆ နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်”လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။ သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း ၃ ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀–၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။ “အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော်…

    Read More »
  • 31 October
    သတင်း

    ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

    မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ…

    Read More »
Back to top button